ဗဟုသုတ

ကံ ဉာဏ် ဝီရိယနဲ့ ပတ်သက်ပြီး လူငယ်တွေ အသုံးချမှု မလွဲသင့်တဲ့ ပုံပြင်လေးတစ်ပုဒ်

ကံ ဉာဏ် ဝီရိယနဲ့ ပတ်သက်ပြီး လူငယ်တွေ အသုံးချမှု မလွဲသင့်တဲ့ ပုံပြင်လေးတစ်ပုဒ်

ကံ ဉာဏ် ဝီရိယနဲ့ ပတ်သက်ပြီး ပုံပြင်လေးတစ်ပုဒ် ပြောပြချင်တယ်..

ဟိုးရှေးရှေးတုန်းက.. တံငါသည် တစ်ယောက်က ငါးလေး ၃ ကောင်ဖမ်းမိပါတယ်.. ငါးတစ်ကောင်က တွေးပါတယ်.. ဘယ်တတ်နိုင်မလဲ ဖမ်းမိပြီဆိုတော့လည်း “ကံ” ပေါ့ ။ အသတ်ခံရရုံအပြင် အခြားနည်းလမ်းမရှိတော့ဘူးလေ လည်စင်းခံရုံပေါ့လို့ တွေးနေတယ်။”

ဒုတိယ ငါးကတော့ ငါကတော့ အသေတော့ မခံဘူး ငါ့ “ဝီရိယ” အားနဲ့ သေဘေးက လွတ်အောင် ကြိုးစားကြည့်မယ်ဆိုပြီး ခုန်ဆွခုန်ဆွနဲ့ ရုန်းကန်နေတာပေါ့.. အဲ့ဒီမှာ တံငါသည်ကြီးက တော်တော်မငြိမ်တဲ့ “ငါး” သေပေရော့ဆိုပြီး သတ်ပစ်လိုက်တယ်။ ပထမ “ကံ” ပေါ့လို့ တွေးနေတဲ့ ငါးက ဟာ.. ဟိုကောင်တော့ သွားပြီ ငါ့အလှည့် လာတော့မယ်ဆိုပြီး ပေကလက်ပေကလက်နဲ့ မျက်လုံးလေးဖွင့်ဖွင့်ကြည့်တယ်။ တံငါသည်က မြင်တော့ မင်းကရော မသေသေးဘူးလား ကဲကွာဆိုပြီး သတ်ပစ်လိုက်ပြန်တယ်..

အဲ့ဒီမှာ နောက်ဆုံးကျန်တဲ့ တတိယ ငါးက ငါတော့ မဖြစ်ချေဘူး.. ပထမ ငါးနဲ့ ဒုတိယငါးလို လုပ်လို့ မဖြစ်ဘူး သူတို့လိုပဲ အသတ်ခံရလိမ့်မယ်။ ငါ သေချင်ယောင်ဆောင်နေမှ ဆိုပြီး မျက်လုံးလည်းဖွင့်မကြည့် ခုန်လည်းမခုန်ဘဲ ငြိမ်ငြိမ်လေး နေလိုက်တယ်။ တံငါသည်က မင်းတို့သုံးကောင်လုံး သေပီပေါ့ဆိုပြီး အေးဆေးနေလိုက်တယ်။

တံငါသည်မိန်းမက ယောကျ်ားရေ ငါးဘယ်လောက်ရပီလဲ.. ရသလောက် ကမ်းပါးပေါ်တင်ပေးခဲ့အုံးနော်လို့ လှမ်းအော်ပြောတော့တံငါသည်လည်း ငါးသုံးကောင်ကို ကမ်းစပ်ပေါ် ပစ်တင်ထားခဲ့တယ်.. အဲ့ဒီမှာ သေချင်ယောင်ဆောင်နေတဲ့ငါးက မျက်လုံးလေးဖွင့်ကြည့်ပြီး တံငါသည်မိန်းမ မလာခင် ငါ ခုနေ အကောင်းဆုံးကြိုးစားပြီး လှိမ့်ချလိုက်ရင် ရေထဲကို ရောက်မယ်.. သေဘေးကလွတ်နိုင်တယ်.. ကဲ.. အခွင့်အရေးဆိုတာ နောက်တစ်ခါမပေးဘူးဆိုပြီး အကောင်းဆုံး ဝီရိယ ၊ အကောင်းဆုံး ဆုံဖြတ်ချက်နဲ့ ကြိုးစားခဲ့ရာ သေးဘေးက လွတ်မြောက်ခဲ့ပါတယ်။

အထက်ပါ သာဓကလေးကို ကြည့်ခြင်းအားဖြင့် “ကံ” ကြောင့်ပဲဆိုပြီး ထိုင်နေရင် သေးဘေးလွတ်မြောက်ဖို့ မဖြစ်နိုင်ပါ။ အချိန်အခါမကြည့်ဘဲ “ဝီရိယ” ထားခဲ့ရင်လည်း ကြိုးစားမှုက အချည်းအနှီးပါပဲ။ အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီး ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် ရုန်းကန်သင့်တဲ့ အခါမှာ အကောင်းဆုံးဝီရိယ ထားခဲ့ရင်အောင်မြင်မှုဆိုတာ လက်တစ်ကမ်းမှာပါ။

ကံ ဉာဏ် ဝီရိယဆိုတာ လုပ်သင့်လုပ်ထိုက်တဲ့ အချိန်ကို ရွေးချယ်တတ်ဖို့လိုသလို မလိုအပ်ဘဲ အင်အားထုတ်သုံးရင်လည်း အားကုန်ရုံပဲ ရှိနေမှာပါ။ ခေါင်းအေးအေးထားပြီး ဉာဏ်ကိုလွှာသုံးတတ်မယ်၊ လိုအပ်ရင် လိုအပ်သလို ကြိုးစားအားထုတ်မှုကို အသုံးချတတ်မယ်ဆိုရင် ကံ မကောင်းလည်း ဉာဏ် နဲ့ ဝီရိယ အကျိုးကိုတော့ မုချခံစားစံစားရမှာ အသေအချာပါပဲ..

ဇင်းနစ် (မကွေး)

ကံ ဉာဏ္ ဝီရိယနဲ႔ ပတ္သက္ၿပီး လူငယ္ေတြ အသုံးခ်မႈ မလြဲသင့္တဲ့ ပုံျပင္ေလးတစ္ပုဒ္

ကံ ဉာဏ္ ဝီရိယနဲ႔ ပတ္သက္ၿပီး ပုံျပင္ေလးတစ္ပုဒ္ ေျပာျပခ်င္တယ္..

ဟိုးေရွးေရွးတုန္းက.. တံငါသည္ တစ္ေယာက္က ငါးေလး ၃ ေကာင္ဖမ္းမိပါတယ္.. ငါးတစ္ေကာင္က ေတြးပါတယ္.. ဘယ္တတ္နိုင္မလဲ ဖမ္းမိၿပီဆိုေတာ့လည္း “ကံ” ေပါ့ ။ အသတ္ခံရ႐ုံအျပင္ အျခားနည္းလမ္းမရွိေတာ့ဘူးေလ လည္စင္းခံ႐ုံေပါ့လို႔ ေတြးေနတယ္။”

ဒုတိယ ငါးကေတာ့ ငါကေတာ့ အေသေတာ့ မခံဘူး ငါ့ “ဝီရိယ” အားနဲ႔ ေသေဘးက လြတ္ေအာင္ ႀကိဳးစားၾကည့္မယ္ဆိုၿပီး ခုန္ဆြခုန္ဆြနဲ႔ ႐ုန္းကန္ေနတာေပါ့.. အဲ့ဒီမွာ တံငါသည္ႀကီးက ေတာ္ေတာ္မၿငိမ္တဲ့ “ငါး” ေသေပေရာ့ဆိုၿပီး သတ္ပစ္လိုက္တယ္။ ပထမ “ကံ” ေပါ့လို႔ ေတြးေနတဲ့ ငါးက ဟာ.. ဟိုေကာင္ေတာ့ သြားၿပီ ငါ့အလွည့္ လာေတာ့မယ္ဆိုၿပီး ေပကလက္ေပကလက္နဲ႔ မ်က္လုံးေလးဖြင့္ဖြင့္ၾကည့္တယ္။ တံငါသည္က ျမင္ေတာ့ မင္းကေရာ မေသေသးဘူးလား ကဲကြာဆိုၿပီး သတ္ပစ္လိုက္ျပန္တယ္..

အဲ့ဒီမွာ ေနာက္ဆုံးက်န္တဲ့ တတိယ ငါးက ငါေတာ့ မျဖစ္ေခ်ဘူး.. ပထမ ငါးနဲ႔ ဒုတိယငါးလို လုပ္လို႔ မျဖစ္ဘူး သူတို႔လိုပဲ အသတ္ခံရလိမ့္မယ္။ ငါ ေသခ်င္ေယာင္ေဆာင္ေနမွ ဆိုၿပီး မ်က္လုံးလည္းဖြင့္မၾကည့္ ခုန္လည္းမခုန္ဘဲ ၿငိမ္ၿငိမ္ေလး ေနလိုက္တယ္။ တံငါသည္က မင္းတို႔သုံးေကာင္လုံး ေသပီေပါ့ဆိုၿပီး ေအးေဆးေနလိုက္တယ္။

တံငါသည္မိန္းမက ေယာက်္ားေရ ငါးဘယ္ေလာက္ရပီလဲ.. ရသေလာက္ ကမ္းပါးေပၚတင္ေပးခဲ့အုံးေနာ္လို႔ လွမ္းေအာ္ေျပာေတာ့တံငါသည္လည္း ငါးသုံးေကာင္ကို ကမ္းစပ္ေပၚ ပစ္တင္ထားခဲ့တယ္.. အဲ့ဒီမွာ ေသခ်င္ေယာင္ေဆာင္ေနတဲ့ငါးက မ်က္လုံးေလးဖြင့္ၾကည့္ၿပီး တံငါသည္မိန္းမ မလာခင္ ငါ ခုေန အေကာင္းဆုံးႀကိဳးစားၿပီး လွိမ့္ခ်လိုက္ရင္ ေရထဲကို ေရာက္မယ္.. ေသေဘးကလြတ္နိုင္တယ္.. ကဲ.. အခြင့္အေရးဆိုတာ ေနာက္တစ္ခါမေပးဘူးဆိုၿပီး အေကာင္းဆုံး ဝီရိယ ၊ အေကာင္းဆုံး ဆုံျဖတ္ခ်က္နဲ႔ ႀကိဳးစားခဲ့ရာ ေသးေဘးက လြတ္ေျမာက္ခဲ့ပါတယ္။

အထက္ပါ သာဓကေလးကို ၾကည့္ျခင္းအားျဖင့္ “ကံ” ေၾကာင့္ပဲဆိုၿပီး ထိုင္ေနရင္ ေသးေဘးလြတ္ေျမာက္ဖို႔ မျဖစ္နိုင္ပါ။ အခ်ိန္အခါမၾကည့္ဘဲ “ဝီရိယ” ထားခဲ့ရင္လည္း ႀကိဳးစားမႈက အခ်ည္းအႏွီးပါပဲ။ အေျခအေနနဲ႔ အခ်ိန္အခါကိုၾကည့္ၿပီး ခိုင္မာေသာ ဆုံးျဖတ္ခ်က္ျဖင့္ ႐ုန္းကန္သင့္တဲ့ အခါမွာ အေကာင္းဆုံးဝီရိယ ထားခဲ့ရင္ေအာင္ျမင္မႈဆိုတာ လက္တစ္ကမ္းမွာပါ။

ကံ ဉာဏ္ ဝီရိယဆိုတာ လုပ္သင့္လုပ္ထိုက္တဲ့ အခ်ိန္ကို ေရြးခ်ယ္တတ္ဖို႔လိုသလို မလိုအပ္ဘဲ အင္အားထုတ္သုံးရင္လည္း အားကုန္႐ုံပဲ ရွိေနမွာပါ။ ေခါင္းေအးေအးထားၿပီး ဉာဏ္ကိုလႊာသုံးတတ္မယ္၊ လိုအပ္ရင္ လိုအပ္သလို ႀကိဳးစားအားထုတ္မႈကို အသုံးခ်တတ္မယ္ဆိုရင္ ကံ မေကာင္းလည္း ဉာဏ္ နဲ႔ ဝီရိယ အက်ိဳးကိုေတာ့ မုခ်ခံစားစံစားရမွာ အေသအခ်ာပါပဲ..

ဇင္းနစ္ (မေကြး)