ၾကားသိရသမွ်

ငွေကံမပွင့်သူများ၊ လာဘ်ပိတ်၍ စိတ်ညစ်နေသူများ သစ်တံခါးဆရာတော်ချီးမြှင့်သော ဒါနအဓိဌာန်လေး ဆောင်ရွက်ကြည့်ပါ

ငွေကံမပွင့်သူများ၊ လာဘ်ပိတ်၍ စိတ်ညစ်နေသူများ သစ်တံခါးဆရာတော်ချီးမြှင့်သော ဒါနအဓိဌာန်လေး ဆောင်ရွက်ကြည့်ပါ

ငွေကံမပွင့် လာဘ်လာဘတွေ ပိတ်ဆို့နေပါက လုပ်သမျှ မအောင်မြင်ဖြစ်နေပါက မိမိတို့စားမည့်ဆန်အိုးထဲမှ အနည်းငယ်မျှသောဆန်ကို ယူပြီး မြေကွက်လပ်နေရာတစ်ခု စီစဉ်ပြီး စာကလေးတွေကို အစာကျွေးပါ။

(အာရုံထားပုံ) စိတ်ထဲမှနေပြီး ယခုဒါနပြုခြင်းသည် မိမိတို့စားမည်ဖြစ်သော ဆန်အိုးထဲမှ၊ ဆန်အိတ်ထဲမှခွဲဝေ၍ ဒါနပြုခြင်း၊ အလှူဒါနပြုခြင်း ဖြစ်ပါ၏။ဤမှန်သော သစ္စာစကားတော်ကြောင့် စီးပွားကျ စိတ်ညစ်နေရပြီး ပိတ်ဆို့နေသော လာဘ်လာဘများ ပွင့်ပါစေ၊ လာဘ်လာဘတွေ ရွှင်ပါစေ၊ငွေဝင်ပါစေ၊ စိတ်မှ ရည်မှန်းပါ။

ယခုလာရောက်၍ သုံးဆောင် စားသုံးကြသော စာကလေး၊ ခို၊ကျီးငှက်ကလေးတွေဝမ်းသာပီတိဖြစ်ကာစားသုံးနိုင်၊ပျော်ရွှင်နိုင်သလိုပျော်ရွှင်ရပါလို၏။ သုံးဆောင်ရပါလို၏။ ဒါနအကျိုး ဆက်၍ တိုးပွားကာ ဆောင်ရွက်နိုင်ရပါလို၏ဟု စိတ်မှ ရည်မှတ် ပြောဆိုပါ။

လေယာဉ်သဖွယ် တစ်ကောင်ပြီးတစ်ကောင်ဆင်းသက်စားသောက် အသံပေးနေကြသောစာကလေးတွေ၊ငှက်ကလေးတွေကို ကြည့်ပြီးအလှူဒါနကိုပွားကာ ပီတိဖြစ်နေပါ။

ထူးခြားပါ၏။ ရက်များမကြာမီ လာဘ်လာဘတွေ အလုပ် အကိုင်တွေ ကောင်းကာ အဆင်ပြေမည်။ နေ့စဉ်နေ့တိုင်း နံနက်တိုင်း အာစိဏ္ဏကံဆောင်ရွက်နိုင်ပါက ပိုပြီးထူးခြားပါ၏။

နောက်တစ်နည်း ဆောင်ရွက်ပုံမှာ စာကလေး၊ ငှက်တွေ၊ ခိုတွေ၊ ကျီး ကျွေးစဉ် ဤဂါထာလေး ရွတ်ပွားပြီး ဆောင်ရွက်ပါကလည်း ထူးခြားပါ၏။

“ဥုံ အကု အကု ဗုဒ္ဓေါပိယ ဓမ္မောပိယ၊ သံဃောပိယ ဣစ္ဆာ သယအာလောက် အာလောက် အာလောက်” ဟု ၃၇ ခေါက်ရွတ်ဆိုပြီး ကျွေးပါကလည်း ထူးခြားပါ၏။

တကယ်လိုချင် တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ပါ၏။ ယုံကြည်မှုသာအရေးကြီးပါ၏။ ဂုဏ်တော် တစ်ပါးပါး ပွားပြီးမေတ္တာပို့လွှတ်ကာ ဆောင်ရွက်ပါ။ ဒါနပြုပါ။ ပိုပြီး သိသာပါ၏။ ဆောင်ရွက်ကြည့်ပါ။ လက်တွေ့ပါပဲ။

သစ်တံခါးဆရာတော်၏ “ကံထူးကံမြင့်လာဘ်ပွင့် လောကီအောင်မြင်စေကြောင်းအဓိဋ္ဌာန်ကျင့်စဉ်များ” စာအုပ်မှ ကူးယူဖော်ပြပါသည်။

Credit…မနောမယဂျာနယ်

(Zawgyi)

ငွေကံမပွင့် လာဘ်လာဘတွေ ပိတ်ဆို့နေပါက လုပ်သမျှ မအောင်မြင်ဖြစ်နေပါက မိမိတို့စားမည့်ဆန်အိုးထဲမှ အနည်းငယ်မျှသောဆန်ကို ယူပြီး မြေကွက်လပ်နေရာတစ်ခု စီစဉ်ပြီး စာကလေးတွေကို အစာကျွေးပါ။

(အာရုံထားပုံ) စိတ်ထဲမှနေပြီး ယခုဒါနပြုခြင်းသည် မိမိတို့စားမည်ဖြစ်သော ဆန်အိုးထဲမှ၊ ဆန်အိတ်ထဲမှခွဲဝေ၍ ဒါနပြုခြင်း၊အလှူဒါနပြုခြင်း ဖြစ်ပါ၏။ ဤမှန်သော သစ္စာစကားတော်ကြောင့် စီးပွားကျ စိတ်ညစ်နေရပြီး ပိတ်ဆို့နေသော လာဘ်လာဘများ ပွင့်ပါစေ၊ လာဘ်လာဘတွေ ရွှင်ပါစေ၊ ငွေဝင်ပါစေ၊စိတ်မှ ရည်မှန်းပါ။

ယခုလာရောက်၍သုံးဆောင်စားသုံးကြသော စာကလေး၊ ခို ကျီးငှက်ကလေးတွေဝမ်းသာပီတိဖြစ်ကာစားသုံးနိုင်၊ပျော်ရွှင်နိုင်သလို ပျော်ရွှင်ရပါလို၏။ သုံးဆောင်ရပါလို၏။ ဒါနအကျိုး ဆက်၍ တိုးပွားကာ ဆောင်ရွက်နိုင်ရပါလို၏ဟု စိတ်မှ ရည်မှတ် ပြောဆိုပါ။

လေယာဉ်သဖွယ် တစ်ကောင်ပြီးတစ်ကောင် ဆင်းသက်စားသောက် အသံပေးနေကြသော စာကလေးတွေ၊ ငှက်ကလေးတွေကို ကြည့်ပြီး အလှူဒါနကို ပွားကာ ပီတိဖြစ်နေပါ။

ထူးခြားပါ၏။ ရက်များမကြာမီ လာဘ်လာဘတွေ အလုပ်အကိုင်တွေ ကောင်းကာ အဆင်ပြေမည်။ နေ့စဉ်နေ့တိုင်း နံနက်တိုင်း အာစိဏ္ဏကံ ဆောင်ရွက်နိုင်ပါက ပိုပြီးထူးခြားပါ၏။

နောက်တစ်နည်း ဆောင်ရွက်ပုံမှာ စာကလေး၊ ငှက်တွေ၊ ခိုတွေ၊ ကျီး ကျွေးစဉ် ဤဂါထာလေး ရွတ်ပွားပြီး ဆောင်ရွက်ပါကလည်း ထူးခြားပါ၏။

“ဥုံ အကု အကု ဗုဒ္ဓေါပိယ ဓမ္မောပိယ၊ သံဃောပိယ ဣစ္ဆာသယ အာလောက် အာလောက် အာလောက်” ဟု ၃၇ ခေါက် ရွတ်ဆိုပြီး ကျွေးပါကလည်း ထူးခြားပါ၏။

တကယ်လိုချင် တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ပါ၏။ ယုံကြည်မှုသာ အရေးကြီးပါ၏။ ဂုဏ်တော်တစ်ပါးပါးပွားပြီး မေတ္တာပို့လွှတ်ကာ ဆောင်ရွက်ပါ။ ဒါနပြုပါ။ ပိုပြီး သိသာပါ၏။ ဆောင်ရွက်ကြည့်ပါ။ လက်တွေ့ပါပဲ။

သစ်တံခါးဆရာတော်၏ “ကံထူးကံမြင့်လာဘ်ပွင့် လောကီအောင်မြင်စေကြောင်းအဓိဋ္ဌာန်ကျင့်စဉ်များ” စာအုပ်မှ ကူးယူဖော်ပြပါသည်။

Credit…မနောမယဂျာနယ် Page