အောက်စီဂျင်ရှုနေရက်နဲ့ ဘာကြောင့်အသက်ဆုံးရှုံးရတယ်ဆိုတဲ့အချက်ကို ပြောပြလာတဲ့ ခိုင်သင်းကြည်
လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ် ရောဂါဟာ အောက်စီဂျင်တစ်ခုတည်း ရှိနေရုံနဲ့ မလုံလောက်ပါဘူး။ လိုအပ်တဲ့ အသက်ရှုလေ့ကျင့်ခန်းတွေအပြင် အစားအသောက်တွေကိုလည်း ဝင်သ လောက်စားပြီး ကိုယ်ခံအားကောင်းအောင် လုပ်ရတာမျိုးပါ။
တတ်သိနားလည်တဲ့ ဆရာဝန်တွေရဲ့ ပြောစကားအတိုင်း လိုက် နာပြီး စနစ်တကျ လုပ်ဆောင်မယ်ဆိုရင် အသက်ဘေးကနေလွတ်ကင်းနိုင်ပါတယ်။ ဒီနေ့မှာလည်း ပါမောကခ ဒေါက်တာခင်မောင်ထွေးရဲ့ အောက်စီဂျင်နဲ့ ပတ်သက်တဲ့ လွဲမှားမှုတစ်ခုကို ထောက်ပြထားတဲ့ အချက်တစ်ချို့ကို ခိုင်သင်းကြည်က သူမရဲ့လူမှုကွန်ယက်ကနေ တဆင့် ပြန်လည်ဝေမျှ ပေးလာခဲ့ပါတယ်။
ဒီအကြောင်းအရာကို ” Oxygen ရှုရဲ့သားနဲ့ ဘာ့ကြောင့်သေလဲလို့ မျှဝေပေးတဲ့ ဆရာကို ကျေးဇူးတင်ပါတယ် အပျင်းမကြီးဘဲ အသက်ရှု လေ့ကျင့်ခန်းတွေ များများလုပ်ကြပါနော် လေထဲမှာရှိတဲ့ အောက်စီဂျင် (၂၀-၂၁%) ဟာ လုံလောက်တာထက်ပိုပါတယ်ဆိုတာကို ထပ်မံအတည်ပြု ပြောချင်ပါတယ်။ ဒါပေမဲ့ ကိုဗစ်မှာ “ဘာ့ကြောင့် အောက်စီဂျင်အပိုကို သုံးနေကြရလဲ”ဆိုတဲ့ မေးခွန်း မေးစရာရှိပါတယ်။ ရှင်းပြပါ့မယ်။
လူ့ကိုယ်ခန္ဓာရဲ့ အဆုပ်မှာ လေအိပ် (alvilia) လေးများ (၇) မီလီယံလောက် ရှိပါတယ်။ ထိုလေအိပ်များကို ဖြန့်လိုက်ရင် အလျား (၇၀) မီတာ၊ အနံ (၇၀) မီတာလောက် ကျယ်ပါတယ်။ ထိုလေအိပ်လေးများကို သေးငယ်တဲ့လေပြွန် (bronchioles) လေးများဖြင့် စပျစ်ခိုင်လို ဆက်သွယ်ထားပါတယ်။ ထိုလေအိပ် ပတ်ဝန်းကျင်မှာက သေးငယ်တဲ့ ဆံခြည် မျှင် သွေးကြောလေးများဖြင့် ဝန်းရံထားပါတယ်။ ကိုယ်ခန္ဓာက လိုအပ်တဲ့ အောက်စီဂျင်ကို အဲဒီနေရာကနေ ကိုယ်ခန္ဓာထဲ ပို့ရပါတယ်။ ကိုဗစ်ဖြစ်သူများရဲ့ ပြသနာက အဲဒီနေရာမှာပါ။
ဆံခြည်မျှင် သွေးကြောလေးများ ပိတ်တယ်။ လေအိပ်ပြွန်ငယ်လေးများ ချွဲဖြင့်ပိတ်တယ်။ ပိတ်တဲ့ အရွယ်အစားပေါ် မူတည်ပြီး လေအဝင်အထွက်၊ အောက်စီဂျင် ကိုယ်ထဲရောက်တဲ့ ပမာ ဏ ကွာကြပါတယ်။ အောက်စီဂျင် ကျတယ်ဆိုတာ ပိတ်တဲ့ပ မာဏ များလို့ပါ။ အောက်စီဂျင် ရှူလိုက်ခြင်းအားဖြင့် ကျန်နေတဲ့ လေအိပ် နည်းနည်းလေးထဲမှာရှိတဲ့ အောက်စီဂျင် (၂၀%) ကို မြှင့်ပေးလိုက်တာပါ။ အဲဒါဟာ ခဏတာပဲ ကောင်းပါတယ်။ ရက်ပိုင်းလေးပါဆိုပြီး ရှင်းပြလာခဲ့ပါတယ်။
ဆက်လက်ပြီးတော့လည်း ” အောက်စီဂျင်ကို၌က ကြာကြာရှူရင် လေအိပ်လေးများ ပြန်ဖောင်းလာအောင် လုပ်ပေးတဲ့ surfactant လို့ခေါ်တဲ့ ဓါတ်တစ်မျိုးကို ယုတ်လျော့စေပါတယ်။ ဒါ့ကြောင့် အောက်စီဂျင်ကို ဘိန်းရှူသလို တစ်ပါတ်နှစ်ပါတ်ရှူနေရင် ကျန်နေတဲ့ လေအိပ်လေးတွေပါ ပိတ်ကုန်ပြီး လူ သေတဲ့အထိ ဖြစ်လာပါလိမ့်မယ်။ တစ်ချို့ဆို (၃-၄)ရက်အ တွင်း သေကြရပါတယ်။ ဒါ့ကြောင့် လေအိပ် ပြန်ဖွင့်ပေးမဲ့ အ သက်ရှူ လေ့ကျင့်ခန်းကို (မဖြစ်မနေ) ကျန်တဲ့ လေအိပ်လေးတွေမပိတ်ခင် ထိထိရောက်ရောက် လုပ်ကိုလုပ်ရပါ့မယ်။
နေကောင်းနေစဉ် ကတည်းက လေ့ကျင့်နေရင် တကယ်လက် တွေ့ရောဂါရတော့ ဆက်လုပ်နိုင်တာပေါ့။ Google မှာ Breathing Exercises for ကိုဗစ် Patient ဆိုရိုက်ရှာပါ။ အသက်ရှူ လေ့ကျင့်ခန်းတွေ အများကြီးတွေ့ရပါ့မယ်။ ဖွင့်ပြီး ကိုယ်တိုင် လိုက်လုပ်ကြပါ။
ဆေး၊ အောက်စီဂျင်တို့ကိုသာ အားကိုးမနေကြပါနဲ့ ” လုံ့လလည်းထူ၊ ဉာဏ်လည်းကူ ပျိုးလည်းသန်မှ၊ ငါလည်းမ “တဲ့။ ကိုယ့်အားကိုယ်ကိုး အင် အားမစိုက် မလုပ်ချင် မကိုင်ချင်ရင်တော့ ကိုယ်ပဲ နစ်နာဆုံးရှုံးရမှာပါ။ ပါမောက္ခ ဒေါက်တာခင်မောင်ထွေး “ဟုဆိုကာပြန်လည် ဝေမျှပေးခဲ့ပါတယ်။ စာဖတ်သူတို့လည်း ဆရာကြီးရဲ့အကြံပြုချက်ကို အသေအချာလေးဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
Credit
ေအာက္စီဂ်င္ရႈေနရက္နဲ႔ ဘာေၾကာင့္အသက္ဆုံးရႈံးရတယ္ဆိုတဲ့အခ်က္ကို ေျပာျပလာတဲ့ ခိုင္သင္းၾကည္
လတ္တေလာ ျဖစ္ပြားေနတဲ့ ကိုဗစ္ ေရာဂါဟာ ေအာက္စီဂ်င္တစ္ခုတည္း ရွိေန႐ုံနဲ႔ မလုံေလာက္ပါဘူး။ လိုအပ္တဲ့ အသက္ရႈေလ့က်င့္ခန္းေတြအျပင္ အစားအေသာက္ေတြကိုလည္း ဝင္သ ေလာက္စားၿပီး ကိုယ္ခံအားေကာင္းေအာင္ လုပ္ရတာမ်ိဳးပါ။
တတ္သိနားလည္တဲ့ ဆရာဝန္ေတြရဲ႕ ေျပာစကားအတိုင္း လိုက္ နာၿပီး စနစ္တက် လုပ္ေဆာင္မယ္ဆိုရင္ အသက္ေဘးကေနလြတ္ကင္းႏိုင္ပါတယ္။ ဒီေန႔မွာလည္း ပါေမာကခ ေဒါက္တာခင္ေမာင္ေထြးရဲ႕ ေအာက္စီဂ်င္နဲ႔ ပတ္သက္တဲ့ လြဲမွားမႈတစ္ခုကို ေထာက္ျပထားတဲ့ အခ်က္တစ္ခ်ိဳ႕ကို ခိုင္သင္းၾကည္က သူမရဲ႕လူမႈကြန္ယက္ကေန တဆင့္ ျပန္လည္ေဝမွ် ေပးလာခဲ့ပါတယ္။
ဒီအေၾကာင္းအရာကို ” Oxygen ရႈရဲ႕သားနဲ႔ ဘာ့ေၾကာင့္ေသလဲလို႔ မွ်ေဝေပးတဲ့ ဆရာကို ေက်းဇူးတင္ပါတယ္ အပ်င္းမႀကီးဘဲ အသက္ရႈ ေလ့က်င့္ခန္းေတြ မ်ားမ်ားလုပ္ၾကပါေနာ္ ေလထဲမွာရွိတဲ့ ေအာက္စီဂ်င္ (၂၀-၂၁%) ဟာ လုံေလာက္တာထက္ပိုပါတယ္ဆိုတာကို ထပ္မံအတည္ျပဳ ေျပာခ်င္ပါတယ္။ ဒါေပမဲ့ ကိုဗစ္မွာ “ဘာ့ေၾကာင့္ ေအာက္စီဂ်င္အပိုကို သုံးေနၾကရလဲ”ဆိုတဲ့ ေမးခြန္း ေမးစရာရွိပါတယ္။ ရွင္းျပပါ့မယ္။
လူ႔ကိုယ္ခႏၶာရဲ႕ အဆုပ္မွာ ေလအိပ္ (alvilia) ေလးမ်ား (၇) မီလီယံေလာက္ ရွိပါတယ္။ ထိုေလအိပ္မ်ားကို ျဖန႔္လိုက္ရင္ အလ်ား (၇၀) မီတာ၊ အနံ (၇၀) မီတာေလာက္ က်ယ္ပါတယ္။ ထိုေလအိပ္ေလးမ်ားကို ေသးငယ္တဲ့ေလႁပြန္ (bronchioles) ေလးမ်ားျဖင့္ စပ်စ္ခိုင္လို ဆက္သြယ္ထားပါတယ္။ ထိုေလအိပ္ ပတ္ဝန္းက်င္မွာက ေသးငယ္တဲ့ ဆံျခည္ မွ်င္ ေသြးေၾကာေလးမ်ားျဖင့္ ဝန္းရံထားပါတယ္။ ကိုယ္ခႏၶာက လိုအပ္တဲ့ ေအာက္စီဂ်င္ကို အဲဒီေနရာကေန ကိုယ္ခႏၶာထဲ ပို႔ရပါတယ္။ ကိုဗစ္ျဖစ္သူမ်ားရဲ႕ ျပသနာက အဲဒီေနရာမွာပါ။
ဆံျခည္မွ်င္ ေသြးေၾကာေလးမ်ား ပိတ္တယ္။ ေလအိပ္ႁပြန္ငယ္ေလးမ်ား ခြၽဲျဖင့္ပိတ္တယ္။ ပိတ္တဲ့ အ႐ြယ္အစားေပၚ မူတည္ၿပီး ေလအဝင္အထြက္၊ ေအာက္စီဂ်င္ ကိုယ္ထဲေရာက္တဲ့ ပမာ ဏ ကြာၾကပါတယ္။ ေအာက္စီဂ်င္ က်တယ္ဆိုတာ ပိတ္တဲ့ပ မာဏ မ်ားလို႔ပါ။ ေအာက္စီဂ်င္ ရႉလိုက္ျခင္းအားျဖင့္ က်န္ေနတဲ့ ေလအိပ္ နည္းနည္းေလးထဲမွာရွိတဲ့ ေအာက္စီဂ်င္ (၂၀%) ကို ျမႇင့္ေပးလိုက္တာပါ။ အဲဒါဟာ ခဏတာပဲ ေကာင္းပါတယ္။ ရက္ပိုင္းေလးပါဆိုၿပီး ရွင္းျပလာခဲ့ပါတယ္။
ဆက္လက္ၿပီးေတာ့လည္း ” ေအာက္စီဂ်င္ကို၌က ၾကာၾကာရႉရင္ ေလအိပ္ေလးမ်ား ျပန္ေဖာင္းလာေအာင္ လုပ္ေပးတဲ့ surfactant လို႔ေခၚတဲ့ ဓါတ္တစ္မ်ိဳးကို ယုတ္ေလ်ာ့ေစပါတယ္။ ဒါ့ေၾကာင့္ ေအာက္စီဂ်င္ကို ဘိန္းရႉသလို တစ္ပါတ္ႏွစ္ပါတ္ရႉေနရင္ က်န္ေနတဲ့ ေလအိပ္ေလးေတြပါ ပိတ္ကုန္ၿပီး လူ ေသတဲ့အထိ ျဖစ္လာပါလိမ့္မယ္။ တစ္ခ်ိဳ႕ဆို (၃-၄)ရက္အ တြင္း ေသၾကရပါတယ္။ ဒါ့ေၾကာင့္ ေလအိပ္ ျပန္ဖြင့္ေပးမဲ့ အ သက္ရႉ ေလ့က်င့္ခန္းကို (မျဖစ္မေန) က်န္တဲ့ ေလအိပ္ေလးေတြမပိတ္ခင္ ထိထိေရာက္ေရာက္ လုပ္ကိုလုပ္ရပါ့မယ္။
ေနေကာင္းေနစဥ္ ကတည္းက ေလ့က်င့္ေနရင္ တကယ္လက္ ေတြ႕ေရာဂါရေတာ့ ဆက္လုပ္ႏိုင္တာေပါ့။ Google မွာ Breathing Exercises for ကိုဗစ္ Patient ဆို႐ိုက္ရွာပါ။ အသက္ရႉ ေလ့က်င့္ခန္းေတြ အမ်ားႀကီးေတြ႕ရပါ့မယ္။ ဖြင့္ၿပီး ကိုယ္တိုင္ လိုက္လုပ္ၾကပါ။
ေဆး၊ ေအာက္စီဂ်င္တို႔ကိုသာ အားကိုးမေနၾကပါနဲ႔ ” လုံ႔လလည္းထူ၊ ဉာဏ္လည္းကူ ပ်ိဳးလည္းသန္မွ၊ ငါလည္းမ “တဲ့။ ကိုယ့္အားကိုယ္ကိုး အင္ အားမစိုက္ မလုပ္ခ်င္ မကိုင္ခ်င္ရင္ေတာ့ ကိုယ္ပဲ နစ္နာဆုံးရႈံးရမွာပါ။ ပါေမာကၡ ေဒါက္တာခင္ေမာင္ေထြး “ဟုဆိုကာျပန္လည္ ေဝမွ်ေပးခဲ့ပါတယ္။ စာဖတ္သူတို႔လည္း ဆရာႀကီးရဲ႕အႀကံျပဳခ်က္ကို အေသအခ်ာေလးဂ႐ုစိုက္ၾကဖို႔ တိုက္တြန္းလိုက္ပါတယ္ေနာ္။
Credit