ၾကားသိရသမွ်

သရုပ်ဆောင်မိုင်းမိုင် ကွယ်လွန်ခဲ့ရတဲ့ အကြောင်းအရင်း

ပရိသတ်ကြီးရေ သရုပ်ဆောင်မိုင်းမိုင် ဆိုတာနဲ့ အဆိုတော် ယုဇနရဲ့သီတင်းကျွတ်ညလေးတစ်ညအပြင် Blueberry အဖွဲ့ရဲ့မမေးပါနဲ့ သီချင်းကို တွဲမြင်မိကြမှာ အမှန်ပါပဲနော်။ VCD၊DVD တေးစီးရီးခေတ်တွေထဲက တေးသီချင်းတွေ များစွာမှာနေရာယူလာတဲ့ သရုပ်ဆောင်မိုင်းမိုင် ကတော့အနုပညာလောကကနေ ရပ်နားခဲ့တာကြာပေမယ့် ပရိသတ်တွေအမှတ်ရနေဆဲပဲ ဖြစ်ပါတယ်။

ဒီနေ့ကျရောက်တဲ့ ဧပြီလ၂၄ရက်နေ့မှာတော့ သရုပ်ဆောင်မိုင်းမိုင်ဟာ အိပ်နေရင်းနဲ့ကွယ်လွန်ခဲ့တာပဲ ဖြစ်ပါတယ်။သရုပ်ဆောင်မိုင်းမိုင်ရဲ့ နာရေးသတင်းကို ”ကိုယ်မျက်စိရှေ့မှာ ကြီးလာတဲ့ကလေး ထွက်သွားတာစောလွန်းတယ် မိုင်းမိုင်ရေ ကိုယ်တွေ အနုပညာရူးနေတဲ့အချိန် သူက ” သီတင်းကျွတ်ညလေးတစ်ည ” မှာ မော်ဒယ်အဖြစ်မြင်ရတော့ ဂုဏ်ယူလို့မဆုံးခဲ့ဘူး .. Jajaroiaung Alice ပွတ်ချာရေ .. ငါစိတ်မကောင်းလိုက်တာ … Rest In Peace မိုင်းမိုင်ရေ အမြဲသတိရနေမယ်နော်”ဆိုတဲ့စာလေးနဲ့ အဆိုတော် Ar-Tကလည်း ဝမ်းနည်းကြောင်းတင်လာခဲ့တာပါ။

သရုပ်ဆောင်မိုင်းမိုင်ရဲ့ ကွယ်လွန်မှုကို ပရိသတ်တွေသိရှိအောင်တင်ပေးလိုက်ပါတယ် ။ပရိသတ်ထဲမှာရော သရုပ်ဆောင်မိုင်းမိုင်ရဲ့ ပရိသတ်တွေရှိရင် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်းမှတ်ချက်လေးတွေပေးခဲ့ကြပါဦးနော်။

Koe-CeleGabar
Source -ThihaTun
Crd-CeleGabar

Zawgyi




Koe-CeleGabar
Source -ThihaTun
Crd-CeleGabar