ၾကားသိရသမွ်

“(၆) နှစ်လောက် ခံစားခဲ့ရတဲ့ အစာအိမ်ရောဂါကို ဘီယာပုံမှန် သောက်ပေးခြင်းဖြင့် ပျောက်ကင်းခဲ့ကြောင်း မျှဝေခဲ့သူတစ်ဦး”

Saw Aung Myint Thein ဆိုတဲ့ အမျိုးသားက ၆ နှစ်လောက် ခံစားခဲ့ရတဲ့ သူရဲ့ အစာအိမ်ရောဂါကို ဘီယာသောက်ပြီး ပျောက်ကင်းခဲ့တဲ့ အကြောင်းကို “အစာအိမ်ရောဂါနှင့် အူမကြီးကင်ဆာ ဗဟုသုတမျှဝေကူညီကြမယ်” ဆိုတဲ့ Group မှာ တင်ထားကို ပြန်လည် မျှဝေပေးလိုက်ပါတယ်

ဘီယာဆိုတာကလည်း သုံးတတ်ရင် ဆေးဖြစ်ပါတယ်. . .သို့သော် များလွန်းရင်တော့ ဘယ်အရာမှ မကောင်းပါဘူး. . .သူတင်ထားတာလေး ဖတ်ကြည့်ပါဦး

“တစ်ချိန်က ကျနော် ပို့တင်ဘူးတယ် ကျနော်နှစ်ပေါင်းများစွာခံစားနေရတဲ အစာအိမ်ဝေဒနာ ရောဂါ ခု ပျောက်ကင်းပါပြီ

ရခိုင်ချက်တွေတောင် စားလာနိုင်တဲ့ အထိပါ သက်သာပျောက်ကင်တာက ဘီယာသောက်ပြီး သက်သာပျောက်ကင်းလာတာ အမှန်ပါ

သူငယ်ချင်းတွေရဲ့အကြိမ်ကြိမ် တိုက်တွန်းမှုကြောင့် မယုံမရဲ စမ်းသပ်ရင်း အဆင်ပြေသွားတာပါ တစ်ချိန်ကလဲ ကျနော်တင်ဘူးပါတယ် လူအများရဲ့ ပြစ်တင်ရှပ်ချမှုတွေ ခနဲ့သလိုလို ပြောတာတွေလဲ ခံရပါတယ်

အခု ထပ်တင်တာကလဲ အစာအိမ် ကင်ဆာ အဆင်မဟုတ်ရင် သာမန်အစာအိမ် သမားတွေဆို ကျနော့လိုပဲ ပျောက်ကင်းချမ်းသာကြမယ်ထင်ပါတယ်ကျနော်ဆိုလဲ ၆နှစ်လောက် အစာအိမ်ရောဂါခံစားရတာပါ

အစအိမ် ပိုးရှိလို့ ဆေး၂ပတ်လည်း သောက်ခဲ့ဘူးပါတယ် ဆေးခန်း လည်း တစ်ပတ်တစ်ကြိမ် အလုပ်ပိတ်တိုင်း သွားနေရတာ ခုမသွားရတာကြာပီ ဆေးတွေ မသောက်ရတာလဲ ကြာပီ ဘီယာသောက်တာကလည်း ဆေးဝါးအဖြစ်ပဲ ၂ရက်ခြား တစ်ကြိမ်သောက်ပါတယ်

ဘီယာသောက်ပီး ကျနော်ဘယ်လိခံစားရလဲ အနည်းငယ် ပြောပြချင်ပါတယ် ဘီယာ တစ်ငုံ၂ငုံလောက်သောက်လိုက်ရင် လေတွေ အပေါ် တက်ပြီး တော်တော်လေး နေလို့ကောင်းပါတယ် အစားလဲ အရမ်းဝင်တယ် အနည်းငယ်မူးသွားတာနဲ့ အိပ်ယာထဲ တန်းဝင်ပြီး အိပ်လိုက်ပါတယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပါတယ် အရင်ကဆို အိပ်ပျော်ဖို့ အရှိန်ယူနေရတာနဲ့၂နာရီလောက်ကြာတယ်

နောက်ပိုင်း ပုံမှန်အိပ်ကောင်းစားကောင်း လာတော့ လူက အားအင်အပြည့် ကျန်းကျန်းမာမာဖြစ်လာတယ် ဒါကြောင့်လည်း ဘီယာက အစာအိမ်အူလမ်းကြောင်းအတွက် ဆေးလို့ ဆရာဝန်ပြောတာတားဘူးတယ် ဝမ်းမှန်အိပ်ကောင်း အစားဝင် ပိန်လှီခြောက်ကပ်သွားတဲ့ ကျနော့ အသားအရည်တွေ အရင်လိုပဲ စိုစိုပြေပြေ ပြန်ဖြစ်လာတယ်ဗိုက်တောင်ပူလာလို့ Gym ဆော့ပြီး ပြန်ထိန်းနေရသေးတာ

ခု လက်ရှိ ကျနော် ဘီယာကို ၂ရက်ခြား တစ်ခါ ညနေထမင်းစားခါနီး ၃ဘူးသောက်ပါတယ် အများဆုံး၄ဘူးပါ ကိုယ့်ရဲ့ ရေချိန်ပါ အနည်းငယ်မူးပြီးအိပ်ကောင်းရုံ နေ့တိုင်းမသောက်ဘူးဆိုတာကလည်း နေ့တိုင်းသောက်ရင် ၄ဘူး၅ဘူး ၁၀ဘူးတောင် မမူးဘူး ဖြစ်သွားမယ်ဆိုတာသိနေလို့ကျန်းမာရေးအရထိန်းထိန်းသိမ်းသိမ်းဆေးအဖြစ်သောက်တာပါ

မူးလို့ မအိပ်ရင် ခဏနေ အိမ်သာ အပေါ့ ၂ခါလောက်သွားလိုက်ရင် ဘီယာက မမူးတော့ပါဘူး သောက်ခါစ ဆိုရင်တော့ ၁ဘူး၂ဘူးလောက်နဲ့ပဲစသင့်ပါတယ် ရေခဲထည့်မသောက်ရ ရေခဲသေတ္တာထဲက အေးနေတဲ့ဟာ မသောက်ရပါဘူး

ပုံမှန် အပြင်က ဟာပဲ သောက် ရပါတယ် အေးတဲ့ဘီယာကြတော့အစာအိမ်နဲ့မတည့်ပါဘူး ကိုယ်လည်း စမ်းသပ်ဘူးတော့ သိပါတယ် ဒီGroup မှာ ပြန်တင်ပေးတယ်ဆိုတာကလည်း ဒီGpက ကျနော့်အတွက်ကျေးဇူး အများကြီးရှိပါတယ် အစာအိမ် အူလမ်းကြောင်းနဲ့ပတ်သက်တဲ့ဗဟုသုတတွေအများကြီးရပါတယ်

Admin ရဲ့ စေတနာပါပါ တင်ပေးတဲ့ post တွေကြောင့်က Messager မှာ မေးထားလို့ အားရင် ပြန်လာဖြေပေးတာတွေကြောင့် ကျန်းမာရေးအမြင် ဗဟုသုတတွေ ရရှိလာခြင်း အားလုံး ကျန်းမာချမ်းသာကြပါစေလို့ ..

Saw Aung Myint Thein (ဖိုးခြါး)