သင့်ကား ဆီဖြည့်လျင် ဘယ်တော့မှ မလုပ်သင့်သော ရှောင်ရန်အချက်
သင့်ကား ဆီတိုင်ကီ ကို ပြည့်လျှံသည် အထိ ဘယ်တော့မှ ဓာတ်ဆီ မဖြည့်မိပါစေနဲ့
(သတိထား မှတ်သားသင့်စရာမို့ )
မည်သည့်အကြောင်းနှင့်မျှ သင့်ကားဆီတိုင်ကီ ကို ပြည့်လျှံသည်အထိ ဓာတ်ဆီ မဖြည့်မိ ပါစေနှင့်။
ဓာတ်ဆီဆိုင်များ တွင် သွားရောက်ဖြည့်ရာတွင် လည်း ပန့်ကိုင်ဝန်ထမ်း ကို တိုင်ကီပြွန်( အဖုံးဖွင့်လျှင် ဖွင့်ချင်း တွေ့ရသော အဝကျယ်ပိုက်) ကြီးမှ လေသံကြား လျှင် ဆီဆက် မထည့်ဘဲ ရပ်ခိုင်းရန် ဓာတ်ဆီဖြည့်တိုင်း မှာကြားပါ၊
သို့မဟုတ် အချိုု.သော ခေတ်မီ ဓာတ်ဆီဖြည့်သည့် တိုင်များမှ ဂေါက်များမှာ ကားမှပြွန်အတွင်း စိုက်ထည့်ထားသည် တွင် ဓာတ်ဆီမျက်နှာပြင် တက်လာပြီး ဂေါက်နှုတ်သီးအဖျားနှင့်ထိသည်နှ င့် ပန့်က အလိုအလျောက် ရပ်ပေးပါသည်။
ထိုသို့ ရပ်သွားသော စနစ်ပါလျှင် လည်း ဂေါက်ကိုနောက်ဆွဲ ၍ ထပ်မံ ပြည့်သထက်ပြည့်စေရန်၊ သို့မဟုတ် ပြွန်ထိပ်၀ ပိတ်သော အဖုံး အထိရောက်အောင် ဆီမဖြည့်ရန် ဆိုလိုခြင်း ဖြစ်သည်။
ကားအချို.ဓာတ်ဆီဖြည့်နေပုံမှာ ကားလှုပ်၍ လျှံကျ(နီးပါး) အဖုံးနှင့် ဓာတ်ဆီမျက်နှာပြင် ထိသည်အထိ ဆီထည့်နေကြသည်ကို စိတ်မကောင်းခြင်းများစွာဖြင့် မကြာခဏတွေ့ရှိနေရခြင်းကြောင့် သတိပေးရခြင်းဖြစ်သည်။
ဖွံံ့ဖြိုးတိုးတက်သော နိုင်ငံကြီးတို့တွင် မိမိကားကို လောင်စာဆီဖြည့်ကြရာတွင် ပန့်ပိုက်ဆွဲ၊ ပန့်ခေါင်းကိုင် ဆီဖြည့်ရန် အဖုံးဖွင့်ပေးမည့်သူ မရှိပေ။
ကိုယ်တိုင်လုပ်ဆောင်ရာသည်တွင် ဆီဖြည့်ပိုက်ကြီးခေါင်း အတွက် အပေါက်ဝဂေါက် ကို တိုင်ကီ အပေါက် အဝကျယ်ထဲသို့် ခလုပ်ဆွဲပစ်ထားလိုက်သည်တွင် ဓာတ်ဆီ မပြည့်မီ(အနည်းငယ် အလိုတွင် လေသံများလိုက်လာသည့် အခြေအနေတွင်) ပန့်က ဆီဖြည့်သည့် အလုပ်ကိုဖြတ်ချ ရပ်တံ့ပေး လိုက်သည်။
ဓာတ်ဆီ ဆက်ဖြည့်ရန် နေရာကျန် ရှိနေပါလျက် အဘယ်ကြောင့် အပြည့်(လျှံကျခါနီး၊ ဝင်ဆံ့နိုင်သလောက် အခြေအနေအထိ) မဖြည့်ရပါသနည်း ဆိုသည့် မေးခွန်းသည် မေးရမည့် အချိန်၊ မေးသင့်သော အခါကြုံရပါတော့ သည်။
အကြောင်းမူကား သင်သည် အများဆုံး၊ အမြင့်ဆုံး၊ အဆံ့ဆုံး၊ အဝင်ဆံ့နိုင်ဆုံး မဖြည့်သင့်သည် ကို သိရှိသွားသောကြောင့် ဖြစ်ပေသည်။
အားလုံးသော ဓာတ်ဆီသုံးယာဉ်(ကား)များနှင့် ကားများ တွင် ဆယ်စုနှစ်လေးခုလောက်မှ စတင်၍ စနစ်အတွင်း ထွက်ပေါ်လာသည့် (မဖြစ်မနေ ထွက်ပေါ်လာသည့်)ဓာတ်ဆီငွေ့ ပြန်လည်စုဆောင်းသည့်စနစ်(Vapour Recovery System) ပါဝင် တပ်ဆင် လာသောကြောင့် ဖြစ်သည်။
ပြန်လည် ဖမ်းမိထာသော ဓာတ်(ဆီ)ငွေ့၊ သို့မဟုတ် EVAP စနစ် က ဓာတ်ဆီစနစ် က ဓာတ်ဆီငွေ့များ ကို တိုင်ကီ အတွင်းမှာ ဖမ်းသည်။ ထိုမှ တဆင့် လှောင်ဘူးငယ်(Canister) အတွင်းသို့ လမ်းပြပို့ဆောင်သည်။
အင်ဂျင်လည်ပတ်နေစဉ် ဖြစ်ပေါ်နေသော ဓာတ်ဆီဓာတ်ငွေ့များကို Intake Manifold သို့ ဆက်လက် လမ်းပြပို့ဆောင်ပေးပြန် သည် ။ ပေါက်ကွဲမီးလောင်ဖြစ်စဉ်(Combustion Procedure) အတွင်း ပါဝင်သွားနိုင်စေရန် လမ်းကြောင်းပေးခြင်းလည်းဖြစ်သည်။
ဆောင်ရွက်လိုက်သော ဤ အစဉ်တန်း၊ သို့မဟုတ် စနစ်သည် ကျွနု်ပ်တို့ ရှူရှိုက်နေရသော လေကို အဆိပ်အတောက် ကင်းနိုင်သမျှ ကင်းသွားစေရန် ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။
ဓာတ်ဆီတိုင်ဂေါက်(ခေါင်း)ကို တိုင်ကီဆီထည့် ပြွန်ကြီးအတွင်းသို့စိုက်ထားပြီး ဓာတ်ဆီအော်တိုပြည့်နေစဉ်၊ သို့မဟုတ် အပြည့်အလျှံမဟုတ်သေး၊ အနည်းငယ် လိုနေသေးသော အခြေအနေများတွင် လေသံများ စတင်ထွက်ပေါ်လာခိုက် ဆီဂေါက်မှ အလိုအလျောက် ဓာတ်ဆီအကျရပ်သွားမည်၊ သို့မဟုတ် ရပ်လိုက်ပါ။
ဓာတ်ဆီဖြည့်ခေါင်းကြီး (Fuel Filler Nozzle)ကို အသာမပြီး ပြင်ပသို့ လျှံကျလုနီးပါး(အဖုံးပင်ပိတ်ရန် ခက်သည်အထိ)၊ သို့မဟုတ် ကားကိုလှုပ်၍ ဆက်ထည့်သည့်အလုပ်မျိုး မပြုလုပ်၊ မဖြည့်အပ်ပေ၊ အဘယ်ကြောင့် ဆိုသော် ဓာတ်ဆီ(အရည်) ကို စနစ်တွင်းပါရှိသော ဓာတ်ဆီအငွေ့ဘူး(Vapour Cansister) အတွင်းသို့ ရောက်ရှိစေခြင်း ဖြစ်သဖြင့် လွန်စွာအန္တရယ်များသည်။
ထိုသို့ လျှံကျလုနီးပါး အဖုံးပင် ပိတ်ရခက်သည့် အခြေအနေမျိုး အထိ ဓာတ်ဆီဖြည့်ခြင်း သည် သင် ဓာတ်ဆီဖြည့်နေစဉ် ဓာတ်ဆီအငွေ့ဘူးက တိုင်ကီမှလာသော ဓာတ်ဆီငွေ့ (အငွေ့သက်သက်) ကိုသာ လက်ခံရမည်ဖြစ်သော် လည်း ဓာတ်ဆီငွေ့ကို လက်မခံနိုင်တော့ သည့် အခြေအနေ၊ အနေအထား ဖြစ်သွားတော့မည်။
အငွေ့လှုပ်ရှားမူများအတွက် လူးသာလှိမ့်သာပင် နေရာ(Space) လွတ် မကျန်လောက်အောင် ဓာတ်ဆီကို ဖြည့်လိုက်ပါက ပြည့်ခါနီးအခြေအနေတွင်ဖြစ်ပေါ်နေသော ဓာတ်ဆီငွေ့ တို့သည် မည်သည့်နေရာ သို့ သွားရတော့မည်ကို မသိနိုင်တော့ပေ။
တိုင်ကီ အတွင်းသို့ ဓာတ်ဆီကို ဖြည့်ညင်းစွာ ဖြည့်လျှင်ပင် ဓာတ်ဆီ အငွေ့ပြန်သည်ကို မလွှဲရှောင်နိုင်ပေ။
ဓာတိဆီငွေ့ ဆားကစ်စနစ် ပျက်ဆီးကာ အနှောင့်အယှက်ဖြစ်သွားရခြင်းမှာ ယခင်က မလျော်မကန် မှားယွင်းစွာ ဓာတ်ဆီဖြည့်ခဲ့မူကြောင့် ဖြစ်နိုင်သည်။
ယင်းသို့ချွတ်ယွင်းပါက သင့်ကားသည်လည်း ဓာတ်ဆီ အငွေ့လှောင်ဘူးငယ်အသစ် မလဲသရွေ့ ပုံမှန် ဆီ အပြည့်ဖြစ်ရန် ပင် စနစ်အတွင်း လေခိုအောင်းနေမူ များကြောင့် များစွာ အခက်အခဲ တွေ့ပေလိမ့်မည်။
ဓာတ်ဆီဖြည့်တင်းမူ ကို Auto ဖြတ်တောက်ခြင်း သည် ဆက်တိုက်ဖြတ်တောက်မူများ ဖြစ်ပေါ်နေပြီး သင့်ကားတိုင်ကီမှာလဲ ပုံမှန် အပြည့်ဖြည့်ရန် မည်သို့မျှမဖြစ်နိုင် ရှိချေတော့မည်။
ယင်းအခက်အခဲကို ဖြေရှင်းရန် တစ်ခုထည်းသော နည်းလမ်းမှာ ဓာတ်ဆီငွေ့ဘူးမျိုးနှစ်မျိုး အနက် တစ်မျိုးမျိုးကို အစားထိုး လဲလိုက်ရန် ဖြစ်သည်။
မိမိကားကို စက်ပိုင်းဆိုင်ရာပြဿနာ ဖြစ်နိုင်သည့် နည်းတူ ပျက်စီးရာပျက်စီး ဖြစ်သည်ကလည်း တစ်ကြောင်း၊ ပတ်ဝန်းကျင်လေထု အတွင်းသို့ အဆိပ်ငွေ့ထုတ်လွှတ်မူ ကို ဖြစ်ပေါ်စေသည်ကလည်း တစ်ကြောင်းကြောင့် မည်သို့မျှ အကျိုးပိုရှိလာမည်မဟုတ်သည့် သင့်ကားဆီတိုင်ကီ အလွန်အမင်းပြည့်သည် အထိ ဓာတ်ဆီဖြည့်တင်းသည့် ကိစ္စကို မည်သည့်အခါမျှ မပြုလုပ်မိစေရန် သတိထားစေ လိုပါသည်။
Credit: Dr Myint Nyne
သင့္ကား ဆီျဖည့္လ်င္ ဘယ္ေတာ့မွ မလုပ္သင့္ေသာ ေရွာင္ရန္အခ်က္
သင့္ကား ဆီတိုင္ကီ ကို ျပည့္လၽွံသည္ အထိ ဘယ္ေတာ့မွ ဓာတ္ဆီ မျဖည့္မိပါေစနဲ႔
(သတိထား မွတ္သားသင့္စရာမို႔ )
မည္သည့္အေၾကာင္းႏွင့္မၽွ သင့္ကားဆီတိုင္ကီ ကို ျပည့္လၽွံသည္အထိ ဓာတ္ဆီ မျဖည့္မိ ပါေစႏွင့္။
ဓာတ္ဆီဆိုင္မ်ား တြင္ သြားေရာက္ျဖည့္ရာတြင္ လည္း ပန႔္ကိုင္ဝန္ထမ္း ကို တိုင္ကီႁပြန္( အဖုံးဖြင့္လၽွင္ ဖြင့္ခ်င္း ေတြ႕ရေသာ အဝက်ယ္ပိုက္) ႀကီးမွ ေလသံၾကား လၽွင္ ဆီဆက္ မထည့္ဘဲ ရပ္ခိုင္းရန္ ဓာတ္ဆီျဖည့္တိုင္း မွာၾကားပါ၊
သို႔မဟုတ္ အခ်ိဳု.ေသာ ေခတ္မီ ဓာတ္ဆီျဖည့္သည့္ တိုင္မ်ားမွ ေဂါက္မ်ားမွာ ကားမွႁပြန္အတြင္း စိုက္ထည့္ထားသည္ တြင္ ဓာတ္ဆီမ်က္ႏွာျပင္ တက္လာၿပီး ေဂါက္ႏႈတ္သီးအဖ်ားႏွင့္ထိသည္ႏွ င့္ ပန႔္က အလိုအေလ်ာက္ ရပ္ေပးပါသည္။
ထိုသို႔ ရပ္သြားေသာ စနစ္ပါလၽွင္ လည္း ေဂါက္ကိုေနာက္ဆြဲ ၍ ထပ္မံ ျပည့္သထက္ျပည့္ေစရန္၊ သို႔မဟုတ္ ႁပြန္ထိပ္၀ ပိတ္ေသာ အဖုံး အထိေရာက္ေအာင္ ဆီမျဖည့္ရန္ ဆိုလိုျခင္း ျဖစ္သည္။
ကားအခ်ိဳ.ဓာတ္ဆီျဖည့္ေနပုံမွာ ကားလႈပ္၍ လၽွံက်(နီးပါး) အဖုံးႏွင့္ ဓာတ္ဆီမ်က္ႏွာျပင္ ထိသည္အထိ ဆီထည့္ေနၾကသည္ကို စိတ္မေကာင္းျခင္းမ်ားစြာျဖင့္ မၾကာခဏေတြ႕ရွိေနရျခင္းေၾကာင့္ သတိေပးရျခင္းျဖစ္သည္။
ဖြံံ့ၿဖိဳးတိုးတက္ေသာ နိုင္ငံႀကီးတို႔တြင္ မိမိကားကို ေလာင္စာဆီျဖည့္ၾကရာတြင္ ပန႔္ပိုက္ဆြဲ၊ ပန႔္ေခါင္းကိုင္ ဆီျဖည့္ရန္ အဖုံးဖြင့္ေပးမည့္သူ မရွိေပ။
ကိုယ္တိုင္လုပ္ေဆာင္ရာသည္တြင္ ဆီျဖည့္ပိုက္ႀကီးေခါင္း အတြက္ အေပါက္ဝေဂါက္ ကို တိုင္ကီ အေပါက္ အဝက်ယ္ထဲသို႔္ ခလုပ္ဆြဲပစ္ထားလိုက္သည္တြင္ ဓာတ္ဆီ မျပည့္မီ(အနည္းငယ္ အလိုတြင္ ေလသံမ်ားလိုက္လာသည့္ အေျခအေနတြင္) ပန႔္က ဆီျဖည့္သည့္ အလုပ္ကိုျဖတ္ခ် ရပ္တံ့ေပး လိုက္သည္။
ဓာတ္ဆီ ဆက္ျဖည့္ရန္ ေနရာက်န္ ရွိေနပါလ်က္ အဘယ္ေၾကာင့္ အျပည့္(လၽွံက်ခါနီး၊ ဝင္ဆံ့နိုင္သေလာက္ အေျခအေနအထိ) မျဖည့္ရပါသနည္း ဆိုသည့္ ေမးခြန္းသည္ ေမးရမည့္ အခ်ိန္၊ ေမးသင့္ေသာ အခါၾကဳံရပါေတာ့ သည္။
အေၾကာင္းမူကား သင္သည္ အမ်ားဆုံး၊ အျမင့္ဆုံး၊ အဆံ့ဆုံး၊ အဝင္ဆံ့နိုင္ဆုံး မျဖည့္သင့္သည္ ကို သိရွိသြားေသာေၾကာင့္ ျဖစ္ေပသည္။
အားလုံးေသာ ဓာတ္ဆီသုံးယာဥ္(ကား)မ်ားႏွင့္ ကားမ်ား တြင္ ဆယ္စုႏွစ္ေလးခုေလာက္မွ စတင္၍ စနစ္အတြင္း ထြက္ေပၚလာသည့္ (မျဖစ္မေန ထြက္ေပၚလာသည့္)ဓာတ္ဆီေငြ႕ ျပန္လည္စုေဆာင္းသည့္စနစ္(Vapour Recovery System) ပါဝင္ တပ္ဆင္ လာေသာေၾကာင့္ ျဖစ္သည္။
ျပန္လည္ ဖမ္းမိထာေသာ ဓာတ္(ဆီ)ေငြ႕၊ သို႔မဟုတ္ EVAP စနစ္ က ဓာတ္ဆီစနစ္ က ဓာတ္ဆီေငြ႕မ်ား ကို တိုင္ကီ အတြင္းမွာ ဖမ္းသည္။ ထိုမွ တဆင့္ ေလွာင္ဘူးငယ္(Canister) အတြင္းသို႔ လမ္းျပပို႔ေဆာင္သည္။
အင္ဂ်င္လည္ပတ္ေနစဥ္ ျဖစ္ေပၚေနေသာ ဓာတ္ဆီဓာတ္ေငြ႕မ်ားကို Intake Manifold သို႔ ဆက္လက္ လမ္းျပပို႔ေဆာင္ေပးျပန္ သည္ ။ ေပါက္ကြဲမီးေလာင္ျဖစ္စဥ္(Combustion Procedure) အတြင္း ပါဝင္သြားနိုင္ေစရန္ လမ္းေၾကာင္းေပးျခင္းလည္းျဖစ္သည္။
ေဆာင္ရြက္လိုက္ေသာ ဤ အစဥ္တန္း၊ သို႔မဟုတ္ စနစ္သည္ ကၽြႏု္ပ္တို႔ ရႉရွိုက္ေနရေသာ ေလကို အဆိပ္အေတာက္ ကင္းနိုင္သမၽွ ကင္းသြားေစရန္ ေဆာင္ရြက္လိုက္ျခင္းျဖစ္သည္။
ဓာတ္ဆီတိုင္ေဂါက္(ေခါင္း)ကို တိုင္ကီဆီထည့္ ႁပြန္ႀကီးအတြင္းသို႔စိုက္ထားၿပီး ဓာတ္ဆီေအာ္တိုျပည့္ေနစဥ္၊ သို႔မဟုတ္ အျပည့္အလၽွံမဟုတ္ေသး၊ အနည္းငယ္ လိုေနေသးေသာ အေျခအေနမ်ားတြင္ ေလသံမ်ား စတင္ထြက္ေပၚလာခိုက္ ဆီေဂါက္မွ အလိုအေလ်ာက္ ဓာတ္ဆီအက်ရပ္သြားမည္၊ သို႔မဟုတ္ ရပ္လိုက္ပါ။
ဓာတ္ဆီျဖည့္ေခါင္းႀကီး (Fuel Filler Nozzle)ကို အသာမၿပီး ျပင္ပသို႔ လၽွံက်လုနီးပါး(အဖုံးပင္ပိတ္ရန္ ခက္သည္အထိ)၊ သို႔မဟုတ္ ကားကိုလႈပ္၍ ဆက္ထည့္သည့္အလုပ္မ်ိဳး မျပဳလုပ္၊ မျဖည့္အပ္ေပ၊ အဘယ္ေၾကာင့္ ဆိုေသာ္ ဓာတ္ဆီ(အရည္) ကို စနစ္တြင္းပါရွိေသာ ဓာတ္ဆီအေငြ႕ဘူး(Vapour Cansister) အတြင္းသို႔ ေရာက္ရွိေစျခင္း ျဖစ္သျဖင့္ လြန္စြာအႏၲရယ္မ်ားသည္။
ထိုသို႔ လၽွံက်လုနီးပါး အဖုံးပင္ ပိတ္ရခက္သည့္ အေျခအေနမ်ိဳး အထိ ဓာတ္ဆီျဖည့္ျခင္း သည္ သင္ ဓာတ္ဆီျဖည့္ေနစဥ္ ဓာတ္ဆီအေငြ႕ဘူးက တိုင္ကီမွလာေသာ ဓာတ္ဆီေငြ႕ (အေငြ႕သက္သက္) ကိုသာ လက္ခံရမည္ျဖစ္ေသာ္ လည္း ဓာတ္ဆီေငြ႕ကို လက္မခံနိုင္ေတာ့ သည့္ အေျခအေန၊ အေနအထား ျဖစ္သြားေတာ့မည္။
အေငြ႕လႈပ္ရွားမူမ်ားအတြက္ လူးသာလွိမ့္သာပင္ ေနရာ(Space) လြတ္ မက်န္ေလာက္ေအာင္ ဓာတ္ဆီကို ျဖည့္လိုက္ပါက ျပည့္ခါနီးအေျခအေနတြင္ျဖစ္ေပၚေနေသာ ဓာတ္ဆီေငြ႕ တို႔သည္ မည္သည့္ေနရာ သို႔ သြားရေတာ့မည္ကို မသိနိုင္ေတာ့ေပ။
တိုင္ကီ အတြင္းသို႔ ဓာတ္ဆီကို ျဖည့္ညင္းစြာ ျဖည့္လၽွင္ပင္ ဓာတ္ဆီ အေငြ႕ျပန္သည္ကို မလႊဲေရွာင္နိုင္ေပ။
ဓာတိဆီေငြ႕ ဆားကစ္စနစ္ ပ်က္ဆီးကာ အေႏွာင့္အယွက္ျဖစ္သြားရျခင္းမွာ ယခင္က မေလ်ာ္မကန္ မွားယြင္းစြာ ဓာတ္ဆီျဖည့္ခဲ့မူေၾကာင့္ ျဖစ္နိုင္သည္။
ယင္းသို႔ခၽြတ္ယြင္းပါက သင့္ကားသည္လည္း ဓာတ္ဆီ အေငြ႕ေလွာင္ဘူးငယ္အသစ္ မလဲသေရြ႕ ပုံမွန္ ဆီ အျပည့္ျဖစ္ရန္ ပင္ စနစ္အတြင္း ေလခိုေအာင္းေနမူ မ်ားေၾကာင့္ မ်ားစြာ အခက္အခဲ ေတြ႕ေပလိမ့္မည္။
ဓာတ္ဆီျဖည့္တင္းမူ ကို Auto ျဖတ္ေတာက္ျခင္း သည္ ဆက္တိုက္ျဖတ္ေတာက္မူမ်ား ျဖစ္ေပၚေနၿပီး သင့္ကားတိုင္ကီမွာလဲ ပုံမွန္ အျပည့္ျဖည့္ရန္ မည္သို႔မၽွမျဖစ္နိုင္ ရွိေခ်ေတာ့မည္။
ယင္းအခက္အခဲကို ေျဖရွင္းရန္ တစ္ခုထည္းေသာ နည္းလမ္းမွာ ဓာတ္ဆီေငြ႕ဘူးမ်ိဳးႏွစ္မ်ိဳး အနက္ တစ္မ်ိဳးမ်ိဳးကို အစားထိုး လဲလိုက္ရန္ ျဖစ္သည္။
မိမိကားကို စက္ပိုင္းဆိုင္ရာျပႆနာ ျဖစ္နိုင္သည့္ နည္းတူ ပ်က္စီးရာပ်က္စီး ျဖစ္သည္ကလည္း တစ္ေၾကာင္း၊ ပတ္ဝန္းက်င္ေလထု အတြင္းသို႔ အဆိပ္ေငြ႕ထုတ္လႊတ္မူ ကို ျဖစ္ေပၚေစသည္ကလည္း တစ္ေၾကာင္းေၾကာင့္ မည္သို႔မၽွ အက်ိဳးပိုရွိလာမည္မဟုတ္သည့္ သင့္ကားဆီတိုင္ကီ အလြန္အမင္းျပည့္သည္ အထိ ဓာတ္ဆီျဖည့္တင္းသည့္ ကိစၥကို မည္သည့္အခါမၽွ မျပဳလုပ္မိေစရန္ သတိထားေစ လိုပါသည္။
Credit: Dr Myint Nyne