ဗဟုသုတ

မီးပူချိုးများ ဖယ်ရှားနည်းလေး မေးထားသူများအတွက်

မီးပူချိုးများ ဖယ်ရှားနည်းလေး မေးထားသူများအတွက်

မီးပူ တိုက်တဲ့ အခါ မီးကျွမ်း သွားလို့ မီးပူ ရဲ့အောက်ခြေမှာ ချိုး တွေ ကပ်နေတာ လူတိုင်း ကြုံတွေ့ဖူး ပါလိမ့်မယ်။

ဒီ ချိုး တွေကို မခွာ မခြင်း နောက်ထပ် အကျီ င်္တွေမှာပါ စွန်းထင်းပြီး အရာထင် နိုင်တာမို့ ကိုယ့်ရဲ့ အဝတ်စား တွေ မပျက်စီး ရလေအောင် ဒီဟာတွေကို ခွာချဖို့အရမ်းလွယ်ကူပြီး ငွေကုန်ကြေးကျမရှိတဲ့ နည်းလမ်းလေး တစ်ခုကို ဝေမျှပေးလိုက်ပါတယ်။

၁- မီးပူ တိုက်ဖို့အတွက် အဝတ် ပြန့်ပြန့်တစ်ခု အရင်ဦး ဆုံးခင်း လိုက်ပါ။

၂- အဝတ်ပြန့်ပေါ်သို့ အိမ်သုံးဆား ထမင်းစားဇွန်း တစ်ဇွန်းစာ ဖြူးချ လို်က်ပါ။

၃- မီးပူ ပလပ်ထိုးပြီး ပူလာတဲ့ အခါ အဝတ်ပြန့်ပေါ်မှာ မီးပူ တိုက်သကဲ့သို့ တိုက်လိုက်ပါ။

သိပ်မကြာခင် အချိန်လေး မှာ မီးပူ အောက်ခြေ မှာ ကပ်ညိ နေတဲ့ ချိုး တွေဟာ အိမ်သုံးဆား မှာ ကပ်ပါသွားပြီး မီးပူ အောက်ခြေဟာ အသစ်ကဲ့သို့ ပြန်လည် ဖြစ်သွားတာကို တွေ့ရ ပါလိမ့်မယ်။

Ref & Photo Credit : Shwe La Young

Posted By : Sint Sint (ShweProperty.com)

Credit: Shwe Property





၂- အ၀တ်ပြန့်ပေါ်သို့ အိမ်သုံးဆား ထမင်းစားဇွန်း တစ်ဇွန်းစာ ဖြူးချ လိုက်ပါ။





Credit: Shwe Property