.ရာသက်ပန် နေ့ဆွမ်းလှူဒါန်းမှုကြီးပြုလုပ်လိုက်တဲ့ ၁၁၅ မိုင် ပိုင်အိုးနီးယား သူဌေးလင်မလားပရိသတ်ကြီးရေ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ မွန်မြတ်တဲ့အလှူလေးကိုလှူခဲ့တဲ့ သူဌေးကြီးတစ်ဦးရဲ့အလှူလေးကို သာဓုခေါ်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်နော်..ဤပို့စ်အား ပြန်လည် share လုပ်ပေးခြင်းဖြင့်ကုသိုလ်ပြုပေးတော်မူကြပါရန်တစ်ရက်ထပ်တိုးလိုက်တဲ့ရာသက်ပန်နေ့ဆွမ်း။
ယခင်က ပိုင်အိုးနီးယားစားသောက်ဆိုင်(၁၁၅)မှာ ခရီးသွားရင်းကြွရောက်တော်မူလာကြကုန်သောရဟန်း၊သံဃာ၊သီလရှင်အပေါင်းတို့ အား ကျွန်တော်တို့နှစ်ယောက်ရဲ့မွေးနံဖြစ်တဲ့ သောကြာနဲ့တနင်္ဂနွေနေ့ရောက်တိုင်း ရာသက်ပန် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ရာမှ ယခုနှစ် ဝါတွင်းကာလမှစ၍ ဥပုသ် နေ့တစ်ရက်ထပ်တိုးကာ သောကြာ ..တနင်္ဂနွေ..ဥပုသ်နေ့ရောက်တိုင်းရာသက်ပန်နေ့ဆွမ်းဆက်ကပ်လှူဒါန်းပါမည်ဘုရား။
ဤနေ့ရောက်တိုင်း ၁၁၅မိုင်သို့ ယာဉ်လိုင်းပေါင်းစုံမှ ခရီးသွားရင်းကြွရောက်တော်မူလာကြကုန်သောရဟန်း၊သံဃာ၊သီလရှင် အပေါင်းအား မိမိလိုက်ပါလာသော ကားများ အခြားဆိုင်တွေကိုရပ်နားခဲ့လျှင်တောင်တပည့်တော်တို့နှစ်ယောက်ရဲ့ပိုင်အိုးနီးယား
ာသောက်ဆိုင်မှာ နေ့ဆွမ်းကြွရောက်ဘုန်းပေးကြပါရန်ရိုသေစွာလျှောက်တင်အပ်ပါသည်ဘုရား။နီးစပ်ရာရဟန်းသံဃာအပေါင်းတို့အားလည်းမိန့်ကြားပေးပါရန်လျှောက်တင်အပ်ပါသည်ဘုရား။တပည့်တော်တို့၏ ရာသက်ပန်နေ့ဆွမ်းဆက်ကပ်ရက်သောကြာ တနင်္ဂနွေ ဥပုသ်။ပြုသမျှကုသိုလ်…အမျှ..အမျှ..အမျှ ကျွန်တော်တို့မိသားစုနှင့်အတူထပ်တူရကြပါစေသောဝ်သာဓု..သာဓု..သာဓု
Source : ဇော်မိုး ပိုင်အိုးနီးယား ၁၁၅
zawgyi version
.ရာသက္ပန္ ေန႔ဆြမ္းလႉဒါန္းမႈႀကီးျပဳလုပ္လိုက္တဲ့ ၁၁၅ မိုင္ ပိုင္အိုးနီးယား သူေဌးလင္မလားပရိသတ္ႀကီးေရ ဗုဒၶဘာသာဝင္တစ္ဦးအေနနဲ႔ မြန္ျမတ္တဲ့အလႉေလးကိုလႉခဲ့တဲ့ သူေဌးႀကီးတစ္ဦးရဲ႕အလႉေလးကို သာဓုေခၚႏိုင္ေအာင္ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္..ဤပို႔စ္အား ျပန္လည္ share လုပ္ေပးျခင္းျဖင့္ကုသိုလ္ျပဳေပးေတာ္မူၾကပါရန္တစ္ရက္ထပ္တိုးလိုက္တဲ့ရာသက္ပန္ေန႔ဆြမ္း။
ယခင္က ပိုင္အိုးနီးယားစားေသာက္ဆိုင္(၁၁၅)မွာ ခရီးသြားရင္းႂကြေရာက္ေတာ္မူလာၾကကုန္ေသာရဟန္း၊သံဃာ၊သီလရွင္အေပါင္းတို႔ အား ကြၽန္ေတာ္တို႔ႏွစ္ေယာက္ရဲ႕ေမြးနံျဖစ္တဲ့ ေသာၾကာနဲ႔တနဂၤေႏြေန႔ေရာက္တိုင္း ရာသက္ပန္ ေန႔ဆြမ္းဆက္ကပ္လႉဒါန္းခဲ့ရာမွ ယခုႏွစ္ ဝါတြင္းကာလမွစ၍ ဥပုသ္ ေန႔တစ္ရက္ထပ္တိုးကာ ေသာၾကာ ..တနဂၤေႏြ..ဥပုသ္ေန႔ေရာက္တိုင္းရာသက္ပန္ေန႔ဆြမ္းဆက္ကပ္လႉဒါန္းပါမည္ဘုရား။
ဤေန႔ေရာက္တိုင္း ၁၁၅မိုင္သို႔ ယာဥ္လိုင္းေပါင္းစုံမွ ခရီးသြားရင္းႂကြေရာက္ေတာ္မူလာၾကကုန္ေသာရဟန္း၊သံဃာ၊သီလရွင္ အေပါင္းအား မိမိလိုက္ပါလာေသာ ကားမ်ား အျခားဆိုင္ေတြကိုရပ္နားခဲ့လွ်င္ေတာင္တပည့္ေတာ္တို႔ႏွစ္ေယာက္ရဲ႕ပိုင္အိုးနီးယား
ာေသာက္ဆိုင္မွာ ေန႔ဆြမ္းႂကြေရာက္ဘုန္းေပးၾကပါရန္႐ိုေသစြာေလွ်ာက္တင္အပ္ပါသည္ဘုရား။နီးစပ္ရာရဟန္းသံဃာအေပါင္းတို႔အားလည္းမိန႔္ၾကားေပးပါရန္ေလွ်ာက္တင္အပ္ပါသည္ဘုရား။တပည့္ေတာ္တို႔၏ ရာသက္ပန္ေန႔ဆြမ္းဆက္ကပ္ရက္ေသာၾကာ တနဂၤေႏြ ဥပုသ္။ျပဳသမွ်ကုသိုလ္…အမွ်..အမွ်..အမွ် ကြၽန္ေတာ္တို႔မိသားစုႏွင့္အတူထပ္တူရၾကပါေစေသာဝ္သာဓု..သာဓု..သာဓု
Source : ေဇာ္မိုး ပိုင္အိုးနီးယား ၁၁၅



