ၾကားသိရသမွ်

အခုလိုသီတင်းကျွတ်မှာ အဖေနဲ့အမေကိုကန်တော့ချင်တယ်ဆိုပြီး စိတ်မကောင်းစွာပြောလာတဲ့ ထားထက်ထက်

အရင်နှစ်တွေကနဲ့ လုံးဝ မတူတဲ့ ခံစားချက် ပေါင်းစုံ နဲ့ အဆိုးဆုံး နှစ်တနှစ်လို့ ခံစားရတယ်

နေ့စဉ်ကန်တော့တယ် ဆိုပေမယ့် ဒီလိုနေ့မျိုးမှာ နှစ်စဉ် မောင်နှမတွေ စုံစုံညီညီ နဲ့ မိဘ နှစ်ပါး စုံ ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကန်တော့ကြ ၊ မုန့်တွေ လုပ်စားကြ ၊ မီးပန်းတွေ ဖောက်ကြ နဲ့ သိပ်ပျော်စရာကောင်းတဲ့ အချိန်တွေပေါ့

မှတ်မှတ်ရရ အမအကြီးဆုံးနဲ့ အတူတူ အိမ် ဆောက်လက်စ ရဲ့ အပေါ်ဆုံးထပ်မှာ မီးရှူးမီးပန်းအကြီးကြီးတွေကို ဖောက်ကြလို့ ရုံးခန်းရောက်ခဲ့ရတာတွေ ၊ ခြံထဲ မှာ အဖေ အမေတို့နဲ့ အတူတူ မီးထွန်း ၊ ငရဲမီးဆော့ခဲ့တာတွေ မေ့မရနိုင်တဲ့ အမှတ်တရတွေပါပဲနောက် ဘယ်တော့မှ ပြန်မရနိုင်မယ့် အမှတ်တရတွေ ဖြစ်ကျန်ခဲ့ပြီလေ

အခုတော့ သိပ်လှလွန်းတဲ့ လမင်းကြီးရယ် တိမ်တွေ အထပ်ထပ် နဲ့ ကောင်းကင်ကြီးရယ်ကို ကြည့် ၊ ဖယောင်းတိုင်းလေး ထွန်းရင်း လွမ်းလို့ ငိုရပါတယ်အဖေနဲ့အမေကို မနှစ်ကအတိုင်း လက်စုံမိုး အနီးကပ် ကန်တော့ချင်လိုက်တာ

ဖြစ်ချင်တာတွေ မဖြစ်နိုင်တော့လဲ အနီးနားရှိတဲ့ အဖူး နဲ့ လူကြီးသူမတွေကို ကန်တော့ရင်း ကုသိုလ်ယူရပါတယ်…

တဆက်ထဲ တော်လှန်ရေးမှာ အလှူပါဝင်ပေးကြတဲ့ ဆရာ ဆရာမများ ၊ မိဘ ညီ အကို မောင်နှမများ ၊ နေရာ ပေါင်းစုံ ဘက်ပေါင်းစုံမှ ပါဝင်ကြသူများ ၊ အမှန်တရားကို ချစ်မြတ်နိုးလို့ ဓမ္မ ဘက်မှ ရဲဝံ့စွာ ရပ်တည် ကြိုးစား ပါဝင်ကြသူများ ၊ ကူညီဖေးမ အားပေး စောင့်ရှောက်ကြသူများ အားလုံး တစ်ယောက်မကျန်ကို ရိုသေလေးစားစွာနဲ့ ရောက်ရာနေရာကနေပဲ ကန်တော့လိုက်ရပါတယ်

Zawgyi/

အရင်နှစ်တွေကနဲ့ လုံးဝ မတူတဲ့ ခံစားချက် ပေါင်းစုံ နဲ့ အဆိုးဆုံး နှစ်တနှစ်လို့ ခံစားရတယ်

နေ့စဉ်ကန်တော့တယ် ဆိုပေမယ့် ဒီလိုနေ့မျိုးမှာ နှစ်စဉ် မောင်နှမတွေ စုံစုံညီညီ နဲ့ မိဘ နှစ်ပါး စုံ ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကန်တော့ကြ ၊ မုန့်တွေ လုပ်စားကြ ၊ မီးပန်းတွေ ဖောက်ကြ နဲ့ သိပ်ပျော်စရာကောင်းတဲ့ အချိန်တွေပေါ့

မှတ်မှတ်ရရ အမအကြီးဆုံးနဲ့ အတူတူ အိမ် ဆောက်လက်စ ရဲ့ အပေါ်ဆုံးထပ်မှာ မီးရှူးမီးပန်းအကြီးကြီးတွေကို ဖောက်ကြလို့ ရုံးခန်းရောက်ခဲ့ရတာတွေ ၊ ခြံထဲ မှာ အဖေ အမေတို့နဲ့ အတူတူ မီးထွန်း ၊ ငရဲမီးဆော့ခဲ့တာတွေ မေ့မရနိုင်တဲ့ အမှတ်တရတွေပါပဲနောက် ဘယ်တော့မှ ပြန်မရနိုင်မယ့် အမှတ်တရတွေ ဖြစ်ကျန်ခဲ့ပြီလေ

အခုတော့ သိပ်လှလွန်းတဲ့ လမင်းကြီးရယ် တိမ်တွေ အထပ်ထပ် နဲ့ ကောင်းကင်ကြီးရယ်ကို ကြည့် ၊ ဖယောင်းတိုင်းလေး ထွန်းရင်း လွမ်းလို့ ငိုရပါတယ်အဖေနဲ့အမေကို မနှစ်ကအတိုင်း လက်စုံမိုး အနီးကပ် ကန်တော့ချင်လိုက်တာ

ဖြစ်ချင်တာတွေ မဖြစ်နိုင်တော့လဲ အနီးနားရှိတဲ့ အဖူး နဲ့ လူကြီးသူမတွေကို ကန်တော့ရင်း ကုသိုလ်ယူရပါတယ်…

တဆက်ထဲ တော်လှန်ရေးမှာ အလှူပါဝင်ပေးကြတဲ့ ဆရာ ဆရာမများ ၊ မိဘ ညီ အကို မောင်နှမများ ၊ နေရာ ပေါင်းစုံ ဘက်ပေါင်းစုံမှ ပါဝင်ကြသူများ ၊ အမှန်တရားကို ချစ်မြတ်နိုးလို့ ဓမ္မ ဘက်မှ ရဲဝံ့စွာ ရပ်တည် ကြိုးစား ပါဝင်ကြသူများ ၊ ကူညီဖေးမ အားပေး စောင့်ရှောက်ကြသူများ အားလုံး တစ်ယောက်မကျန်ကို ရိုသေလေးစားစွာနဲ့ ရောက်ရာနေရာကနေပဲ ကန်တော့လိုက်ရပါတယ်…