စူပါမန်းလို ဆိုင်ကယ်မောင်းတဲ့သူရဲ့ အဖြစ်ဆိုး (ရုပ်သံ)
ဘယ်နေရာမှာမဆို လုံခြုံရေးကို ဦးစားပေးတာက အကောင်းဆုံးပါပဲ။ မိမိအသက်လောက်လဲ ဘယ်အရာမှ အရေးမကြီးပါဘူး။ နေရာတကာမှာ လူထင်ကြီးခံရဖို့ထက် မိမိအသက် လုံခြုံရေးကိုသာ ဦးစားပေးသင့်ပါတယ်။မလေးရှားနိုင်ငံက လူငယ်တစ်ယောက်ဟာ stunt ထွင်စီးရင်း ဂငယ်ကွေ့ ကွေ့လာတဲ့ ကားတစ်စီးနဲ့ Pasir Tumboh လမ်းဆုံမှာ တိုက်မိသွားပါတယ်။ သူဟာ အရှိန်မထိန်းနိုင်တော့ပဲ ကားနဲ့တိုက်မိသွားတာပါ။

စိတ်မကောင်းစွာနဲ့ပဲ လူငယ်ဟာ တိုက်မိတဲ့အရှိန် ပြင်းလွန်းတာကြောင့် သေဆုံးသွားပါတယ်။ ဒါကိုလဲ အမှတ်မထင် ရိုက်ကူးမိသွားတဲ့ လူလဲရှိပါတယ်။ဆိုင်ကယ်စီးရင် ဦးထုပ်ကို ဆောင်းသင့်ပါတယ်။ ဦးထုပ်ဟာ သင့်အသက်နဲ့ ခေါင်းကို အများကြီး အကာအကွယ်ပေးနိုင်ပါတယ်။

Pasir Tumboh မီးသတ်နှင့် ကယ်ဆယ်ရေးဋ္ဌာနအကြီးအကဲ Taraff Mohd Bin Zachariah ရဲ့ ပြောဆိုချက်အရကတော့ သေဆုံးသူက ကုန်တင်ယာဉ်ရဲ့နောက်ဘီးကြားမှာ ညှပ်ပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ဘယ်နေရာမှာမဆို သတိရှိဖို့နဲ့ လုံခြုံရေးကို ဦးစားပေးဖို့က အလွန်ကိုအရေးကြီးပါတယ်။
Zombie (Lovemedia)
Zawgyi
စူပါမန္းလို ဆိုင္ကယ္ေမာင္းတဲ့သူရဲ႕ အျဖစ္ဆိုး (႐ုပ္သံ)
ဘယ္ေနရာမွာမဆို လုံၿခဳံေရးကို ဦးစားေပးတာက အေကာင္းဆုံးပါပဲ။ မိမိအသက္ေလာက္လဲ ဘယ္အရာမွ အေရးမႀကီးပါဘူး။ ေနရာတကာမွာ လူထင္ႀကီးခံရဖို႔ထက္ မိမိအသက္ လုံၿခဳံေရးကိုသာ ဦးစားေပးသင့္ပါတယ္။မေလးရွားႏိုင္ငံက လူငယ္တစ္ေယာက္ဟာ stunt ထြင္စီးရင္း ဂငယ္ေကြ႕ ေကြ႕လာတဲ့ ကားတစ္စီးနဲ႔ Pasir Tumboh လမ္းဆုံမွာ တိုက္မိသြားပါတယ္။ သူဟာ အရွိန္မထိန္းႏိုင္ေတာ့ပဲ ကားနဲ႔တိုက္မိသြားတာပါ။
စိတ္မေကာင္းစြာနဲ႔ပဲ လူငယ္ဟာ တိုက္မိတဲ့အရွိန္ ျပင္းလြန္းတာေၾကာင့္ ေသဆုံးသြားပါတယ္။ ဒါကိုလဲ အမွတ္မထင္ ႐ိုက္ကူးမိသြားတဲ့ လူလဲရွိပါတယ္။ဆိုင္ကယ္စီးရင္ ဦးထုပ္ကို ေဆာင္းသင့္ပါတယ္။ ဦးထုပ္ဟာ သင့္အသက္နဲ႔ ေခါင္းကို အမ်ားႀကီး အကာအကြယ္ေပးႏိုင္ပါတယ္။
Pasir Tumboh မီးသတ္ႏွင့္ ကယ္ဆယ္ေရး႒ာနအႀကီးအကဲ Taraff Mohd Bin Zachariah ရဲ႕ ေျပာဆိုခ်က္အရကေတာ့ ေသဆုံးသူက ကုန္တင္ယာဥ္ရဲ႕ေနာက္ဘီးၾကားမွာ ညႇပ္ၿပီး ေသဆုံးသြားတယ္လို႔ ဆိုပါတယ္။ဘယ္ေနရာမွာမဆို သတိရွိဖို႔နဲ႔ လုံၿခဳံေရးကို ဦးစားေပးဖို႔က အလြန္ကိုအေရးႀကီးပါတယ္။
Zombie (Lovemedia)



