ၾကားသိရသမွ်

ဗဟိုဘဏ်က မသိချင်ယောင်ဆောင်ထားတဲ့ ပုဂ္ဂလိက ဘဏ်တွေရဲ့ လူပါးဝအမြတ်ကြီးစားနေမှုကို ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ ဖွင့်ချ

ပုဂ္ဂလိက (AD) ဘဏ်တွေမှာ မြန်မာကျပ်ငွေဘီလီယံနဲ့ချီပြီး ငွေသားတွေလက်ခံရရှိနေပေမဲ့ ဘဏ်လုပ်ငန်းရှင်တွေဟာ ပြည်သူတွေ အပ်နှံ

ထားတဲ့ငွေတွေကို အလွယ် တကူပြန်ထုတ်မပေးဘဲ လူထုဆီက ခေါင်းပုံဖြတ် အမြတ်ကြီးစားလုပ်ကိုင်နေတယ်လို့ ပို့ကုန်သွင်းကုန်လုပ်ငန်း

ရှင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာ ဏာသိမ်းပြီးနောက် လူထုက ဘဏ်တွေမှာ စုဆောင်းထားတဲ့ မိမိပိုင်ငွေကြေးတွေ

ဆုံးရှုံးမှာစိုးရိမ်တဲ့အတွက် ငွေထုတ်ယူမှုရှိလာတာကို အကြောင်းပြုပြီး ဘဏ်ပိုင်ရှင် တွေက နည်းမျိုးစုံဖြင့် ကန့်သတ်မှုတွေ လုပ်လာခဲ့ပါ

တယ်။စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကလည်း ဘဏ်တွေမှာ ပြည်သူပိုင်ငွေကြေးတွေ အလွယ် တကူထုတ်ယူခွင့်မရရှိအောင် ဘဏ်

ပိုင်ရှင်တွေနဲ့ လက်ဝါးရိုက်ပြီး ထိန်းချုပ်ထားတာ အချိန်အားဖြင့် ၈ လတာ ကြာပြီဖြစ်ပါတယ်။

ဒါကြောင့် ပုဂ္ဂလိကဘဏ်တွေမှာ ငွေသားစီးဆင်းမှုမရှိလို့ ပြည်သူပိုင်ငွေကြေးတွေ ထုတ်မပေးနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်က လက်တွေ့

မကျတဲ့အကြောင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တဦးကပြောပါတယ်။…

“ဗဟိုဘဏ် rate နဲ့ US ဒေါ်လာ ဝယ်လိုသူတွေ က မိမိတို့ငွေစာရင်းဖွင့်ထားတဲ့ ပုဂ္ဂလိက ဘဏ်တွေမှာ မိမိဝယ်ယူလိုတဲ့ US ဒေါ်လာ

ပမာဏပေါ်မူတည်ပြီး ဘဏ်ငွေစာရင်း အသစ်ထဲမှာ ငွေသား (cash) အရင်ထည့် သွင်းထားရပါမယ်။ ဥပမာ US ဒေါ်လာ တသန်း ဝယ်ချင်

ရင် ကျပ် (၁.၈) ဘီလီယံ ငွေသား (cash) ထည့်ထားရတဲ့ သဘောပါ။ ပြီးရင်တော့ လိုအပ်တဲ့ sale contract, invoice, shipping

documents တွေပါတင်ပြထားဖို့တော့ လိုတာပေါ့နော်။ဒီလိုနည်းနဲ့ ရောင်း ချပေးတာ ဖြစ်လို့ ပုဂ္ဂလိကဘဏ်တွေမှာ ငွေသား (cash) တွေ

ရရှိနေတာပါ။

ဒါကြောင့် ဗဟိုဘဏ်ကနေ US ဒေါ်လာ များများဝယ်ခွင့် ရတဲ့ ဘဏ်က cash များများရတာကို ကျနော်တို့တွေ့ရပါတယ်။ မနေ့

က(အောက်တိုဘာ ၁၈ရက်) ဆိုရင်ဗျာ ဗဟိုဘဏ်က US ဒေါ်လာသန်း (၅၀) ကိုရောင်းချပေးတဲ့အတွက် ပုဂ္ဂလိကဘဏ်တွေမှာ ငွေသား

(cash) က ကျပ်ဘီလီယံ ( ၉၀) နီးပါး ရရှိစေပါတယ်။ ဒီတော့ ပုဂ္ဂလိကဘဏ်တွေမှာ ငွေသားစီးဆင်းမှုမရှိဘူးလို့ ဘဏ်လုပ်ငန်းရှင်တွေ

အကြောင်းပြချက်က လက်တွေ့မကျဘူး ဆိုတာ ပေါ်လွင်စေတယ်ဗျာ။ ဒါဆို ဘဏ်တွေဆီရောက်သွားတဲ့ ဒီငွေတွေက ဘယ်ရောက်သွား

လဲ” လို့ အခုလိုထောက်ပြ ပြောပါတယ်။

ပြည်သူတွေမှာတော့ လိုအပ်တဲ့ငွေကြေးကို အလွယ် တကူ ထုတ်ယူခွင့်မရတဲ့အတွက် ရာခိုင်နှုန်းတခုပေးပြီး ထုတ်ယူရတဲ့ မှောင်ခိုဈေး

ကွက်ကြီးကတော့ ပုဂ္ဂလိကဘဏ်တွေအကြားမှာ ကောင်းစွာရှင်သန်ကြီးထွားလို့နေပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တဦးကလည်း “ကုမ္ပဏီတွေအတွက် ဗဟိုဘဏ်သတ်မှတ်ချက် သိန်း ၂၀၀ ရရင် တောင် ကျနော်တို့က အဆင်ပြေ

တယ်ဗျာ။ အဲ့ သိန်း ၂၀၀ လည်း ထုတ်မရဘူး။ ATM စက်မှာလည်း မထည့်လို့ ထုတ်မရဘူးဗျာ။ ဒါပေမယ့် ရာခိုင်နှုန်းပေးပြီးထုတ်ရင်တော့

ရတယ်ဗျာ။ ရာခိုင်နှုန်းကလည်း အကောင့်ကနေ ထုတ်ရင် အနည်းဆုံး ၆ ရာခိုင်နှုန်းပေးရတယ်။ ပိုဆိုးတာက အခြေခံ လူတန်းစားတွေသုံး

နေရတဲ့ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတွေ ဥပမာ (Wave money)ဆိုရင် ၁၀ ရာခိုင်နှုန်းတောင် ပေးရတယ်။

သူရတဲ့လစာ ၁သိန်း ကို နယ်ကအိမ်ဆီ ပြန်လွှဲတာ ၁၀ ရာခိုင်နှုန်းဆိုတော့ ၉သောင်းပဲ ရတော့တယ်ဗျာ။ အဲ့တော့ ဘဏ်တွေနဲ့ငွေလွှဲ

လုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေက လူထုဆီက ခေါင်းပုံဖြတ်ပြီး စားသောက်နေတာကို ဗဟိုဘဏ်ကလည်း မမြင်ချင်ယောင်ပြီး ခွင့်ပြုပေး

ထားသလားလို့ သံသယရှိတယ်ဗျာ” လို့ဆိုပါတယ်။

ဗဟိုဘဏ်မှ ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ (AD) လိုင်စင်ရ ပုဂ္ဂလိကဘဏ်အရေ အတွက် ၂၁ ခုရှိတာ တွေ့ရပါ

တယ်။မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ပြည်သူလူထုဟာ ပုဂ္ဂိလက ဘဏ်တွေကနေ မိမိပိုင်ငွေတွေကို ခက်ခက်ခဲခဲအလီလီခွဲပြီး

ထုတ်ယူနေကြရတာဖြစ်ပြီး အပ်နှံထားတဲ့ ငွေတွေဟာလည်း မြန်မာကျပ်ငွေဖောင်းပွမှုကြောင့် တန်ဖိုးကျဆင်းမှုနဲ့လည်း ကြုံတွေ့နေကြရ

ပါတယ်။

ဒါ့အပြင် ပုဂ္ဂိလက ဘဏ်တချို့က ကိုယ့်ရဲ့ဖောက်သည်တွေကို စစ်ကောင်စီထံသတင်းပေးပြီး ဖမ်းဆီးခိုင်းတာ ၊ CDM ဝန်ထမ်းတွေကို

ငွေကြေးထောက်ပံ့တယ်၊ NUG ထီထိုးတယ်စတဲ့ စွပ်စွဲချက်တွေနဲ့ ဘဏ်အကောင့်တွေကို ပိတ်ပြီး ငွေတွေသိမ်းယူတာတွေလည်း ဥပဒေမဲ့

လုပ်ဆောင်နေပါတယ်။