ၾကားသိရသမွ်

တွံ့တေးတွင် ဈေးဆိုင်များမဖွင့်ရန်နှင့် ပြည်သူများ အိမ်ပြင်မထွက်ရန် စစ်တပ်က သေနတ်ဖောက် အော်ဟစ်သောင်းကျန်းဆဲဆိုနေ

တွံ့တေးတွင် စျေးဆိုင်များမဖွင့်ရန်နှင့် ပြည်သူများ အိမ်ပြင်မထွက်ရန် စစ်တပ်က သေနတ်ဖောက် အော်ဟစ်သောင်းကျန်းဆဲဆိုနေ၊ စျေးများ ၇ ရက်ပိတ်ရမည်ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ရန်ကုန်တိုင်း၊တွံ့တေးမြို့နယ်တွင် ယမန်နေ့ စစ်အာဏာရှင် တော်လှန်ရေး အသံတိတ် သပိတ်ပါဝင်မှုအတွက် ယနေ့ နံနက်စျေးဆိုင်များမဖွင့်ရန်နှင့် ပြည်သူများ အိမ်မ

ထွက်ရန် စစ်တပ်က သေနတ်ဖောက် သောင်းကျန်းအော်ဟစ်ဆဲဆိုနေကြောင်း တွံ့တေးမြို့ခံများထံမှ သိရှိရသည်။

“တွံတေးမှာ မနက်ငါးနာရီခွဲဆို ကုန်စိမ်းတန်းဖွင့်ပါတယ်။ ပုံမှန်ပါ။ မနေ့က ဘယ်ဆိုင်မှ မဖွင့်ပါဘူး။ ဒီနေ့ မနက်ငါးနာရီခွဲမှာ ပြန်ဖွင့်တဲ့အခါမှာ။ စစ်ခွေးတွေက

သေနတ်ပစ်ဖောက်ပြီးပြန်ပိတ်ခိုင်းပါတယ်။ မနက် ၆ နာရီခန့်မှာ အိမ်ဆိုင်တွေကိုပါသေနတ်နဲ့ချိန်ပြီး။ ပြန်ပိတ်ခိုင်းပါတယ်” ဟု စျေးသည်တစ်ဦးက ပြောသည်။

အလားတူ တွံ့တေးမြို့မှ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကလည်း “မနက် ၅နာရီ ၄၀ လောက်မှာ စစ်ခွေးတွေက သေနတ်ဖောက်ပြီး ဖွင့်တဲ့လက်ဖက်ရည်ဆိုင်တွေကို

အကုန်လိုက်ပိတ်ခိုင်းပါတယ် လမ်းဘေးဈေးသည်တွေကို သိမ်းခိုင်းတယ် ဈေးကိုပိတ်ပြီး စောင့်နေပါတယ် လူတွေကိုလည်း ပြန်လှည့်ခိုင်းတယ်… ၆ခွဲလောက် လူ

တွေ ထွက်လာတော့ ဟေ့ကောင်တွေ မနေ့ကလိုပဲ မင်းတို့ပိတ်လေ… ပိတ်ထားကြ… ဘယ်မှမထွက်နဲ့ဆိုပြီး သေနတ်တကားကားနဲ့ လိုက်ဖြဲခြောက်နေပါတယ်…. အိမ်

ပြင်မှာထွက်ထိုင်လို့မရဘူး အိမ်တံခါးဖွင့်ထားလို့မရဘူးလို့ လိုက်အော်နေပါတယ်” ဟု ပြောဆိုသည်။

ဆိုင်ဖွင့်ခြင်းနှင့် လူများအပြင်ထွက်မည်ဆိုပါက သေနတ်ဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ပြီး ပြန်လည်ပိတ်သိမ်းခိုင်းလိုက်ကြောင်း သိရှိရသည်။

လက်ရှိနောက်ဆုံသတင်းများအရ တွံ့တေးမြို့နယ်အတွင်းရှိ စျေးများကို ၇ ရက်တိတိ ပိတ်သိမ်းရန် စစ်တပ်က ပြောဆိုနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- တွံ့တေးမြို့နယ်တွင် သောင်းကျန်း ဖျက်ဆီး အော်ဟစ် ဆဲဆိုနေသော အကြမ်းဖက် စစ်တပ်ကို ယနေ့ နံနက်ပိုင်း မြင်တွေ့ရစဉ်။