ထိုင်းနိုင်ငံမှ အသက်၁၈နှစ်အရွယ် မိန်းကလေးတစ်ဦးသည် မွေးချင်းညီအစ်မ သုံးယောက်ရှိပြီး ဖခင်ဖြစ်သူမှ ဆိုင်ကယ်ပြင်ဆိုင်လေးဖွင့်ကာ အသက်မွေး၀မ်းကျောင်းပြုရင်း မိသားစုစားစရိတ်ကို ထောက်ပံ့ပေးခဲ့သည်။
ထိုစဥ် မိန်းကလေးသည် အသက်၁၄နှစ်အရွယ်ကစပြီး ကျောင်းကပြန်လာတိုင်း ဖခင်ဖြစ်သူသက်သာအောင် ဆိုင်ကယ်ကိုပြင်ကူရင်းနဲ့ ဝါသနာလည်းပါတာကြောင့် အစအဆုံး တတ်မြောက်သည်ထိ သင်ယူခဲ့သည်။
မိန်းကလေးရဲ့ စိတ်ဝင်တစားသင်ယူလေ့လာမှုကြောင့် အသက်၁၈နှစ်အရွယ် ရောက်သည့်အခါ ဖခင်ဖြစ်သူလည်း အသက်ကြီးနေပြီဖြစ်၍ အလုပ်ကနေ အနားယူခိုင်းလိုက်ပြီး ဆိုင်ကယ်ပြင်ဆိုင်ကို သူမတစ်ယောက်တည်း ဦးစီးလုပ်ကိုင်ခဲ့သည်။
မိန်းကလေးရဲ့ မိခင်ဖြစ်သူမှာ ရောဂါအခံရှိတာကြောင့် ဆေးကုသနေရသည့်အတွက် မိသားစုဧ။်စားဝတ်နေရေးသည် အဆင်မပြေပဲရှိရာ ကျန်တဲ့ညီမငယ်နှစ်ယောက်မှ စက်ရုံတစ်ခုတွင် အလုပ်ဆင်းကြရသည်။
မိန်းကလေးသည် ရုပ်ရည်အားဖြင့် ချောမောပြီး ချစ်စရာကောင်းနေတာကြောင့် တစ်ယောက်တည်း ဆိုင်ကယ်ပြင်ဆိုင်ဖွင့်လိုက်သည်နှင့် ကောင်လေးအများစုမှာ အမြဲလိုလို လာရောက်ပြီးပြုပြင်ခဲ့ကြသည်။
Hlaing (Love Feeling)
Zawgyi
ဆိုင်ကယ်ပြင်ပေးတဲ့မိန်းကလေးမှာ ချောမောလှပလွန်းတာကြောင့် ကောင်လေးအများစုမှ ဆိုင်ကယ်တကယ်မပျက်ပဲနဲ့ ခဏခဏလာပြင်နေကြသည့်အဖြစ်
Hlaing (Love Feeling)