ရန်ကုန်တိုင်းဒေသကြီး မြို့နယ် (၅) မြို့နယ်မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် နေ့တပိုင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မယ့် အကြောင်းကို ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ကြေညာချက် ထုတ်လိုက်ပါတယ်။
မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း..
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတဓာတ်အားပေးစက်ရုံ မှ ဓာတ်အားပေးထားသော 66kV သာကေတ-စိန်ပန်းမြိုင် (၁) (၂) ၊ နှစ်ထပ်ဓာတ် အားလိုင်းတစ်လျှောက် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်း လင်းခြင်းလုပ်ငန်းကို အရှေ့ပိုင်းခရိုင်မြို့နယ်များမှ (၁၂.၁၂.၂၀၂၁) ရက်နေ့ နံနက် ၉ နာရီ မှ နေ့လည် ၁ နာရီအတွင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ထိုသို့ ဆောင်ရွက်နေစဉ်အတွင်း ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ တောင်ဉက္ကလာပ၊ ရန်ကင်း၊ မရမ်းကုန်း၊ လှိုင် မြို့နယ်များအတွင်း ယာယီ ဓာတ်အား ပြတ်တောက်မှု ရှိမည် ဖြစ်ပါကြောင်းနှင့် အရေးကြီးနေရာများ ဓာတ်အားပြတ်တောက်မှု မရှိစေရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
unicode