ၾကားသိရသမွ်

သူမရဲ့ ပညာရေးအတွက်နဲ့ ကျောင်းထွက်ပေးခဲ့တဲ့ အစ်ကိုဖြစ်သူကို ဘွဲ့ယူတဲ့နေ့မှာ ဒူးထောက်ဦးညွှတ်ခဲ့တဲ့ ညီမဖြစ်သူ

သူမရဲ့ ပညာရေးအတွက်နဲ့ ကျောင်းထွက်ပေးခဲ့တဲ့ အစ်ကိုဖြစ်သူကို ဘွဲ့ယူတဲ့နေ့မှာ ဒူးထောက်ဦးညွှတ်ခဲ့တဲ့ ညီမဖြစ်သူ..

အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ အစ်ကိုဖြစ်သူရဲ့အနစ်နာခံမှုအတွက် လေးလေးနက်နက်ကျေးဇူးတင်ပြီး အရိုအသေပေးတဲ့အနေနဲ့ သူ ဘွဲ့ယူစဉ်အတွင်း အစ်ကိုဖြစ်သူရဲ့ရှေ့မှာ ဒူးထောက်ပြီးအရိုသေပေးခဲ့ပါတယ်။

အစ်ကိုဖြစ်သူကို အခုလိုအရိုအသေပေးတဲ့ အဲဒီအမျိုးသမီးရဲ့ TikTok ဗီဒီယိုက ကြည့်ရှုသူ ၁၀သန်းကျော်ရှိခဲ့ပြီး ဒီအကြောင်းကိုထိုင်းမီဒီယာတွေမှာလည်းဖော်ပြခဲ့ကြပါတယ်။ ဗီဒီယိုရဲ့ Caption က “ညီမအတွက် အရာအားလုံးကို ပေးဆပ်ခဲ့တဲ့ ဒီအမျိုးသား (အစ်ကို) ကို ကျေးဇူးတင်ပါတယ်”တဲ့။

ဘွဲ့ယူတဲ့နေ့မှာ အဲဒီအမျိုးသမီးက သူ့အစ်ကိုကို သူ့ရဲ့ဘွဲ့ဝတ်စုံ ဝတ်ပေးလိုက်တာကို ဗီဒီယိုမှာ အရင်ဆုံးတွေ့ရပါတယ်။အဲဒီနောက် မြေပြင်ပေါ်ဒူးထောက်ပြီး လက်အုပ်ချီကာ အစ်ကိုဖြစ်သူရဲ့ခြေထောက်ကို ထိပြီး ဦးညွှတ်ခဲ့ပါတယ်..။ ဒီအပြုအမူက ထိုင်းလူမျိုးတွေရဲ့အရိုအသေပေးတာ (သို့) ကျေးဇူးတင်တာ၊ ခွင့်လွှတ်ပေးဖို့တောင်းခံတာရဲ့လက္ခဏာတစ်ခုအဖြစ် မှတ်ယူကြပါတယ်။ အစ်ကိုဖြစ်သူကလည်း ညီမဖြစ်သူ အရိုအသေပေးတာကို အသိအမှတ်ပြုတဲ့အနေနဲ့ခေါင်းကို လက်နဲ့ ထိပေးခဲ့ပါတယ်။

အဲဒီအမျိုးသမီးက ရင်ချန်နီတာ ဆိုသူဖြစ်ပြီး ထိုင်းတောင်ပိုင်းပြည်နယ် နခွန်သီရိသမာရတ်က Rajabhat University ရဲ့ ပြည်သူ့အုပ်ချုပ်ရေးဌာနကနေ ဘွဲ့ရရှိခဲ့တာပါ။ အရင်ကတည်းက ဘွဲ့ယူဖို့လုပ်ခဲ့ပေမဲ့.. ကပ်ရောဂါကြောင့် ဘွဲ့နှင်းသဘင်အခမ်းအနားကို ရွှေ့ဆိုင်းထားခဲ့ရတာပါ။

သူက လုပ်ခနည်းအလုပ်သမားအဖြစ် လုပ်ကိုင်ခဲ့တဲ့ အမေဖြစ်သူ၊ အစ်ကိုကြီးတို့နဲ့အတူ နေထိုင်ပါတယ်။ သူ ကြီးပြင်းလာတဲ့အချိန်သူ့အမေမှာ ဝင်ငွေကောင်းကောင်းမရှိခဲ့ဘူး။ ဒါကြောင့် သားသမီးနှစ်ယောက်လုံးရဲ့ပညာရေးကို ထောက်ပံ့မပေးနိုင်ခဲ့ဘူး။ အဲဒါကြောင့်ပဲ အစ်ကိုဖြစ်သူက သူ့ကို ပညာဆက်လက်သင်ကြားစေချင်တဲ့အတွက် ကျောင်းကနေ ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ချန်နီတာဟာအရမ်းငယ်သေးတော့သူ့အစ်ကိုဘာလို့အဲဒီလိုလုပ်ခဲ့တာလဲဆိုတာကိုနားမလည်ခဲ့ဘူး။ သူအသက်ကြီးလာတဲ့အချိန်မှ နှစ်ယောက်စလုံးအတွက် ကျောင်းလခမတတ်နိုင်တဲ့အတွက်.. အစ်ကိုဖြစ်သူက အမေရဲ့ဝန်ကို ပေါ့စေဖို့ ကျောင်းထွက်ခဲ့တာလို့ သူ့အမေက ရှင်းပြပေးခဲ့ပါတယ်။

crd