Breaking News- စစ္တပ္က ဆႏၵျပ လူငယ္မ်ားကို ကားျဖင့္ တိုက္သတ္ၿပီးေနာက္ ရန္ကုန္တစ္ၿမိဳ႕လုံး စစ္အာဏာရွင္ဆန႔္က်င္ေရး သံပုံးျပန္တီးၿပီ
ရန္ကုန္၊ ဒီဇင္ဘာ ၅
အၾကမ္းဖက္စစ္တပ္က ရန္ကုန္တိုင္း၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ပန္းပင္ႀကီးလမ္းတြင္ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနသည့္ ဆႏၵျပလူငယ္မ်ားကို ကားျဖင့္ တိုက္သတ္ၿပီးေနာက္ ယေန႔ ည ၈ နာရီမွ စတင္၍ ရန္ကုန္တစ္ၿမိဳ႕လုံး သံပုံးမ်ား ျပန္တီးၿပီျဖစ္ေၾကာင္း ေဒသခံမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။
“က်ေနာ္က က်ေနာ့္ဟာက်ေနာ္ ည ၈ နာရီ ဖမ္းခ်င္လည္းဖမ္း ကားနဲ႔တိုက္သတ္တဲ့ ကေလးေတြအတြက္ သံပုံးတီးမယ္ဆိုၿပီး လုပ္ေနတာ။ ည ၈ နာရီက်ေတာ့ က်ေနာ္တို႔ တစ္ရပ္ကြက္လုံး ေနရာတိုင္းမွာ သံပုံးသံေတြ ညံေနတာပဲ။ မ်က္ရည္ေတာင္ က်တယ္။ က်ေနာ္တို႔ ျပည္သူေတြ ေသြးမေအးဘူး။ စစ္အာဏာရွင္ရဲ႕ ယုတ္မာမႈကို ခံစားၾကရတယ္” ဟု စမ္းေခ်ာင္းၿမိဳ႕နယ္မွ ျပည္သူတစ္ဦးက ေျပာသည္။
ရန္ကုန္မွ ေက်ာင္းသားေခါင္းေဆာင္တစ္ဦးျဖစ္သူ ကိုနန္းလင္းကလည္း “ရန္ကုန္ၿမိဳ႕ႀကီးရဲ႕ သံပုံးတီးသံေတြၾကားေတာ့မွဘဲ မနက္ကတည္းက ရႈပ္ေန၊ ညစ္ေနရတဲ့ စိတ္ေတြေျပေပ်ာက္ၿပီး ရင္ေတြခုန္၊စိတ္ေတြတုန္ ၊ မ်က္ရည္ေတြဝဲၿပီး အားျပန္ရွိသြားရပါတယ္” ဟု လူမႈကြန္ရက္တြင္ ေရးသားထားသည္။
Breaking News- စစ်တပ်က ဆန္ဒပြ လူငယ်များကို ကားဖြင့် တိုက်သတ်ပြီးနောက် ရန်ကုန်တစ်မြို့လုံး စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးပြန်တီးပြီ
ရန်ကုန်၊ ဒီဇင်ဘာ ၅
အကြမ်းဖက်စစ်တပ်က ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ဆန္ဒပြလူငယ်များကို ကားဖြင့် တိုက်သတ်ပြီးနောက် ယနေ့ ည ၈ နာရီမှ စတင်၍ ရန်ကုန်တစ်မြို့လုံး သံပုံးများ ပြန်တီးပြီဖြစ်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
“ကျနော်က ကျနော့်ဟာကျနော် ည ၈ နာရီ ဖမ်းချင်လည်းဖမ်း ကားနဲ့တိုက်သတ်တဲ့ ကလေးတွေအတွက် သံပုံးတီးမယ်ဆိုပြီး လုပ်နေတာ။ ည ၈ နာရီကျတော့ ကျနော်တို့ တစ်ရပ်ကွက်လုံး နေရာတိုင်းမှာ သံပုံးသံတွေ ညံနေတာပဲ။ မျက်ရည်တောင် ကျတယ်။ ကျနော်တို့ ပြည်သူတွေ သွေးမအေးဘူး။ စစ်အာဏာရှင်ရဲ့ ယုတ်မာမှုကို ခံစားကြရတယ်” ဟု စမ်းချောင်းမြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။
ရန်ကုန်မှ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုနန်းလင်းကလည်း “ရန်ကုန်မြို့ကြီးရဲ့ သံပုံးတီးသံတွေကြားတော့မှဘဲ မနက်ကတည်းက ရှုပ်နေ၊ ညစ်နေရတဲ့ စိတ်တွေပြေပျောက်ပြီး ရင်တွေခုန်၊စိတ်တွေတုန် ၊ မျက်ရည်တွေဝဲပြီး အားပြန်ရှိသွားရပါတယ်” ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။



