မိုးေလ၀သ

နောက် ၄၈ နာရီအတွင်း စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ မိုးကြီးမည် (မိုးလေဝသ ဆရာမလေး စုစုစံ)

ယခုအချိန်မှ နောက် ၄၈နာရီအတွင်း စစ်ကိုင်းတိုင်းတစ်တိုင်းလုံး မိုးရွာနိုင်ပြီး ကလေး မော်လိုက် ခမ်းပတ် ဖောင်းပြင် တမူး ဟုမ္မလင်း ထမံသီ နန်းယွန်း ခန္တီး လဟယ်မြို့များ မိုးကြီးနိုင်ပါတယ်။

ကောက်ပဲသီးနှံများ ရိတ်သိမ်းအခြောက်လှမ်းနေကြတယ်ဆိုရင် အမိုးအကာလုံခြုံအောင် လုပ်ဆောင်ထားကြပါ။

ဒီဇင်ဘာလ ၅ ရက်နေ့ မတိုင်မီ လုံခြုံတဲ့ အမိုးအကာအောက်ကို ရောက်ရှိအောင် လုပ်ထားကြပါလို့ တစ်ပတ်ကြိုတင်ခန့်မှန်း သတိပေးပြီးလည်းဖြစ်ပါတယ်။ ကချင်ပြည်နယ်ကြီးပါ မိုးရွာပါမယ်။

ခန့်မှန်းချိန် (၅-၁၂-၂၀၂၁ မနက် ၇ နာရီ ၄၂ မိနစ်)

Su Su San (Senior Meteorologist Advanced Weather Forecaster & Meteorological Intelligence Officer)

unicode





Su Su San (Senior Meteorologist Advanced Weather Forecaster & Meteorological Intelligence Officer)