ၾကားသိရသမွ်

ကျောင်းသားတစ်ဦးရဲ့ ဖခင် ခိုးရိုက်လိုက်တဲ့ ပုံလေးတွေကြောင့် လူအများကြားမှာ နာမည်ကြီးလာခဲ့တဲ့ သူငယ်တန်းဆရာမလေး

Bui Thuy Nganဆိုသော အသက်၃၀နှစ်အရွယ် ဆရာမလေးဟာ ကျောင်းသား ဖခင်တစ်ဦးမှ ခိုးရိုက်ထားပြီး လိုင်းပေါ်တင်လိုက်သော ဓာတ်ပုံလေးကြောင့် လူအများက သတိထားမိလာပြီး နာမည်ကြီးလာခဲ့ပါတယ်။ သူမဟာ အိမ်ထောင်မပြုရသေးသော အပျိုကြီး တစ်ဦးဖြစ်ပြီး အမျိုးသားတွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရသူပဲ ဖြစ်ပါတယ်

ဆရာမလေးဟာ အရင်ကဘဏ်ဝန်ထမ်းတစ်ဦးဖြစ်ချင်သော အိမ်မက်ရှိခဲ့သော်လည်း ကံတရားကြောင့်ပင် ဆရာမအလုပ်ကို ရွေးချယ်ခဲ့ရခြင်းဖြစ်ပါတယ်။မှန်ကန်တဲ့ အလုပ်အကိုင်ကြောင့်ပင် ဆရာမလေးဟာ လူအများ၏ အထင်ကြီး လေးစားခံနေရသော ကျောင်းဆရာမတစ်ဦးဖြစ်လာခဲ့ပါတယ်

ဆရာမဟာ လက်ရှိအချိန်မှာတော့ ဆိုရှယ်မီဒီယာပေါ်မှာပါ နာမည်ကြီးလာခဲ့ပြီး သူမရဲ့ပုံတွေဟာလည်း ကျောင်းသားတွေရဲ့ ဖခင်တွေကြား ပြောစရာဖြစ်လယခဲ့ပါတယ်။ အကြောင်းကတော့ ဆရာမဟာ လှပကျော့ရှင်းတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားသလို ခလေးတွေကို ချစ်ခင်ကြင်နာတတ်သူဖြစ်တာကြောင့်ဖြစ်ပါတယ်


