အခ်ိဳ႕ေသာသူေတြဟာ အဘိုး၊ အဘြားေတြနဲ႔သာႀကီးျပင္းလာခဲ့ရလို႔ ၎တို႔အတြက္ အဘိုးအဘြားေတြဟာ
မိဘတစ္ဖြယ္ခ်စ္ျမတ္ႏိုးတန္ဖိုးထားေနရတာပါ ။ မၾကာေသးခင္က online ေပၚမွာ ပ်ံ့ႏွံ့ေနခဲ့တဲ့ ဓာတ္ပံုေလးရဲ႕
ေနာက္ကြယ္က ေျမးအဘြားရဲ႕အျဖစ္ဟာလည္း အေတာ္ေလးရင္ကြဲနာက်ရေလာက္တဲ့အထိ
ျမင္ေတြ႔ေနရသူေတြကိုခံစားရေစမွာပါ ။
ထို႔အျပင္ အဆိုပါဓာတ္ပံုေလးထဲမွ ေျမးျဖစ္သူဟာ သူ၏အဘြားကို မည္မ်ွခ်စ္ျမတ္ႏိုးေၾကာင္း
စားဖြဲ႔ၿပီးေျပာဆိုရင္ေတာင္ မမွီပါဘူး ။
ျဖစ္စဥ္ကေတာ့ မက္စီကိုျမိဳ႕ရဲ႕ General Hospital ဆိုတဲ့ေဆးရံုရဲ႕ ကားပါကင္တစ္ေနရာမွာ အမ်ိဳးသားတစ္ဦးဟာ
Covid -19 ကူးစက္ခံထားရတဲ့ အဘြားျဖစ္သူကို ေဆးရံုတက္ေရာက္ကုသႏိုင္ျပင္ဆင္ေနခဲ့တာပါ ။
ထို႔ေနာက္ အဘြားျဖစ္သူကို
ကားထဲမွာေစာင့္ခိုင္ခဲ့ၿပီးေနာက္ ေဆးရံုအတြင္းသို႔ေျပးဝင္ခဲ့ၿပီး ကားဆီသို႔ျပန္လာခ်ိန္မွာေတာ့
မေမ်ွာ္လင့္ထားခဲ့တဲ့အေျခအေနပံုစံနဲ႔ အဘြားျဖစ္သူကိုျမင္ေတြ႔ခဲ့ပါေတာ့တယ္ ။
အဲဒါကေတာ့ အဘြားျဖစ္သူဟာ အသက္မ႐ႈေတာ့သလို ဘာတံု႔ျပန္မႈမ်ိဳးမွမ႐ွိေတာ့လို႔ အဆိုပါအမ်ိဳးသားဟာ
ေရာဂါကူးစက္ခံရမွာကိုမေၾကာက္ေတာ့ဘဲ ခ်က္ခ်င္းအဘြားျဖစ္သူကိုကယ္ႏိုင္ဖို႔ mouth-to-mouth ျဖင့္ အဘြားျဖစ္သူ
သတိျပန္လည္လာေအာင္ႀကိဳးစားခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း အဘြားျဖစ္သူဆီကေန မည္သည့္တံု႔ျပန္မႈမ်ိဳးကိုမွ ျပန္မရခဲ့ပါဘူး ။
ကံဆိုးစြာနဲ႔ပဲ ဆရာဝန္သူေတြ အဆိုပါေနရာသို႔ ေရာက္႐ွိလာခဲ့ခ်ိန္မွာေတာ့ အဘြားျဖစ္သူဟာ Covid-19 ေရာဂါေၾကာင့္
ေသဆံုးသြားခဲ့ၿပီျဖစ္ေၾကာင္း အတည္ျပဳေပးခဲ့ပါတယ္ ။ အဆိုပါဓာတ္ပံုေတြကိုေတာ့ နာမည္ႀကီး
ဓာတ္ပံုဂ်ာနယ္လစ္တစ္ေယာက္ျဖစ္တဲ့
Moise’s Pablo က ႐ိုက္ကူးခဲ့တာပါ ။ ေျမးျဖစ္သူကေတာ့ Covid-19 ကူးစက္ခံထားရတယ္ဆိုၿပီး
တိက်ေသခ်ာတဲ့သတင္းမ်ိဳးေတာ့ လက္ခံရ႐ွိျခင္းမ်ိဳးမ႐ွိေသးပါဘူး ။
Jasmine (Mckzone Daily)
Source: worldofbuzz
Unicode version
အချို့သောသူတွေဟာ အဘိုး၊ အဘွားတွေနဲ့သာကြီးပြင်းလာခဲ့ရလို့ ၎င်းတို့အတွက် အဘိုးအဘွားတွေဟာ
မိဘတစ်ဖွယ်ချစ်မြတ်နိုးတန်ဖိုးထားနေရတာပါ ။ မကြာသေးခင်က online ပေါ်မှာ ပျံ့နှံ့နေခဲ့တဲ့ ဓာတ်ပုံလေးရဲ့
နောက်ကွယ်က မြေးအဘွားရဲ့အဖြစ်ဟာလည်း အတော်လေးရင်ကွဲနာကျရလောက်တဲ့အထိ
မြင်တွေ့နေရသူတွေကိုခံစားရစေမှာပါ ။
ထို့အပြင် အဆိုပါဓာတ်ပုံလေးထဲမှ မြေးဖြစ်သူဟာ သူ၏အဘွားကို မည်မျှချစ်မြတ်နိုးကြောင်း
စားဖွဲ့ပြီးပြောဆိုရင်တောင် မမှီပါဘူး ။
ဖြစ်စဉ်ကတော့ မက်စီကိုမြို့ရဲ့ General Hospital ဆိုတဲ့ဆေးရုံရဲ့ ကားပါကင်တစ်နေရာမှာ အမျိုးသားတစ်ဦးဟာ
Covid -19 ကူးစက်ခံထားရတဲ့ အဘွားဖြစ်သူကို ဆေးရုံတက်ရောက်ကုသနိုင်ပြင်ဆင်နေခဲ့တာပါ ။ ထို့နောက် အဘွားဖြစ်သူကို
ကားထဲမှာစောင့်ခိုင်ခဲ့ပြီးနောက် ဆေးရုံအတွင်းသို့ပြေးဝင်ခဲ့ပြီး ကားဆီသို့ပြန်လာချိန်မှာတော့
မမျှော်လင့်ထားခဲ့တဲ့အခြေအနေပုံစံနဲ့ အဘွားဖြစ်သူကိုမြင်တွေ့ခဲ့ပါတော့တယ် ။
အဲဒါကတော့ အဘွားဖြစ်သူဟာ အသက်မရှုတော့သလို ဘာတုံ့ပြန်မှုမျိုးမှမရှိတော့လို့ အဆိုပါအမျိုးသားဟာ
ရောဂါကူးစက်ခံရမှာကိုမကြောက်တော့ဘဲ ချက်ချင်းအဘွားဖြစ်သူကိုကယ်နိုင်ဖို့ mouth-to-mouth ဖြင့် အဘွားဖြစ်သူ
သတိပြန်လည်လာအောင်ကြိုးစားခဲ့ပါတယ် ။ သို့ပေမဲ့လည်း အဘွားဖြစ်သူဆီကနေ မည်သည့်တုံ့ပြန်မှုမျိုးကိုမှ ပြန်မရခဲ့ပါဘူး ။
ကံဆိုးစွာနဲ့ပဲ ဆရာဝန်သူတွေ အဆိုပါနေရာသို့ ရောက်ရှိလာခဲ့ချိန်မှာတော့ အဘွားဖြစ်သူဟာ Covid-19 ရောဂါကြောင့်
သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါတယ် ။ အဆိုပါဓာတ်ပုံတွေကိုတော့ နာမည်ကြီး
ဓာတ်ပုံဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့
Moise’s Pablo က ရိုက်ကူးခဲ့တာပါ ။ မြေးဖြစ်သူကတော့ Covid-19 ကူးစက်ခံထားရတယ်ဆိုပြီး
တိကျသေချာတဲ့သတင်းမျိုးတော့ လက်ခံရရှိခြင်းမျိုးမရှိသေးပါဘူး ။
Jasmine (Mckzone Daily)
Source: worldofbuzz