ၾကားသိရသမွ်

အချစ်မှာ…အသက်အရွယ်အကန့်သတ် မရှိဆိုတာ….၈၃ နှစ်ဘွားဘွားနဲ့ ၇၂ နှစ် ဖိုးဖိုးတို့ရဲ့ လက်ထပ်ပွဲ







Credit

Unicode

သက်ဆုံးတိုင် ပေါင်းသင်းနေထိုင်ဖို့ကတိပြုကြတဲ့ ၈၃ နှစ်ဘွားဘွားနဲ့ ၇၂ နှစ် ဖိုးဖိုးတို့ရဲ့ လက်ထပ်ပွဲ

တွေ့ဆုံမှု ၁၀ ရက်အတွင်းမှာ ချစ်ခင်စုံမက်ကြရာကနေ လက်ထပ်သွားခဲ့ကြတဲ့ အဖိုးအဖွားမဂ်လာပွဲကို မနေ့က ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဖက်ချာဘွန်းမြို့မှာ ဇွန်(၁၃)ရက်နေ့က ၇၂ နှစ်အရွယ် သတို့သား နူအန်မာလာနဲ့ ဖောက်ချာဘွန်းခရိုင်၊ လွန် ဆက်ဘက်က ၈၃ နှစ်အရွယ် သတို့သမီး တော့ဂန်းခန်းတို့စုံတွဲ ရိုးရှင်းစွာ လက်ထပ်ခဲ့ကြတာပါ။

သတို့သားဖိုးဖိုးဟာ ကလေး ၃ ယောက်ဖခင်မုဆိုးဖိုဖြစ်ပြီး သတို့သမီးဖွားဖွားကတော့အပျိုကြီးလို့သိရပါတယ်။

သူတို့ ၂ ယောက်ကတော့ ခွန်ခန်းဖတ်ဟွေဒန်တောင်ကြောမှာ တွေ့ဆုံခဲ့ကြရာကနေ ၁၀ ရက်အတွင်းမှာပဲ ချစ်ကျွမ်းဝင်ခဲ့ကြတာကြောင့် လက်ကျန်အသက်ရှင်စဥ်ကာလမှာ အတူတူကုန်ဆုံးသွားကြဖို့ ဆုံးဖြတ်ရင်းသက်ဆုံးတိုင်နေသွားကြဖို့အခုလို လက်ထပ်သွားကြတာလို့ ဆိုပါတယ်။

ဘာလက်ဖွဲ့မှမလို ဘာဂုဏ်ပကာသနမှမပါဘဲ သိကျွမ်းခင်မင်သူ ဆွေမျိုးတစ်ချို့တို့နဲ့အတူကျင်းပခဲ့တဲ့ သူတို့ဇနီးမောင်နှံရဲ့ မဂ်လာပွဲကတော့ ရိုးရှင်းပေမယ့် ပျော်ရွှင်ကြည်နူးစရာကောင်းခဲ့တယ်လို့ သိရပါတယ်။Credit