ပညာသင်ပေးတဲ့ဆရာကို အာစရိယလို့ ခေါ်ပီး အနီးကပ်ကြီးကြပ် သွန်သင်ပေးသူကို ဥပ္ဈာယ် လို့ခေါ်ပါတယ်။
Unicode
သောတုဇနအရွယ် ကိုရင်သာမဏေလေးတွေ၊ နောင်အနာဂတ်သာသာနာခေါင်းဆောင် မဟာထေလောင်းလျာလေးတွေရဲ့ ချစ်စရာ့ပုံရိပ်လွှာ
သာသနာ့ဘောင်ဝင်လာသူတွေကိုမြတ်ဗုဒ္ဓက လူတော်လူကောင်းဖြစ်စေချင်တဲ့အတွက် သာသနာ့ခေါင်းဆောင်တွေကို အလုပ်(၂)ခုလုပ်ဖို့ စီမံပေးခဲ့ပါတယ်။
လူတော်လူကောင်း ဖြစ်ဖို့ ပညာသင်ပေးရမယ်
လူကောင်းဖြစ်လာဖို့ တစ်ဦးဆီ အနီးကပ် တာဝန်ယူဆုံးမပေးရမယ်တဲ့
ပညာသင်ပေးတဲ့ဆရာကို အာစရိယလို့ ခေါ်ပီး အနီးကပ်ကြီးကြပ် သွန်သင်ပေးသူကို ဥပ္စျာယ် လို့ခေါ်ပါတယ်။
ကိုရင်ဆိုတာရဟန်းကြီးတွေရဲ့လက်ဆင့်ကမ်းသာသနာ့ဝန်ထမ်းဆောင်ကြမယ့်တန်းဖိုးရှိ သာသနာ့အာဇာနည်လောင်းလေးတွေပါ
စာသင်သားဘဝဆိုတာတရားတစ်ပုဒ်ကို ဆရာလုပ်ပြီးပိုင်နိုင်စွာ မဟောနိုင်သေးပေမဲ့သာသနာ့ ကောင်းကင်ကြီးအတွက်မျော်လင့်ချက်တွေနဲ့ ထွန်းလင်းနေတဲ့ ကြယ်ပွင့်တွေပါ
ကိုရင်လေးတွေ အတွက် ဆရာတော်တွေ ဥပစ္ဇင်းတွေ က ဆရာနှင့်လည်းမခြားပါဘူး။ ဆရာက တပည့်ကို ဆုံးမသည်ဆို တာ သိပ်ထူးဆန်းတဲ့ အလုပ်မဟုတ်ပါဘူး
ဒီဗီဒီယိုလေးထဲမှာလည်း စာသင်သားကိုယ်ရင်လေးကို သူ့ဆရာ စာချကိုရင်လေးက သင်ပေးနေတာကို ချစ်စဖွယ်တွေ့မြင်ရပါတယ်။
ကိုရင်လေးကလည်း အရီးလာသည်ကနေ မတက်နိုင် ၊ စာချကိုယ်ရင်လေးကလည်း ကြာတော့ စိတ်မရှည်တော့ ခေါက် ၊ ခေါက်လေ မရလေ၊ မရလေခေါက်လေနဲ့ လုံးလည်ရိုက်နေတဲ့ ဆရာတပည့်နှစ်ယောက်ရဲ့ အမူအရာလေးတွေက မြင်သူတိုင်းရယ်မောမကြမယ်ထင်ပါတယ်။
ကြာတော့စိတ်မရှည်တဲ့ကိုရင်လေးကြည့်ပီး ငယ်ငယ်က ဆရာမခေါက်တာခံခဲ့ရတယ့်သူတွေ ပြန်လည်အမှတ်ရမိကြမယ်ဆို ဒီဗီဒီယိုလေးကို ပြန်လည်မျှဝေပေးခဲ့ပါအုံးနော်
လေးစားစွာဖြင့် ပဲခူးဆား