အေထြအေထြဗဟုသုတ

ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ဝက္သားဟင္း…ဒီလို စိတ္ဓါတ္ေတြေၾကာင့္ အားလုံးခ်စ္ၾကတာ…

Zawgyi]

ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ဝက္သားဟင္း…ဒီလို စိတ္ဓါတ္ေတြေၾကာင့္ အားလုံးခ်စ္ၾကတာ…

ထမင္းခ်က္ေဆာင္အတြင္းသို႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေရာက္ရွိလာခဲ့သည္။ ရဲေဘာ္ ဒီေန႔ဘာဟင္းခ်က္သလဲ ဗိုလ္ခ်ဳပ္ ဒီကေန႔ ဝက္သားဟင္းခ်က္ပါတယ္ ေကာင္းတယ္ ေကာင္းတယ္…ဒါနဲ႔ေနပါဦးရဲေဘာ္ ရဲေဘာ္ခ်က္ေနတဲ့ဝက္သားက ဒယ္အိုးႀကီးထဲက ဝက္သားနဲ႔ ဒန္အိုးထဲကဝက္သား မတူဘူးလား။အတူတူပါပဲ ဗိုလ္ခ်ဳပ္။ဒါဆို ဒန္အိုးနဲ႔ခ်က္တာနဲ႔ ဒယ္အိုးႀကီးနဲ႔ခ်က္တာ ဘာကြာေနလို႔လဲ ဒီလိုပါဗိုလ္ခ်ဳပ္ ဒယ္အိုးႀကီးထဲက ဝက္သားေတြက ဗိုလ္မႉးႀကီးစားဖို႔ ေကာင္းေကာင္းစပါယ္ရွယ္ သီးသန႔္ခ်က္တာပါ။

ဒါဆို ရဲေဘာ္ကပဲ ဒန္အိုးထဲကဝက္သားကို ဒယ္အိုးႀကီးထဲေပါင္းထည့္လိုက္ပါ ဟုတ္ကဲ့ ဗိုလ္ခ်ဳပ္ ခ်က္ခ်င္းေပါင္းလိုက္ရ၏။ဗိုလ္ခ်ဳပ္ေအာင္ဆန္းက စားဖိုေဆာင္အတြင္းမွ ထြက္သြားၿပီ။ ရဲေဘာ္မ်ားက ဗိုလ္ခ်ဳပ္ကိုအေလးျပဳလိုက္ၾကသည္။ထိုေန႔တန္းစီခ်ိန္တြင္ ဗိုလ္ခ်ဳပ္က ရဲေဘာ္တို႔ ဒီကေန႔ တပ္မေတာ္ထဲေရာက္လာတဲ့ ရဲေဘာ္တိုင္းဟာ ဗမာျပည္ကိုခ်စ္တဲ့စိတ္ မိမိအမ်ိဳးကို ခ်စ္တဲ့စိတ္ သူ႔ကြၽန္မခံလိုတဲ့စိတ္ေတြေၾကာင့္ ဗမာ့တပ္မေတာ္ထဲဝင္ခဲ့တာျဖစ္တယ္။

ဗိုလ္မႉးႀကီးမ်ား ဗိုလ္မႉးမ်ားဟာလည္း အဲဒီမ်ိဳးခ်စ္စိတ္နဲ႔ဝင္ခဲ့ၾကသလို ရဲေဘာ္ေတြဟာလည္း ဒီမ်ိဳးခ်စ္စိတ္နဲ႔ဝင္ခဲ့ၾကတာပဲ။ဒါေၾကာင့္ ဦးတည္ခ်က္တူညီတဲ့ တပ္မေတာ္သားအခ်င္းခ်င္းဟာ ခြဲျခားမႈမရွိေစဘဲ စားေရးေသာက္ေရးမွာလည္း တစ္ေျပးညီစားေသာက္ၾကဖို႔လိုတယ္။အဲဒီတစ္ေျပးညီစားေသာက္ျခင္းဟာ အခ်င္းခ်င္းစိတ္ဝမ္းကြဲမႈကိုမျဖစ္ေစဘဲ လိုခ်င္တဲ့ပန္းတိုင္ဆီအေရာက္လွမ္းဖို႔ အေရးပါတဲ့ညီၫြတ္မႈကို ျဖစ္ေစတယ္ဆိုတာ ရဲေဘာ္တို႔ သတိခ်ပ္ထားၾကပါ ။ ။

ဦးျမေသြး ရဲေဘာ္စိတ္ ေမာ္နီတာဂ်ာနယ္/ေလးစားစြာျဖင့္ ခရစ္ဒက္……. ေသာ္တာေရာင္(မန္း ) ငွက္ကေလး

[Unicode]

ဗိုလ်ချုပ်အောင်ဆန်းနှင့်ဝက်သားဟင်း…ဒီလို စိတ်ဓါတ်တွေကြောင့် အားလုံးချစ်ကြတာ…

ထမင်းချက်ဆောင်အတွင်းသို့ ဗိုလ်ချုပ်အောင်ဆန်းရောက်ရှိလာခဲ့သည်။ ရဲဘော် ဒီနေ့ဘာဟင်းချက်သလဲ ဗိုလ်ချုပ် ဒီကနေ့ ဝက်သားဟင်းချက်ပါတယ် ကောင်းတယ် ကောင်းတယ်…ဒါနဲ့နေပါဦးရဲဘော် ရဲဘော်ချက်နေတဲ့ဝက်သားက ဒယ်အိုးကြီးထဲက ဝက်သားနဲ့ ဒန်အိုးထဲကဝက်သား မတူဘူးလား။အတူတူပါပဲ ဗိုလ်ချုပ်။ဒါဆို ဒန်အိုးနဲ့ချက်တာနဲ့ ဒယ်အိုးကြီးနဲ့ချက်တာ ဘာကွာနေလို့လဲ ဒီလိုပါဗိုလ်ချုပ် ဒယ်အိုးကြီးထဲက ဝက်သားတွေက ဗိုလ်မှူးကြီးစားဖို့ ကောင်းကောင်းစပါယ်ရှယ် သီးသန့်ချက်တာပါ။

ဒါဆို ရဲဘော်ကပဲ ဒန်အိုးထဲကဝက်သားကို ဒယ်အိုးကြီးထဲပေါင်းထည့်လိုက်ပါ ဟုတ်ကဲ့ ဗိုလ်ချုပ် ချက်ချင်းပေါင်းလိုက်ရ၏။ဗိုလ်ချုပ်အောင်ဆန်းက စားဖိုဆောင်အတွင်းမှ ထွက်သွားပြီ။ ရဲဘော်များက ဗိုလ်ချုပ်ကိုအလေးပြုလိုက်ကြသည်။ထိုနေ့တန်းစီချိန်တွင် ဗိုလ်ချုပ်က ရဲဘော်တို့ ဒီကနေ့ တပ်မတော်ထဲရောက်လာတဲ့ ရဲဘော်တိုင်းဟာ ဗမာပြည်ကိုချစ်တဲ့စိတ် မိမိအမျိုးကို ချစ်တဲ့စိတ် သူ့ကျွန်မခံလိုတဲ့စိတ်တွေကြောင့် ဗမာ့တပ်မတော်ထဲဝင်ခဲ့တာဖြစ်တယ်။

ဗိုလ်မှူးကြီးများ ဗိုလ်မှူးများဟာလည်း အဲဒီမျိုးချစ်စိတ်နဲ့ဝင်ခဲ့ကြသလို ရဲဘော်တွေဟာလည်း ဒီမျိုးချစ်စိတ်နဲ့ဝင်ခဲ့ကြတာပဲ။ဒါကြောင့် ဦးတည်ချက်တူညီတဲ့ တပ်မတော်သားအချင်းချင်းဟာ ခွဲခြားမှုမရှိစေဘဲ စားရေးသောက်ရေးမှာလည်း တစ်ပြေးညီစားသောက်ကြဖို့လိုတယ်။အဲဒီတစ်ပြေးညီစားသောက်ခြင်းဟာ အချင်းချင်းစိတ်ဝမ်းကွဲမှုကိုမဖြစ်စေဘဲ လိုချင်တဲ့ပန်းတိုင်ဆီအရောက်လှမ်းဖို့ အရေးပါတဲ့ညီညွတ်မှုကို ဖြစ်စေတယ်ဆိုတာ ရဲဘော်တို့ သတိချပ်ထားကြပါ ။ ။

ဦးမြသွေး ရဲဘော်စိတ် မော်နီတာဂျာနယ်/လေးစားစွာဖြင့် ခရစ်ဒက်……. သော်တာရောင်(မန်း ) ငှက်ကလေး