ၾကားသိရသမွ်






crd-MFSD

Unicode

ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ၊ ယခင်ပြိုကျခဲ့သည့်နေရာမှ မြေပြိုကျမှုထမ်မံဖြစ်ပွား၍ ကုမ္ပဏီအဆောက်အဦ၊ ဘက်ဟိုး(၁)စီးနှင့် နေအိမ် (၁၂) လုံး မြေပြိုကျမှုထဲပါသွားခဲ့

၂၀.၇.၂၀၂၀ ရက်နေ့၊ ၀၃ ၃၀ အချိန်ခန့်၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ၊ စုပေါင်းလုပ်ကွက် ယခင်ပြိုကျခဲ့သည့်နေရာမှ

မြေပြိုကျမှုထမ်မံဖြစ်ပွား၍ ဖားကန့်မြိုနယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ

အဆိုပါမြေပြိုကျမှုကြောင့် ဖားကန့်ဆိုင်ဘွမ်ကုမ္ပဏီအဆောက်အဦနှင့် ဘက်ဟိုး(၁)စီး၊ ယခင်လူနေသည့်ဈေးတန်းဘက်မှ နေအိမ် (၁၂) လုံး(လူနေထိုင်ခြင်းမရှိ) ပါသွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် ထပ်မံ၍ အန္တရာယ်ရှိသည့်နေအိမ်များအား ကူညီရွှေ့ပြောင်းပေးလျက်ရှိပါသည်။

crd-MFSD