သူစိမ်းတစ်ဦးအတွက် ကားဆီဖြည့်ခကိုငွေပေးချေပေးခဲ့ပြီးနောက် သူ့ရဲ့ရှစ်နှစ်ခန့်လစာနှင့် ညီမျှတဲ့ဆုငွေကို ပြန်လည်ရရှိခဲ့ရတဲ့ ဝန်ထမ်းတစ်ဦး
Monet van Deventer အမည်ရှိအမျိုးသမီးတစ်ဦးဟာ Cape Town မှ တောင်အာဖရိကသို့သွားရန် သူမရဲ့ကားကိုဆီဖြည့်ရန် ဆီဆိုင်သို့ဝင်သွားခဲ့ပေမဲ့ သူမရဲ့ကားကို ဆီမဖြည့်ခင်မှာဘဲ သူမကဒ်နှင့်ငွေသား မေ့ကျန်ခဲ့တာကို သတိထားမိခဲ့ပါတယ်။
ထိုအချိန်မှာ Nkosikho Mbele အမည်ရှိသဘောထားပြည့်ဝတဲ့၀န်ထမ်းကောင်လေးက သူမရဲ့ကားမှန်ကိုသန့်ရှင်းပေးနေတာကြောင့် Monet က ချက်ချင်းပင် သူ့အားမတိုက်ရန် ကြိုးစားပြောခဲ့ရပါတယ်။
Monet က သူမရဲ့ပိုက်ဆံကဒ်ကိုမေ့ခဲ့ပြီး ကားဆီမဖြည့်တော့တာကြောင့် ကားမှန်ကို သန့်ရှင်းပေးစရာမလိုဘူး လို့ ထိုကောင်လေးအား ရှင်းပြခဲ့ပါတယ်။သို့ပေမဲ့ ထိုကောင်လေးက သူမကားရှိ လောင်စာတိုင်းကိရိယာရဲ့အနီရောင်သတိပေးမီးကို သတိပြုမိသွားခဲ့ပြီး “ ခင်ဗျား highway လမ်းမှာ ဆီကုန်သွားလို့မဖြစ်ဘူး ၊ ကျွန်တော် ခင်ဗျားအတွက် R ၁၀၀ ပေးပေးပါ့မယ်၊ခင်ဗျားပြန်လာတဲ့အခါမှ R 100 ကို ပြန်ပေးနိုင်တယ် “ လို့ Monet အား ပြောလိုက်ပြီးနောက် Monet အတွက် စဉ်းစားချိန်တောင်မပေးဘဲ သူမရဲ့ဆီတိုင်ကီထဲသို့ ဆီဖြည့်ထည့်ပေးခဲ့ပါတယ်။
အစပိုင်းမှာ Monet က သူမရဲ့၎င်းကုန်ကျစရိတ်အတွက် ဆီဆိုင်ကရှင်းပေးခဲ့တာလို့ထင်ခဲ့ပေမဲ့ ထိုကောင်လေးက သူ့ကိုယ်ပိုင်ဘဏ်ကဒ်ကိုသုံးပြီးဆီဖိုးအချို့ကိုပေးနေခဲ့တာကို သူမ သတိထားမိသွားခဲ့ပါတယ်။ Monet ဟာ သူမက သူ့အားငွေပြန်လာမပေးတော့ရင်တောင် ထိုကောင်လေးက သူ့ငွေကိုနှမြောခဲ့ပုံမပေါ်ဘူးလို့လည်း ဆိုခဲ့ပါတယ်။
ရက်အနည်းငယ်အကြာမှာတော့ Monetဟာ ပိုက်ဆံနှင့်အတူ ချောကလက်တစ်ဘူးဖြင့် ၎င်းသို့ ပြန်သွားခဲ့ပါတယ်။
သို့ပေမဲ့ အံ့အားသင့်စရာ က ချောကလက်တစ်ဘူးတည်းနဲ့တင် မရပ်တန့်ခဲ့ဘဲ Nkosikho ရဲ့ဘဝကို ပြောင်းလဲသွားစေမဲ့အရာလည်း ပါရှိနေခဲ့ပါတယ်။Monet ဟာ ခရီးမှပြန်လာခဲ့ပြီးနောက် ၎င်းဖြစ်ရပ်ကို သူမရဲ့ Facebook pageမှာ တင်ခဲ့ပြီး အဆိုပါကောင်လေး Nkosikho ကလည်း ချက်ချင်းလူသိများသွားခဲ့ပါတယ်။
ထို့နောက် Monet ဟာ Nkosikho အတွက်ရန်ပုံငွေပွဲတစ်ခုကိုစတင်ရန်ဆုံးဖြတ်ခဲ့ပါတယ်။၎င်းရန်ပုံငွေရှိအလှူငွေမှန်သမျှက Khayelitsha ပြည်နယ်မှာ အတူတူနေထိုင်နေကြတဲ့ Nkosikho ရဲ့အမေနဲ့အစ်ကိုတို့အတွက် အကျိုးရှိလိမ့်မယ်လို့ Monet က ရေးထားခဲ့ပါတယ်။ထိုရန်ပုံငွေပွဲကို ဒေါ်လာ ၉၄,၀၀၀ ၀န်းကျင် ( ၁၅၅ သိန်းနီးပါး)အထိစုနိုင်ခဲ့ပါတယ်။ထိုငွေများအားလုံးက Nkosikho ရဲ့ ရှစ်နှစ်ခန့်လစာနှင့်ညီမျှပြီး သူ့အတွက် လုံးဝမယုံနိုင်တဲ့ပမာဏ ဖြစ်ပါတယ်။
ထို့အပြင် ၎င်းဆီဆိုင်ကုမ္ပဏီရဲ့ဒေသတွင်း၀န်းကျင်ဆိုင်ရာထူးချွန်ဆုအတွက် Nkosikhoကို အမည်စာရင်းတင်သွင်းပေးခဲ့ပါသေးတယ်။၎င်းတို့ရဲ့ ဥက္ကဋ္ဌ Hloniphizwe Mtolo ကလည်း Nkosikho ကို ကိုယ်တိုင်ဖုန်းလှမ်းဆက်ပြီး ဂုဏ်ပြုပေးခဲ့ပါတယ်။Nkosikho ကတော့ ကိုယ်ပြုလိုက်တဲ့ကြင်နာမှုသေးသေးလေးတစ်ခုက ဒီလောက်ထိရှည်လျားသွားနိုင်တာလားလို့တွေးနေမိမှာအမှန်ပါဘဲဗျာ။
Zawgyi
သူစိမ်းတစ်ဦးအတွက် ကားဆီဖြည့်ခကိုငွေပေးချေပေးခဲ့ပြီးနောက် သူ့ရဲ့ရှစ်နှစ်ခန့်လစာနှင့် ညီမျှတဲ့ဆုငွေကို ပြန်လည်ရရှိခဲ့ရတဲ့ ဝန်ထမ်းတစ်ဦး
Monet van Deventer အမည်ရှိအမျိုးသမီးတစ်ဦးဟာ Cape Town မှ တောင်အာဖရိကသို့သွားရန် သူမရဲ့ကားကိုဆီဖြည့်ရန် ဆီဆိုင်သို့ဝင်သွားခဲ့ပေမဲ့ သူမရဲ့ကားကို ဆီမဖြည့်ခင်မှာဘဲ သူမကဒ်နှင့်ငွေသား မေ့ကျန်ခဲ့တာကို သတိထားမိခဲ့ပါတယ်။ထိုအချိန်မှာ Nkosikho Mbele အမည်ရှိသဘောထားပြည့်ဝတဲ့ဝန်ထမ်းကောင်လေးက သူမရဲ့ကားမှန်ကိုသန့်ရှင်းပေးနေတာကြောင့် Monet က ချက်ချင်းပင် သူ့အားမတိုက်ရန် ကြိုးစားပြောခဲ့ရပါတယ်။
Monet က သူမရဲ့ပိုက်ဆံကဒ်ကိုမေ့ခဲ့ပြီး ကားဆီမဖြည့်တော့တာကြောင့် ကားမှန်ကို သန့်ရှင်းပေးစရာမလိုဘူး လို့ ထိုကောင်လေးအား ရှင်းပြခဲ့ပါတယ်။သို့ပေမဲ့ ထိုကောင်လေးက သူမကားရှိ လောင်စာတိုင်းကိရိယာရဲ့အနီရောင်သတိပေးမီးကို သတိပြုမိသွားခဲ့ပြီး “ ခင်ဗျား highway လမ်းမှာ ဆီကုန်သွားလို့မဖြစ်ဘူး ၊ ကျွန်တော် ခင်ဗျားအတွက် R ၁၀၀ ပေးပေးပါ့မယ်၊ခင်ဗျားပြန်လာတဲ့အခါမှ R 100 ကို ပြန်ပေးနိုင်တယ် “ လို့ Monet အား ပြောလိုက်ပြီးနောက် Monet အတွက် စဉ်းစားချိန်တောင်မပေးဘဲ သူမရဲ့ဆီတိုင်ကီထဲသို့ ဆီဖြည့်ထည့်ပေးခဲ့ပါတယ်။
အစပိုင်းမှာ Monet က သူမရဲ့၎င်းကုန်ကျစရိတ်အတွက် ဆီဆိုင်ကရှင်းပေးခဲ့တာလို့ထင်ခဲ့ပေမဲ့ ထိုကောင်လေးက သူ့ကိုယ်ပိုင်ဘဏ်ကဒ်ကိုသုံးပြီးဆီဖိုးအချို့ကိုပေးနေခဲ့တာကို သူမ သတိထားမိသွားခဲ့ပါတယ်။ Monet ဟာ သူမက သူ့အားငွေပြန်လာမပေးတော့ရင်တောင် ထိုကောင်လေးက သူ့ငွေကိုနှမြောခဲ့ပုံမပေါ်ဘူးလို့လည်း ဆိုခဲ့ပါတယ်။ရက်အနည်းငယ်အကြာမှာတော့ Monetဟာ ပိုက်ဆံနှင့်အတူ ချောကလက်တစ်ဘူးဖြင့် ၎င်းသို့ ပြန်သွားခဲ့ပါတယ်။
သို့ပေမဲ့ အံ့အားသင့်စရာ က ချောကလက်တစ်ဘူးတည်းနဲ့တင် မရပ်တန့်ခဲ့ဘဲ Nkosikho ရဲ့ဘဝကို ပြောင်းလဲသွားစေမဲ့အရာလည်း ပါရှိနေခဲ့ပါတယ်။Monet ဟာ ခရီးမှပြန်လာခဲ့ပြီးနောက် ၎င်းဖြစ်ရပ်ကို သူမရဲ့ Facebook pageမှာ တင်ခဲ့ပြီး အဆိုပါကောင်လေး Nkosikho ကလည်း ချက်ချင်းလူသိများသွားခဲ့ပါတယ်။
ထို့နောက် Monet ဟာ Nkosikho အတွက်ရန်ပုံငွေပွဲတစ်ခုကိုစတင်ရန်ဆုံးဖြတ်ခဲ့ပါတယ်။၎င်းရန်ပုံငွေရှိအလှူငွေမှန်သမျှက Khayelitsha ပြည်နယ်မှာ အတူတူနေထိုင်နေကြတဲ့ Nkosikho ရဲ့အမေနဲ့အစ်ကိုတို့အတွက် အကျိုးရှိလိမ့်မယ်လို့ Monet က ရေးထားခဲ့ပါတယ်။
ထိုရန်ပုံငွေပွဲကို ဒေါ်လာ ၉၄,၀၀၀ ဝန်းကျင် ( ၁၅၅ သိန်းနီးပါး)အထိစုနိုင်ခဲ့ပါတယ်။ထိုငွေများအားလုံးက Nkosikho ရဲ့ ရှစ်နှစ်ခန့်လစာနှင့်ညီမျှပြီး သူ့အတွက် လုံးဝမယုံနိုင်တဲ့ပမာဏ ဖြစ်ပါတယ်။
ထို့အပြင် ၎င်းဆီဆိုင်ကုမ္ပဏီရဲ့ဒေသတွင်းဝန်းကျင်ဆိုင်ရာထူးချွန်ဆုအတွက် Nkosikhoကို အမည်စာရင်းတင်သွင်းပေးခဲ့ပါသေးတယ်။၎င်းတို့ရဲ့ ဥက္ကဋ္ဌ Hloniphizwe Mtolo ကလည်း Nkosikho ကို ကိုယ်တိုင်ဖုန်းလှမ်းဆက်ပြီး ဂုဏ်ပြုပေးခဲ့ပါတယ်။Nkosikho ကတော့ ကိုယ်ပြုလိုက်တဲ့ကြင်နာမှုသေးသေးလေးတစ်ခုက ဒီလောက်ထိရှည်လျားသွားနိုင်တာလားလို့တွေးနေမိမှာအမှန်ပါဘဲဗျာ။
လေးစားလျှက်..crd. Credit.