(လူပဲ စိတ်ချင်းဘယ်တူနိုင်ပါ့မလဲ နားလည်မှုနဲ့ ညှိယူလို့ရတာပဲလေနော်)
Unicode
ချစ်သူတွေကြားမှာ ဘယ်သောအခါမှ မလုပ်သင့်သော အချက်များ…
“ချစ်သူတွေကြားမှာ ဘယ်သောအခါမှ မလုပ်သင့်သော အချက်များ”
အရမ်းချစ်ကြတဲ့ ချစ်သူတွေကြားမှာ ဘယ်တော့မှ မလုပ်သင့်သော အချက်လေးတွေကို ပြောပြပေးချင်ပါတယ်နော် …။
1. ဖုန်း screen မှာ ချစ်သူနဲ့ပုံကိုတင်ထားပြီး တခြားအပြင်သွားတဲ့အခါ ကိုယ့်ပုံကို ပြန်ပြောင်းခြင်း …၊
(အစကထဲကမတင်ချင် မတင်နဲ့ပေါ့လေ)
2. “ချစ်လား’”လို့ ကြည်ကြည်နူးနူး မေးတဲ့အခါ မချစ်ပါဘူးလို့ စနောက်ခြင်း …၊
(နောက်လို့ကောင်းတဲ့အရာမှ မဟုတ်တာ)
3. မောင်တွေမတွေ ခေါ်နေရာကနေ ရန်ဖြစ်နေတုန်းမို့ဆိုပီး နင်နဲ့ငါ လို့ အခေါ်အဝေါ်ပြောင်းခြင်း …၊
(ရန်ဖြစ်နေတောင် မောင်နဲ့မပဲဆက်ပြောနေမယ်ဆို အလိုလိုဒေါသတွေ ပျောက်သွားနိုင်လို့ပါ)
4. ညဖက်အိပ်နေတုန်း ကိုယ့်ချစ်သူက ဖုန်းခေါ်ရင် ‘အိပ်ချင်နေလို့ ဒါပဲ’ ဆိုပြီး ချက်ချင်း ဖုန်းချပစ်ခြင်း …၊
(ဘာပဲဖစ်ဖစ် နားထောင်ပေးလိုက်တော့ရော ဘာဖြစ်သွားမှာလဲ ချစ်သူတွေပဲလေ)
5. ခနလောက်သဘောထားလေး ကွဲလွဲတာနဲ့ နင်နဲ့ငါရှေ့ဆက်ဖို့ မဖြစ်ပါဘူးဆိုပီး လမ်းခွဲစကား လွယ်လွယ်ပြောခြင်း …၊
(လူပဲ စ်ိတ်ချင်းဘယ်တူနိုင်ပါ့မလဲ နားလည်မှုနဲ့ ညှိယူလို့ရတာပဲလေနော်)
မူရင်းရေးသားသူ – ကျော်နိုင်ဦး
Credit _ naethitmyanmar