က်မၼာေရး ဗဟုသုတ

သင္ ဒီစာေလးဖတ္ၿပီးရင္ မင္းကြတ္သီး အခြံကို ဘယ္ေတာ့မွ လႊင့္ပစ္ေတာ့မွာမဟုတ္ဘူ;

မင်းကွတ်သီးက အသုံးဝင်သလို မင်းကွတ်သီးရဲ့ အခွံကလည်း များစွာ အသုံးဝင်လှပါတယ်။ အများစုက မင်းကွတ်သီး အခွံကို ကျန်းမာရေးအတွက် ဆေးဝါးအဖြစ် အသုံးပြုကြပါတယ်။

ဝမ်းပျက် ဝမ်းလျှော ရောဂါအတွက် မင်းကွတ်သီး အခွံကို တစ်ည ရေစိမ်ပြီး ထို အရည်အား သောက်သုံးခြင်းဖြင့် သက်သာ ပျောက်ကင်း စေနိုင်ပါတယ်။

မင်းကွတ်သီးအခွံကို ပါးပါးလှီးပြီး အခြောက်ခံကာ လက်ဖက်ခြောက်အဖြစ် အသုံးပြုရင်လည်း ဆီးရောဂါကို သက်သာပျောက်ကင်းစေပါတယ်။

ခန္ဓာကိုယ် အရေပြားပေါ်တွင် အနီ အစက်အပြောက်များ၊ အရေပြားရောဂါများအတွက်လည်း မင်းကွတ်သီးအခွံကို လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

မင်းကွတ်သီးရဲ့ အခွံကို ဘယ်လိုနေရာတွေမှာ အကျိုးရှိအောင် အသုံးချရမလဲ ဆိုတာ သိရှိပြီး မင်းကွတ်သီး စားဖြစ်တဲ့အခါ အခွံတွေကို လွှင့်ပစ်စရာ မလိုတော့ဘူးပေါ့။

မင်းကွတ်သီးအခွံကို နေ့လှန်း၍ သိမ်းထားပြီးနောက် ဝမ်းကိုက်ရောဂါအတွက် ဆေးအဖြစ် ပြုတ်သောက်နိုင်ပါတယ်။ ထိုကြောင့် မင်းကွတ်သီးအခွံကို နေလှန်း၍ သိမ်းဆည်းထားတတ်ကြသည်။

မီးယပ်သွေး လွန်ရောဂါ၊ မီးယပ်ဖြူဆင်းတဲ့ရောဂါများအတွက် မင်းကွတ်သီးခွံ ပြုတ်ရည်ကို လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့် တစ်နေ့ လေးကြိမ် သောက်ပေးနိုင်ပါတယ်။

သွားနှင့် ခံတွင်းဆိုင်ရာ ရောဂါများအတွက် မင်းကွတ်သီးခွံကို တမာ၊ မာလကာခေါက်၊ လေးညှင်းပွင့်တို့နဲ့ ရောစပ် ကျိုချက်ပြီး မကြာခဏ ငုံပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။

အနာပေါက်ရောဂါများအနေနဲ့ မင်း ကွတ်သီးခွံ ပြုတ်ရည်ကို ဖန်ဆေးရည်အဖြစ် အသုံးပြုနိုင်ပါမယ်။

လိပ်ခေါင်းသမားတွေအနေနဲ့ မင်းကွတ်သီးခွံ ပြုတ်ရည်ကို ကျောက်ချဉ် အနည်းငယ်ထည့် ပြီး ဖန်ထိုင်ပေးခြင်းဖြစ်လည်း သက်သာစေပါတယ်။

ပွေး ၊ဝဲ၊ ဝက်ခြံ၊ နေလောင်ကွက်၊အင်ပျဉ် တွေအတွက်လည်း မင်းကွတ်သီးခွံကို သနပ်ခါးနဲ့ရောသွေးပြီး လိမ်းပေးခြင်ဖြင့် အသားအရေကို နူးညံ့စိုပြေစေမှာ ဖြစ်ပါတယ်။

မင်းကွတ်သီးခွံပြုတ်ရည်က

ပင်ပန်းနွမ်းနယ်မှုကိုခုခံကာကွယ်ပေးခြင်း။

အဖုအကျိတ်ကင်ဆာရောဂါတွေကိုလည်း ခုခံကာကွယ်နိုင်ပေးခြင်း။

အိုမင်းရင့်ရော်မှုကို ကာကွယ်စေခြင်း။

သွေးတိုးကိုလည်းကျစေခြင်း။

ဓာတ်တိုးမှုကိုလည်းတိုက်ဖျက်ပေးခြင်း။

သွေးတွင်းသကြားဓာတ်များကိုလည်းလျော့ကျစေခြင်း။

အဝလွန်ခြင်းကိုကာကွယ်စေပြီး ကိုယ်အလေးချိန်ကိုကျစေခြင်း။

သွေးလွှတ်ကြောအတွင်း ချိုး(ဂျိုး)မကပ်အောင်ကာကွယ်ပေးခြင်း။

နှလုံးနှင့်ဆက်စပ်သည့်ရောဂါများမဖြစ်အောင်ကာကွယ်ပေးခြင်း။

အရိုးအဆစ်ရောင်ရမ်းနာကျင်မှုပျောက် ကင်းစေခြင်း၊ အရိုးပွခြင်းမှ ကာကွယ်ပေးခြင်း၊

သွားဖုံးနှင့်ခံတွင်းဆိုင်ရာရောဂါ များ ပျောက်ကင်းစေခြင်း။

စတာတွေကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။

မင်းကွတ်သီး အခွံကို ကျန်းမာရေးအတွက် ကောင်းမွန်စွာ အသုံးပြုနိုင်ဖို့ မင်းကွတ်သီးကို စားပြီး တဲ့အခါ မင်းကွတ်သီးခွံကို ရေစင်အောင်ဆေးပြီး နေပူမှာ ခြောက်သွေ့အောင် လှန်းပါ။

အခွံခြောက်သွေ့သွားပြီဆိုမှ သန့်စင် ခြောက်သွေ့သော ပလတ်စတစ်ဘူး (သို့မဟုတ်) ဖန်ဘူးမှာထည့် ပြီး အေး၍ ခြောက်သွေ့တဲ့နေရာမှာ သိမ်းဆည်းထားသင့် ပါတယ်။

ဆေးဝါး အဖြစ် အသုံးပြုမယ့်မင်းကွတ်သီးခွံမှာ မှိုစွဲနေတာ၊ နံနေတာ၊ ပိုး ထိုးနေတာ၊ တစ်နှစ်ထက် ပိုကြာအောင် သိမ်းဆည်းမိတာ ဆိုရင်တော့ မင်းကွတ်သီးခွံကို ဆေး ဝါးအနေနဲ့မသုံးစွဲသင့်ဘူး ဆိုတာကို သတိပြုသင့်ပါတယ်။

mangosteen peel

Zawgyi

မင္းကြတ္သီးက အသုံးဝင္သလို မင္းကြတ္သီးရဲ႕ အခြံကလည္း မ်ားစြာ အသုံးဝင္လွပါတယ္။ အမ်ားစုက မင္းကြတ္သီး အခြံကို က်န္းမာေရးအတြက္ ေဆးဝါးအျဖစ္ အသုံးျပဳၾကပါတယ္။

ဝမ္းပ်က္ ဝမ္းေလွ်ာ ေရာဂါအတြက္ မင္းကြတ္သီး အခြံကို တစ္ည ေရစိမ္ၿပီး ထို အရည္အား ေသာက္သုံးျခင္းျဖင့္ သက္သာ ေပ်ာက္ကင္း ေစႏိုင္ပါတယ္။

မင္းကြတ္သီးအခြံကို ပါးပါးလွီးၿပီး အေျခာက္ခံကာ လက္ဖက္ေျခာက္အျဖစ္ အသုံးျပဳရင္လည္း ဆီးေရာဂါကို သက္သာေပ်ာက္ကင္းေစပါတယ္။

ခႏၶာကိုယ္ အေရျပားေပၚတြင္ အနီ အစက္အေျပာက္မ်ား၊ အေရျပားေရာဂါမ်ားအတြက္လည္း မင္းကြတ္သီးအခြံကို လိမ္းေဆးအျဖစ္ အသုံးျပဳႏိုင္ပါတယ္။

မင္းကြတ္သီးရဲ႕ အခြံကို ဘယ္လိုေနရာေတြမွာ အက်ိဳးရွိေအာင္ အသုံးခ်ရမလဲ ဆိုတာ သိရွိၿပီး မင္းကြတ္သီး စားျဖစ္တဲ့အခါ အခြံေတြကို လႊင့္ပစ္စရာ မလိုေတာ့ဘူးေပါ့။

မင္းကြတ္သီးအခြံကို ေန႔လွန္း၍ သိမ္းထားၿပီးေနာက္ ဝမ္းကိုက္ေရာဂါအတြက္ ေဆးအျဖစ္ ျပဳတ္ေသာက္ႏိုင္ပါတယ္။ ထိုေၾကာင့္ မင္းကြတ္သီးအခြံကို ေနလွန္း၍ သိမ္းဆည္းထားတတ္ၾကသည္။

မီးယပ္ေသြး လြန္ေရာဂါ၊ မီးယပ္ျဖဴဆင္းတဲ့ေရာဂါမ်ားအတြက္ မင္းကြတ္သီးခြံ ျပဳတ္ရည္ကို လက္ဖက္ရည္ အၾကမ္းပန္းကန္ တစ္ဝက္ခန႔္ တစ္ေန႔ ေလးႀကိမ္ ေသာက္ေပးႏိုင္ပါတယ္။

သြားႏွင့္ ခံတြင္းဆိုင္ရာ ေရာဂါမ်ားအတြက္ မင္းကြတ္သီးခြံကို တမာ၊ မာလကာေခါက္၊ ေလးညႇင္းပြင့္တို႔နဲ႔ ေရာစပ္ က်ိဳခ်က္ၿပီး မၾကာခဏ ငုံေပးျခင္းျဖင့္ သက္သာေပ်ာက္ကင္းေစပါတယ္။

အနာေပါက္ေရာဂါမ်ားအေနနဲ႔ မင္း ကြတ္သီးခြံ ျပဳတ္ရည္ကို ဖန္ေဆးရည္အျဖစ္ အသုံးျပဳႏိုင္ပါမယ္။

လိပ္ေခါင္းသမားေတြအေနနဲ႔ မင္းကြတ္သီးခြံ ျပဳတ္ရည္ကို ေက်ာက္ခ်ဥ္ အနည္းငယ္ထည့္ ၿပီး ဖန္ထိုင္ေပးျခင္းျဖစ္လည္း သက္သာေစပါတယ္။

ေပြး ၊ဝဲ၊ ဝက္ၿခံ၊ ေနေလာင္ကြက္၊အင္ပ်ဥ္ ေတြအတြက္လည္း မင္းကြတ္သီးခြံကို သနပ္ခါးနဲ႔ေရာေသြးၿပီး လိမ္းေပးျခင္ျဖင့္ အသားအေရကို ႏူးညံ့စိုေျပေစမွာ ျဖစ္ပါတယ္။

မင္းကြတ္သီးခြံျပဳတ္ရည္က

ပင္ပန္းႏြမ္းနယ္မႈကိုခုခံကာကြယ္ေပးျခင္း။

အဖုအက်ိတ္ကင္ဆာေရာဂါေတြကိုလည္း ခုခံကာကြယ္ႏိုင္ေပးျခင္း။

အိုမင္းရင့္ေရာ္မႈကို ကာကြယ္ေစျခင္း။

ေသြးတိုးကိုလည္းက်ေစျခင္း။

ဓာတ္တိုးမႈကိုလည္းတိုက္ဖ်က္ေပးျခင္း။

ေသြးတြင္းသၾကားဓာတ္မ်ားကိုလည္းေလ်ာ့က်ေစျခင္း။

အဝလြန္ျခင္းကိုကာကြယ္ေစၿပီး ကိုယ္အေလးခ်ိန္ကိုက်ေစျခင္း။

ေသြးလႊတ္ေၾကာအတြင္း ခ်ိဳး(ဂ်ိဳး)မကပ္ေအာင္ကာကြယ္ေပးျခင္း။

ႏွလုံးႏွင့္ဆက္စပ္သည့္ေရာဂါမ်ားမျဖစ္ေအာင္ကာကြယ္ေပးျခင္း။

အ႐ိုးအဆစ္ေရာင္ရမ္းနာက်င္မႈေပ်ာက္ ကင္းေစျခင္း၊ အ႐ိုးပြျခင္းမွ ကာကြယ္ေပးျခင္း၊

သြားဖုံးႏွင့္ခံတြင္းဆိုင္ရာေရာဂါ မ်ား ေပ်ာက္ကင္းေစျခင္း။

စတာေတြကိုလည္း အေထာက္အကူ ျဖစ္ေစပါတယ္။

မင္းကြတ္သီး အခြံကို က်န္းမာေရးအတြက္ ေကာင္းမြန္စြာ အသုံးျပဳႏိုင္ဖို႔ မင္းကြတ္သီးကို စားၿပီး တဲ့အခါ မင္းကြတ္သီးခြံကို ေရစင္ေအာင္ေဆးၿပီး ေနပူမွာ ေျခာက္ေသြ႕ေအာင္ လွန္းပါ။

အခြံေျခာက္ေသြ႕သြားၿပီဆိုမွ သန႔္စင္ ေျခာက္ေသြ႕ေသာ ပလတ္စတစ္ဘူး (သို႔မဟုတ္) ဖန္ဘူးမွာထည့္ ၿပီး ေအး၍ ေျခာက္ေသြ႕တဲ့ေနရာမွာ သိမ္းဆည္းထားသင့္ ပါတယ္။

ေဆးဝါး အျဖစ္ အသုံးျပဳမယ့္မင္းကြတ္သီးခြံမွာ မႈိစြဲေနတာ၊ နံေနတာ၊ ပိုး ထိုးေနတာ၊ တစ္ႏွစ္ထက္ ပိုၾကာေအာင္ သိမ္းဆည္းမိတာ ဆိုရင္ေတာ့ မင္းကြတ္သီးခြံကို ေဆး ဝါးအေနနဲ႔မသုံးစြဲသင့္ဘူး ဆိုတာကို သတိျပဳသင့္ပါတယ္။

mangosteen peel