တစ်ညလုံး ပန်ကာဖွင့်အိပ်ပြီး အိပ်စက်ခြင်းဟာ ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေ
ရာသီဥတုပူပြင်းလာတာနဲ့အမျှ သာမန်လူတန်းစားတွေအဖို့ ပန်ကာတွေဟာ အသုံးတည့်လာပါတယ်။
ညဘက်တွေမှာ အပူဒဏ်သက်သာစွာနဲ့ အိပ်ပျော်အောင်လို့ဆိုပြီး ပန်ကာတွေကို ဖွင့်ကြပါတယ်။
ဒါပေမယ့် ညဘက်မှာ ပန်ကာဖွင့်ပြီး အိပ်တာဟာ ကျန်းမာရေးအတွက် ဆိုးကျိုးအများကြီး ဖြစ်စေနိုင်ပါတယ်။
ပန်ကာလေဟာ အခန်းတွင်းမှာပဲ လှည့်ပတ်ပြီး တိုက်နေတာကြောင့် ဖုန့်မှုန့်တွေဟာ နှာခေါင်းထဲကနေတဆင့် ဝင်ရောက်နိုင်ပါတယ်။
ဒါကြောင့် ရင်ကြပ်ပန်းနာသည်တွေနဲ့ အလာဂျီဖြစ်တဲ့သူတွေဟာ ပန်ကာနဲ့ လုံးဝမတည့်ပါဘူး။
တဖန် ပန်ကာတွေဟာ လေအေးတွေ ပြန်လည်မှုတ်ထုတ်ပေးရတာကြောင့် အချိန်ကြာလာတဲ့အခါ အသားအရည် ခြောက်သွေ့မှုကို ဖြစ်ပွားစေပါတယ်။
တကယ်လို့ မျက်လုံးကို တစ်ဝက်တစ်ဝက်ဖွင့်ပြီး အိပ်ပျော်သွားရင်တောင် ပန်ကာလေကြောင့် မျက်လုံးဟာ ခြောက်သွေ့ယားယံလာနိုင်ပါတယ်။
နောက်တစ်ချက်ကတော့ နှာခေါင်းပေါက်နဲ့ ဆက်သွယ်ထားတဲ့ ဦးခေါင်းခွံတွင်းမှာရှိတဲ့ လေလမ်းကြောင်းဟာ ကျိန်းစပ်လာနိုင်ပါတယ်။
ဒါကြောင့် ရလဒ်အနေနဲ့ နှာခေါင်းပိတ်တာ၊ ခေါင်းခဲ ခေါင်းကိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။
နောက်တစ်ချက်ကတော့ ကြွက်သားတွေ နာကျင်တာပါ။ ပန်ကာရှေ့မှာ အကြာကြီး အိပ်မိတဲ့အခါ နိုးလာရင် ကိုယ်လက်တွေ တောင့်တင်းပြီး ကြွက်သားနာကျင်တာတာကို ခံစားမှာဖြစ်ပါတယ်။
ဥပမာ ပန်ကာကို မျက်နှာနား၊ လည်ပင်းနားမှာ နီးနီးကပ်ကပ်ထားပြီး အိပ်တတ်သူတွေဆိုရင် ဒီပြဿနာမျိုး ဖြစ်ပွားလွယ်ပါတယ်။
အထူးသဖြင့် နှလုံးနဲ့ပတ်သက်ဆက်စပ်တဲ့ရောဂါရှိသူတွေဟာလည်း ပန်ကာနဲ့မတည့်ပါဘူး။
ပန်ကာလေခံလို့ လေဖြတ်၊ ဦးနှောက်သွေးကြောပေါက်တဲ့အထိ ဖြစ်ပွားရတဲ့အဖြစ်တွေလည်း မနည်းနောရှိဖူးပါတယ်။
ဒါတွေကတော့ ပန်ကာကြိုက်သူတွေ ဆင်ခြင်နိုင်အောင် ကြောက်စရာကောင်းတဲ့ ပန်ကာလေအကြောင်း သတိပေးလိုက်ရတာဖြစ်ပါတယ်။
Credit:BurmeseAsia
naethitmyanmar
တစ္ညလုံး ပန္ကာဖြင့္အိပ္ၿပီး အိပ္စက္ျခင္းဟာ က်န္းမာေရးအတြက္ ဆိုးက်ိဳးျဖစ္ေစ
ရာသီဥတုပူျပင္းလာတာနဲ႔အမၽွ သာမန္လူတန္းစားေတြအဖို႔ ပန္ကာေတြဟာ အသုံးတည့္လာပါတယ္။
ညဘက္ေတြမွာ အပူဒဏ္သက္သာစြာနဲ႔ အိပ္ေပ်ာ္ေအာင္လို႔ဆိုၿပီး ပန္ကာေတြကို ဖြင့္ၾကပါတယ္။
ဒါေပမယ့္ ညဘက္မွာ ပန္ကာဖြင့္ၿပီး အိပ္တာဟာ က်န္းမာေရးအတြက္ ဆိုးက်ိဳးအမ်ားႀကီး ျဖစ္ေစနိုင္ပါတယ္။
ပန္ကာေလဟာ အခန္းတြင္းမွာပဲ လွည့္ပတ္ၿပီး တိုက္ေနတာေၾကာင့္ ဖုန႔္မႈန႔္ေတြဟာ ႏွာေခါင္းထဲကေနတဆင့္ ဝင္ေရာက္နိုင္ပါတယ္။
ဒါေၾကာင့္ ရင္ၾကပ္ပန္းနာသည္ေတြနဲ႔ အလာဂ်ီျဖစ္တဲ့သူေတြဟာ ပန္ကာနဲ႔ လုံးဝမတည့္ပါဘူး။
တဖန္ ပန္ကာေတြဟာ ေလေအးေတြ ျပန္လည္မႈတ္ထုတ္ေပးရတာေၾကာင့္ အခ်ိန္ၾကာလာတဲ့အခါ အသားအရည္ ေျခာက္ေသြ႕မႈကို ျဖစ္ပြားေစပါတယ္။
တကယ္လို႔ မ်က္လုံးကို တစ္ဝက္တစ္ဝက္ဖြင့္ၿပီး အိပ္ေပ်ာ္သြားရင္ေတာင္ ပန္ကာေလေၾကာင့္ မ်က္လုံးဟာ ေျခာက္ေသြ႕ယားယံလာနိုင္ပါတယ္။
ေနာက္တစ္ခ်က္ကေတာ့ ႏွာေခါင္းေပါက္နဲ႔ ဆက္သြယ္ထားတဲ့ ဦးေခါင္းခြံတြင္းမွာရွိတဲ့ ေလလမ္းေၾကာင္းဟာ က်ိန္းစပ္လာနိုင္ပါတယ္။
ဒါေၾကာင့္ ရလဒ္အေနနဲ႔ ႏွာေခါင္းပိတ္တာ၊ ေခါင္းခဲ ေခါင္းကိုက္တာေတြ ျဖစ္လာနိုင္ပါတယ္။
ေနာက္တစ္ခ်က္ကေတာ့ ႂကြက္သားေတြ နာက်င္တာပါ။ ပန္ကာေရွ႕မွာ အၾကာႀကီး အိပ္မိတဲ့အခါ နိုးလာရင္ ကိုယ္လက္ေတြ ေတာင့္တင္းၿပီး ႂကြက္သားနာက်င္တာတာကို ခံစားမွာျဖစ္ပါတယ္။
ဥပမာ ပန္ကာကို မ်က္ႏွာနား၊ လည္ပင္းနားမွာ နီးနီးကပ္ကပ္ထားၿပီး အိပ္တတ္သူေတြဆိုရင္ ဒီျပႆနာမ်ိဳး ျဖစ္ပြားလြယ္ပါတယ္။
အထူးသျဖင့္ ႏွလုံးနဲ႔ပတ္သက္ဆက္စပ္တဲ့ေရာဂါရွိသူေတြဟာလည္း ပန္ကာနဲ႔မတည့္ပါဘူး။
ပန္ကာေလခံလို႔ ေလျဖတ္၊ ဦးေႏွာက္ေသြးေၾကာေပါက္တဲ့အထိ ျဖစ္ပြားရတဲ့အျဖစ္ေတြလည္း မနည္းေနာရွိဖူးပါတယ္။
ဒါေတြကေတာ့ ပန္ကာႀကိဳက္သူေတြ ဆင္ျခင္နိုင္ေအာင္ ေၾကာက္စရာေကာင္းတဲ့ ပန္ကာေလအေၾကာင္း သတိေပးလိုက္ရတာျဖစ္ပါတယ္။
Credit:BurmeseAsia
naethitmyanmar