ယောကျာ်းလေးတိုင်း ကိုယ့်ချစ်သူ မိန်းကလေးဆီမှာ ရှိနေစေချင်တတ်တဲ့ အချက်(၅)ချက်
ကိုယ့်ချစ်သူက ဘယ်လိုပုံစံလေးတော့ ရှိစေချင်တယ်ဆိုတာမျိုးကို တော်တော်များများက တွေးထားလေ့ ရှိပါတယ်။ မိန်းကလေးတွေလည်း တွေးတတ်ကြသလို ကောင်လေးတွေကလည်း တွေးထားတတ်ကြပါတယ်။ ကောင်လေး အများစုကတော့ သူတို့ရဲ့ ချစ်သူမိန်းကလေးဆီမှာ သူတို့လိုချင်မိတဲ့ အချက်လေးတွေ ရှိနေစေချင်တတ်ကြပါတယ်။ ကောင်လေးတွေက သူတို့ရဲ့ ချစ်သူမိန်းကလေးတွေဆီမှာ တွေ့မြင်ချင်မိတဲ့ အချက်တွေကတော့ ဒီအရာတွေပဲ ဖြစ်ပါတယ်နော်။
(၁) ဆံပင်ရှည်
ကောင်လေးတော်တော်များများ ဆံပင်ရှည်နဲ့ မိန်းကလေးကို အရမ်းလှတယ်လို့ ယူဆတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ကောင်မလေးကိုလည်း ဆံပင်အတိုပုံစံထက် စာရင် ဆံပင်အရှည်နဲ့ပဲ ရှိနေစေချင်တတ်ကြပါတယ်။ ဖြစ်နိုင်ရင် ဆံပင်အရှည်ကြီး ရှိနေတာကိုတောင် သဘောကျတတ်ကြပါသေးတယ်။
(၂) နားလည်မှု
ကောင်လေးတွေက သူတို့ တကယ် ချစ်ပြီး အတည်အတံ့တွဲတဲ့ အခါ ချစ်သူ မိန်းကလေးကို သူတို့အပေါ် နားလည်မှု ရှိပေးဖို့ မျှော်လင့်တတ်ကြပါတယ်။ သူတို့ကို နားလည်ပေးပြီး သူတို့ကို စိတ်သက်သာရာ ရစေတာမျိုးကို လိုချင်ကြတာ ဖြစ်ပါတယ်။ အလကားနေ လိုက်ချော့နေရမှာမျိုးထက် သူတို့ကို နားလည်ပေးပြီး သူတို့ကလည်း ပိုချစ်ပေးချင်မိတာမျိုး ဖြစ်ပါတယ်။
(၃) အချစ်တွေ ပြတတ်သူ
အမြဲတမ်း မိန်းကလေးတွေကို ကောင်လေးတွေ ဘယ်လောက် ချစ်ကြောင်း ဖော်ပြကြလေ့ ရှိပါတယ်။ တကယ်တော့ ကောင်လေးတွေလည်း ဒီလို အချစ်ခံရတဲ့ အချက်ကို ကြည်နူးတတ်ကြပါတယ်။ သူတို့ ချစ်သူဆီက အချစ်ခံရတာကို သူတို့ကလည်း မသိမသာနဲ့ ကြွားချင်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူမိန်းကလေးက သူတို့ကို ချစ်ကြောင်း ပြတတ်တဲ့ အချက်လည်း ရှိစေချင်တတ်ကြပါတယ်။
(၄) လှလှပပနေတာမျိုး
ကောင်လေးတွေက တကယ် ချစ်မိတဲ့အခါ ကိုယ့်ကောင်မလေး ဘယ်လိုပုံစံနဲ့မဆို မငြိုမငြင် ချစ်နိုင်ကြပါတယ်။ ဒါပေမယ့်လည်း ကောင်လေးတွေက ကိုယ့်ချစ်သူကို ပြင်ပြင်ဆင်ဆင် နေစေချင်တတ်ကြပါတယ်။ သူတို့နဲ့အတူ လိုက်ဖက်ညီပြီး ကိုယ့်ကောင်မလေးက လှလှပပလေး ရှိနေတာမျိုးက သူတို့ အပေါင်းအသင်းကြားမှာ ပီတိ ဖြစ်စေလို့ ဒီလိုမျိုး နေစေချင်တာ ဖြစ်ပါတယ်။
(၅) စကားမပြောတဲ့ အချိန် ရှိရင် ကောင်းမယ်
ကောင်လေးတွေ စိတ်အညစ်ဆုံး အချိန်တစ်ခုက မိန်းကလေးတွေ စကားအရမ်း ပြောတာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အကြောင်း၊ အိမ်အကြောင်းနဲ့ တခြားသော အကြောင်းအရာ စုံစုံလင်လင်ကို ကောင်မလေးတွေက သူတို့ရဲ့ ကောင်လေးကို ပြောနေလေ့ ရှိပါတယ်။ ကောင်လေးတွေကတော့ တစ်ခါတစ်လေလောက်တော့ နားမထောင်ချင်ပဲ သူတို့ရဲ့ ကိုယ်ပိုင်အချိန်အဖြစ် အေးဆေးလေး နေချင်တတ်ကြပါတယ်။ ဒါကြောင့် ကောင်လေးတွေက ကိုယ့်ချစ်သူ မိန်းကလေးတွေက စကားပြော မပြောတဲ့ အချိန် ရှိတာမျိုးကို တောင့်တတတ်ကြပါတယ်။
Kham