ၾကားသိရသမွ်

ဆေးလိပ်ဖြတ်ရင်း စုထားနိုင်ခဲ့တဲ့ ဒေါ်လာ ၂,၀၀၀ ကို မိသားစုအားလပ်ရက်ခရီးအတွက်seemore

ဆေးလိပ်ဖြတ်ရင်း စုထားနိုင်ခဲ့တဲ့ ဒေါ်လာ ၂,၀၀၀ ကို မိသားစုအားလပ်ရက်ခရီးအတွက် အသုံးပြုဖို့စီစဉ်ထားခဲ့တဲ့ ဖခင်တစ်ဦး

အိမ်ထောင်ကျပြီးထိုင်ဝမ်အမျိုးသားတစ်ဦး ဟာ ပထမဆုံးကလေးဦးလေးမွေးတဲ့နေ့မှာဘဲ သူ့မွေးကင်းစကလေးကို ကျန်းမာတဲ့ပတ်ဝန်းကျင်တစ်ခုပေးချင်ခဲ့တဲ့အတွက် သူဟာ နောက်ထပ်စီးကရက်မသောက်တော့ဖို့ ဆုံးဖြတ်ကာကတိပေးခဲ့ပါတယ်။

ဒါတင်မကပါဘူး ၊သူ့ကလေးရဲ့အနာဂတ်မှာ သူ့ကလေးအားကျဖို့ ထိုက်တန်တဲ့စံပြဖခင်တစ်ဦးလည်းဖြစ်ချင်တဲ့အတွက် သူ့ရဲ့ကျန်းမာရေးနဲ့မညီညွတ်တဲ့ဆေးလိပ်သောက်ခြင်းကို ရပ်တန့်ဖို့ဆုံးဖြတ်ခဲ့ကြောင်း ဆိုထားခဲ့ပါတယ်။

“ စီးကရက်ဝယ်မယ့်ပိုက်ဆံအားလုံးကိုငါချွေတာရလိမ့်မယ် ” ဟု ပြောကြားခဲ့ပါတယ်။ “ ဆေးလိပ်သောက်ချင်လာတိုင်း ငါ NT $ ၅၀ (ဒေါ်လာ ၁.၆၃) ကို စုခဲ့တယ် ၊ ဒါကြောင့် နောက်ပိုင်း NT $ ၅၀ ကို ပုံမှန်သိမ်းထားလေ့ရှိလာခဲ့တယ် ” ဟု အဆိုပါဖခင်က သူ့ရဲ့ကြိုးစားအားထုတ်မှုကိုပါ ပြန်ပြောပြခဲ့ပါတယ်။

Social Media ပေါ်ရှိ စားပွဲခုံတစ်လုံးမှာပြည့်နေတဲ့ NT ဒေါ်လာ ၅၀ တန် အကြွေများစွာဟာ ဖခင်ဖြစ်သူက တစ်နှစ်အတွင်း ဆေးလိပ်ဖြတ်ပြီး စုထားတဲ့ငွေများသာဖြစ်ပါတယ်။

Netizens များက ထိုအကြွေများအားလုံးက ခန့်မှန်းချေအားဖြင့် NT ဒေါ်လာ ၆၀,၀၀၀ (ဒေါ်လာ ၁,၉၅၂ ဝန်းကျင်) ကျော်နိုင်ကြောင်း ပြောဆိုခဲ့ကြပါတယ်။ ဆေးလိပ်မသောက်ရန် မိမိကိုယ်ကို အတန်ကြာထိန်းချုပ်ခဲ့ပြီးတဲ့နောက်မှာလည်း အဆိုပါအမျိုးသားဟာ သူ့ရဲ့ကျန်းမာရေးမှာ အပြုသဘောဆောင်တဲ့ပြောင်းလဲမှုများစွာကို နည်းနည်းချင်းစီ သတိပြုမိလာခဲ့ကြောင်း ပြောပြခဲ့ပါသေးတယ်။

ထို့အပြင် အဆိုပါအမျိုးသားဟာ သူစုဆောင်းထားသမျှငွေများအားလုံးကို ၎င်းတို့မိသားစုရဲ့အားလပ်ရက်ခရီးအတွက် သုံးဖို့စီစဉ်ထားပါသေးတယ်။
ကျန်းမာရေးက အဖိုးမဖြတ်နိုင်တဲ့အပြင် ပိုအရေးကြီးတာကြောင့် သင့်အနေနဲ့ဆေးလိပ်ဖြတ်ရန်လိုအပ်ကြောင်းနှင့် သင့်ကလေးကို ကောင်းမွန်စွာပြုစုပျိုးထောင်ပေးနိုင်ဖို့အတွက် သင်ကလည်းကျန်းမာနေရန်လိုအပ်ပါတယ်လို့ အဆိုပါအမျိုးသားက လူအများဟာ ဆက်လက်ပြောကြားခဲ့ပါတယ်။

အဆိုပါအမျိုးသားကတော့ သေချာပေါက် အဖေကောင်းတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

credit

Zawgyi

ေဆးလိပ္ျဖတ္ရင္း စုထားႏိုင္ခဲ့တဲ့ ေဒၚလာ ၂,၀၀၀ ကို မိသားစုအားလပ္ရက္ခရီးအတြက္ အသုံးျပဳဖို႔စီစဥ္ထားခဲ့တဲ့ ဖခင္တစ္ဦး

အိမ္ေထာင္က်ၿပီးထိုင္ဝမ္အမ်ိဳးသားတစ္ဦး ဟာ ပထမဆုံးကေလးဦးေလးေမြးတဲ့ေန႔မွာဘဲ သူ႔ေမြးကင္းစကေလးကို က်န္းမာတဲ့ပတ္ဝန္းက်င္တစ္ခုေပးခ်င္ခဲ့တဲ့အတြက္ သူဟာ ေနာက္ထပ္စီးကရက္မေသာက္ေတာ့ဖို႔ ဆုံးျဖတ္ကာကတိေပးခဲ့ပါတယ္။

ဒါတင္မကပါဘူး ၊သူ႔ကေလးရဲ႕အနာဂတ္မွာ သူ႔ကေလးအားက်ဖို႔ ထိုက္တန္တဲ့စံျပဖခင္တစ္ဦးလည္းျဖစ္ခ်င္တဲ့အတြက္ သူ႔ရဲ႕က်န္းမာေရးနဲ႔မညီၫြတ္တဲ့ေဆးလိပ္ေသာက္ျခင္းကို ရပ္တန႔္ဖို႔ဆုံးျဖတ္ခဲ့ေၾကာင္း ဆိုထားခဲ့ပါတယ္။

“ စီးကရက္ဝယ္မယ့္ပိုက္ဆံအားလုံးကိုငါေခြၽတာရလိမ့္မယ္ ” ဟု ေျပာၾကားခဲ့ပါတယ္။ “ ေဆးလိပ္ေသာက္ခ်င္လာတိုင္း ငါ NT $ ၅၀ (ေဒၚလာ ၁.၆၃) ကို စုခဲ့တယ္ ၊ ဒါေၾကာင့္ ေနာက္ပိုင္း NT $ ၅၀ ကို ပုံမွန္သိမ္းထားေလ့ရွိလာခဲ့တယ္ ” ဟု အဆိုပါဖခင္က သူ႔ရဲ႕ႀကိဳးစားအားထုတ္မႈကိုပါ ျပန္ေျပာျပခဲ့ပါတယ္။

Social Media ေပၚရွိ စားပြဲခုံတစ္လုံးမွာျပည့္ေနတဲ့ NT ေဒၚလာ ၅၀ တန္ အေႂကြမ်ားစြာဟာ ဖခင္ျဖစ္သူက တစ္ႏွစ္အတြင္း ေဆးလိပ္ျဖတ္ၿပီး စုထားတဲ့ေငြမ်ားသာျဖစ္ပါတယ္။

Netizens မ်ားက ထိုအေႂကြမ်ားအားလုံးက ခန္႔မွန္းေခ်အားျဖင့္ NT ေဒၚလာ ၆၀,၀၀၀ (ေဒၚလာ ၁,၉၅၂ ဝန္းက်င္) ေက်ာ္ႏိုင္ေၾကာင္း ေျပာဆိုခဲ့ၾကပါတယ္။ ေဆးလိပ္မေသာက္ရန္ မိမိကိုယ္ကို အတန္ၾကာထိန္းခ်ဳပ္ခဲ့ၿပီးတဲ့ေနာက္မွာလည္း အဆိုပါအမ်ိဳးသားဟာ သူ႔ရဲ႕က်န္းမာေရးမွာ အျပဳသေဘာေဆာင္တဲ့ေျပာင္းလဲမႈမ်ားစြာကို နည္းနည္းခ်င္းစီ သတိျပဳမိလာခဲ့ေၾကာင္း ေျပာျပခဲ့ပါေသးတယ္။

ထို႔အျပင္ အဆိုပါအမ်ိဳးသားဟာ သူစုေဆာင္းထားသမွ်ေငြမ်ားအားလုံးကို ၎တို႔မိသားစုရဲ႕အားလပ္ရက္ခရီးအတြက္ သုံးဖို႔စီစဥ္ထားပါေသးတယ္။

က်န္းမာေရးက အဖိုးမျဖတ္ႏိုင္တဲ့အျပင္ ပိုအေရးႀကီးတာေၾကာင့္ သင့္အေနနဲ႔ေဆးလိပ္ျဖတ္ရန္လိုအပ္ေၾကာင္းႏွင့္ သင့္ကေလးကို ေကာင္းမြန္စြာျပဳစုပ်ိဳးေထာင္ေပးႏိုင္ဖို႔အတြက္ သင္ကလည္းက်န္းမာေနရန္လိုအပ္ပါတယ္လို႔ အဆိုပါအမ်ိဳးသားက လူအမ်ားဟာ ဆက္လက္ေျပာၾကားခဲ့ပါတယ္။ အဆိုပါအမ်ိဳးသားကေတာ့ ေသခ်ာေပါက္ အေဖေကာင္းတစ္ေယာက္ျဖစ္လာလိမ့္မယ္လို႔ ယုံၾကည္မိပါတယ္။

credit