ၾကားသိရသမွ်

ရွှေပေါ်မြတင်ပြီး ကြီးပြင်းခဲ့တဲ့ ငယ်သူငယ်ချင်းအူဝဲအကြောင်းတွေးမိတိုင်း စိတ်မကောင်းဘူးဆိုတဲ့ မေဦးမောင်

ရွှေပေါ်မြတင်ပြီး ကြီးပြင်းခဲ့တဲ့ ငယ်သူငယ်ချင်းအူဝဲအကြောင်းတွေးမိတိုင်းစိတ်မကောင်းဘူးဆိုတဲ့ မေဦးမောင်

ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ပေးခဲ့ကြသူများထဲတွင် သရုပ်ဆောင် အိန္ဒြာကျော်ဇင်လည်း တစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ်။ ဓမ္မဘက်ကနေ ရပ်တည်ပေးခဲ့တဲ့သူမကို အာဏာရှင်လူတစ်စုမှ

ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုအရေးယူခဲ့ပြီး မကြာခင်မှာပဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ အူဝဲတစ်ယောက် အကျဉ်းထောင်ထဲတွင် ထိန်းသိမ်းခံထားရသည်မှာ (၄) လကျော်သွားပြီဖြစ်တာကြောင့်ပရိသတ်တွေကသူမရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်နေကြတာ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း မိတ်ကပ်ဖန်တီးရှင် မေဦးမောင် (တော်ဝင်သူ) ရဲ့ လူမှုကွန်ယက်တွင် နုနုရွရွ အမျိုးသမီးကောင်းပီသစွာ ကြီးပြင်းခဲ့ရတဲ့ ငယ်သူငယ်ချင်း အူဝဲအကြောင်း တွေးမိတိုင်း နာကျင်ခံစားနေရကြောင်း ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်။ အူဝဲဟာ ငယ်စဉ်ကတည်းက အခြွေအရံတွေနဲ့ နေထိုင်ခဲ့သူတစ်ယောက်က

အခုလို အကျဉ်းထောင်ထဲမှာ ပင်ပန်းဆင်းရဲစွာ နေနေရတာကို ကြားသိရတဲ့အတွက် စိတ်မကောင်းဖြစ်နေတာ ဖြစ်ပါတယ်။သူ့ရဲ့ ငယ်သူငယ်ချင်း အူဝဲတစ်ယောက် အမြန်ဆုံးလွတ်မြောက်ပြီး အပြင်မှာ ပြန်ဆုံချင်ပြီဖြစ်ကြောင်းကိုလည်း ရေးသားထားပါသေးတယ်။ ဒါ့အပြင် အကျဉ်းထောင်ထဲတွင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်၊ ဆရာဝန်များနှင့်ကျောင်းသားလူငယ်တွေအကုန်လုံး

အမြန်ဆုံးလွတ်မြောက်ကြပါစေလို့ မေဦးမောင်မှ ဆုတောင်းပေးထားတာ ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းလောက်က အွန်လိုင်းပေါ်တွင် အိန္ဒြာကျော်ဇင် ကွယ်လွန်သွားပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အူဝဲရဲ့ မိသားစုဝင်များမှ ဒီသတင်းဟာ ကောလဟလသာဖြစ်ကြောင်း ပြန်လည်ရှင်းလင်းထားတာ ဖြစ်ပါတယ်။

မိသားစုများနဲ့ ခွဲခွာနေရသူများအားလုံး အမြန်ဆုံးပြန်လည်ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Credit

ေ႐ႊေပၚျမတင္ၿပီး ႀကီးျပင္းခဲ့တဲ့ ငယ္သူငယ္ခ်င္းအူဝဲအေၾကာင္းေတြးမိတိုင္းစိတ္မေကာင္းဘူးဆိုတဲ့ ေမဦးေမာင္

ျပည္သူေတြနဲ႔အတူ အမွန္တရားဘက္ကေန ရပ္တည္ေပးခဲ့ၾကသူမ်ားထဲတြင္ သ႐ုပ္ေဆာင္ အိျႏၵာေက်ာ္ဇင္လည္း တစ္ေယာက္အပါအဝင္ပဲ ျဖစ္ပါတယ္။ ဓမၼဘက္ကေန ရပ္တည္ေပးခဲ့တဲ့သူမကို အာဏာရွင္လူတစ္စုမွ

ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲဆိုအေရးယူခဲ့ၿပီး မၾကာခင္မွာပဲ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတာ ျဖစ္ပါတယ္။ အူဝဲတစ္ေယာက္ အက်ဥ္းေထာင္ထဲတြင္ ထိန္းသိမ္းခံထားရသည္မွာ (၄) လေက်ာ္သြားၿပီျဖစ္တာေၾကာင့္ပရိသတ္ေတြကသူမရဲ႕ က်န္းမာေရးအတြက္ စိုးရိမ္ပူပန္ေနၾကတာ ျဖစ္ပါတယ္။

မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း မိတ္ကပ္ဖန္တီးရွင္ ေမဦးေမာင္ (ေတာ္ဝင္သူ) ရဲ႕ လူမႈကြန္ယက္တြင္ ႏုႏု႐ြ႐ြ အမ်ိဳးသမီးေကာင္းပီသစြာ ႀကီးျပင္းခဲ့ရတဲ့ ငယ္သူငယ္ခ်င္း အူဝဲအေၾကာင္း ေတြးမိတိုင္း နာက်င္ခံစားေနရေၾကာင္း ရင္ဖြင့္ေျပာျပလာတာ ျဖစ္ပါတယ္။ အူဝဲဟာ ငယ္စဥ္ကတည္းက အေႁခြအရံေတြနဲ႔ ေနထိုင္ခဲ့သူတစ္ေယာက္က

အခုလို အက်ဥ္းေထာင္ထဲမွာ ပင္ပန္းဆင္းရဲစြာ ေနေနရတာကို ၾကားသိရတဲ့အတြက္ စိတ္မေကာင္းျဖစ္ေနတာ ျဖစ္ပါတယ္။သူ႔ရဲ႕ ငယ္သူငယ္ခ်င္း အူဝဲတစ္ေယာက္ အျမန္ဆုံးလြတ္ေျမာက္ၿပီး အျပင္မွာ ျပန္ဆုံခ်င္ၿပီျဖစ္ေၾကာင္းကိုလည္း ေရးသားထားပါေသးတယ္။ ဒါ့အျပင္ အက်ဥ္းေထာင္ထဲတြင္ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ အႏုပညာရွင္၊ အတတ္ပညာရွင္၊ ဆရာဝန္မ်ားႏွင့္ေက်ာင္းသားလူငယ္ေတြအကုန္လုံး

အျမန္ဆုံးလြတ္ေျမာက္ၾကပါေစလို႔ ေမဦးေမာင္မွ ဆုေတာင္းေပးထားတာ ျဖစ္ပါတယ္။ မၾကာေသးခင္ ရက္ပိုင္းေလာက္က အြန္လိုင္းေပၚတြင္ အိျႏၵာေက်ာ္ဇင္ ကြယ္လြန္သြားၿပီလို႔ သတင္းေတြ ထြက္ေပၚခဲ့ၿပီး အူဝဲရဲ႕ မိသားစုဝင္မ်ားမွ ဒီသတင္းဟာ ေကာလဟလသာျဖစ္ေၾကာင္း ျပန္လည္ရွင္းလင္းထားတာ ျဖစ္ပါတယ္။

မိသားစုမ်ားနဲ႔ ခြဲခြာေနရသူမ်ားအားလုံး အျမန္ဆုံးျပန္လည္ဆုံဆည္းႏိုင္ပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။

Credit