ဗဟုသုတ

” ဖုန်း အသုံးများတဲ့သူတိုင်း ဒီဟာလေးတွေ လုပ်ကြပါ “

ဖုန်းအသုံးများတဲ့သူတိုင်းလုပ်ပေးသင့်တဲ့ မျက်စိအားကောင်းစေတဲ့လေ့ကျင့်ခန်းများ

အခုခေတ်မှာ လူတိုင်းလိုလို ဖုန်း၊ကွန်ပျူတာအသုံးပြုကြပြီး မျက်စိကိုတစ်ချိန်လုံးအနားမရအောင် ကြည့်နေကြပါတယ်။ screen အလင်းရောင်ကို တောက်လျှောက်ကြည့်နေတဲ့အခါ ရေရှည်မှာ မျက်စိကိုထိခိုက်လာစေပါတယ်။ screen အလင်းရောင်အကြည့်များလို့ ပင်ပန်းပြီးအားနည်းနေတဲ့ မျက်လုံးတွေကို သွေးလှည့်ပတ်မှုကောင်းစေပြီး အမြင်ကြည်လင်စေဖို့ နေ့စဉ်လုပ်ပေးသင့်တဲ့ မျက်လုံးလေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) နှစ်မိနစ်မျက်တောင်ခတ်ခြင်း

screen ကိုကြည့်တာများတဲ့အခါ မျက်တောင်ခတ်တဲ့အကြိမ်အရေအတွက်နည်းပြီး မျက်လုံးခြောက်သွေ့ခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် ဖုန်း၊ ကွန်ပျူတာကိုဆက်တိုက်ကြည့်ပြီးတဲ့အခါ နှစ်မိနစ်လောက်မျက်တောင်ခတ်ပေးပါ။ မျက်လုံးညောင်းညာနေတာကိုပြေစေပြီး အမြင်ကြည်လင်စေပါတယ်

(၂) မျက်နှာကျက်ကိုမော့ကြည့်ပြီး ဦးခေါင်းဘယ်ညာလှည့်ခြင်း

ခေါင်းကိုမော့ပြီးမျက်နှာကျက်ကိုကြည့်ကာ ဦးခေါင်းကိုဘယ်ညာလှည့်ပေးပါ။ အဲ့ဒါကို နှစ်မိနစ်ခန့်လုပ်ပေးပါ။

(၃) ငါးမိနစ်လောက်မျက်စိမှိတ်ထားခြင်း

ဖုန်း ၊ ကွန်ပျူတာကိုကြည့်တာကြာလာတဲ့အခါ မျက်စိကိုမှိတ်ထားပြီး ငါးမိနစ်လောက်နေပေးပါ။ အဲ့ဒါက မျက်စိကိုအနားရစေပြီး မျက်စိအားနည်းခြင်းမဖြစ်အောင်ကာကွယ်ပေးပါတယ်။

(၄) စက္ကန့်အနည်းငယ်လောက်မျက်စိကိုတင်းတင်းမှိတ်ထားခြင်း

မျက်စိအရမ်းညောင်းပြီး တင်းကြပ်နေတဲ့အခါ မျက်လုံးကို ၂ စက္ကန့်၊ ၃စက္ကန့်လောက် တင်းတင်းမှိတ်ထားပြီး ပြန်ဖွင့်လိုက်ပါ။ ဒါက မျက်လုံးကို အနားရစေပါတယ်။

(၅) မျက်ခုံးတလျှောက်နှိပ်နယ်ပေးခြင်း

screen ကိုကြည့်တာများပြီး မျက်လုံးကပင်ပန်းလာတဲ့အခါ မျက်စိကိုခဏမှိတ်ထားပြီး မျက်ခုံးတလျှောက်ကို လက်ချောင်းထိပ်လေးတွေနဲ့ နှိပ်နယ်ပေးလိုက်ပါ။ မျက်လုံးကိုသွေးလှည့်ပတ်မှုကောင်းစေပါတယ်။

(၆) အနီး၊အဝေးတလှည့်စီကြည့်ခြင်း

လက်ကိုဆန့်လိုက်ပြီး လက်မကိုထောင်ထားကာ မျက်စိက အဲ့ဒီလက်မကို ၅ စက္ကန့်လောက်စိုက်ကြည့်ပါ။ ပြီးတာနဲ့ အဝေးကသစ်ပင် ဒါမှမဟုတ် အရာဝတ္ထုဆီကို အကြည့်လွဲလိုက်ပြီး အဲ့ဒီအရာကိုလည်း ၅ စက္ကန့်လောက်စိုက်ကြည့်ပါ။ ဒီလိုမျိုး အနီး၊အဝေးတလှည့်စီကြည့်ပေးခြင်းက မျက်မှန်သမားတွေကို ပါဝါလျော့အောင်ကူညီပေးနိုင်ပါတယ်။

written by PP(Credit)

Zawgyi ဖြင့်ဖတ်ပါ

ဖုန်းအသုံးများတဲ့သူတိုင်း ဒီဟာလေးတွေ လုပ်ကြပါ

ဖုန်းအသုံးများတဲ့သူတိုင်းလုပ်ပေးသင့်တဲ့ မျက်စိအားကောင်းစေတဲ့လေ့ကျင့်ခန်းများ

အခုခေတ်မှာ လူတိုင်းလိုလို ဖုန်း၊ကွန်ပျူတာအသုံးပြုကြပြီး မျက်စိကိုတစ်ချိန်လုံးအနားမရအောင် ကြည့်နေကြပါတယ်။ screen အလင်းရောင်ကို တောက်လျှောက်ကြည့်နေတဲ့အခါ ရေရှည်မှာ မျက်စိကိုထိခိုက်လာစေပါတယ်။ screen အလင်းရောင်အကြည့်များလို့ ပင်ပန်းပြီးအားနည်းနေတဲ့ မျက်လုံးတွေကို သွေးလှည့်ပတ်မှုကောင်းစေပြီး အမြင်ကြည်လင်စေဖို့ နေ့စဉ်လုပ်ပေးသင့်တဲ့ မျက်လုံးလေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်

(၁) နှစ်မိနစ်မျက်တောင်ခတ်ခြင်း

screen ကိုကြည့်တာများတဲ့အခါ မျက်တောင်ခတ်တဲ့အကြိမ်အရေအတွက်နည်းပြီး မျက်လုံးခြောက်သွေ့ခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် ဖုန်း၊ ကွန်ပျူတာကိုဆက်တိုက်ကြည့်ပြီးတဲ့အခါ နှစ်မိနစ်လောက်မျက်တောင်ခတ်ပေးပါ။ မျက်လုံးညောင်းညာနေတာကိုပြေစေပြီး အမြင်ကြည်လင်စေပါတယ်။