အခုလို အင်တာနက်တွေ ဈေးအဆမတန်ကြီးလာတဲ့ခေတ်ကာလာမှာ အင်တာနက်ဖိုး ကုန်ကျမှုသက်သာအောင်လုပ်နည်း?
အခုလို အင်တာနက်တွေ ဈေးအဆမတန်ကြီးလာတဲ့ခေတ်ကာလာမှာ အင်တာနက်ဖိုး သိပ်မကုန်အောင်ဘယ်လိုသုံးရမလဲ…
“Mobile data အခက်အခဲကို ဘယ်လိုကျော်လွှားကြမလဲ”
Mobile data တွေ ဈေးတိုးမြှင့်လိုက်တဲ့ သတင်းတော့ အားလုံးသိပြီးကြပြီ ထင်ပါတယ်။
ဘာကြောင့်ဆိုတာတော့ ကာယကံရှင် ကြင်စိုးတို့ပဲ သိမယ်ဆိုပေမဲ့ မပြေးသော်ကန်ရာရှိ ဆိုသလို Digital Strike နဲ့ သတင်းစီးဆင်းမှုတွေကို တားဆီးချင်လို့ လို့ပဲ မှတ်ယူရမှာ ဖြစ်ပါတယ်။
ကြည့်မြင်တိုင် ပန်းပင်နီလမ်းက ကားနဲ့ တိုက်သတ်တဲ့ Video ဖိုင်မျိုးဆို အင်မတန်အထိနာခဲ့တယ် ပြောရမှာကိုး။
Wifi ကလည်း တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့်တော့ မလွှမ်းခြုံနိုင်တာမို့ Mobile data ကို စီစီစစ်စစ်နဲ့ သုံးနိုင်ဖို့ လိုပါတယ်။
အများစု အသုံးများတာက App အနေနဲ့ဆို Facebook ဖြစ်ပြီး Data အစားဆုံးက Video Content တွေ ဖြစ်ပါတယ်။ ဒီအတွက် လေ့လာမိသလောက် အကြံပြုလိုတာက –
◾၁။ အင်တာနက်ကို Package နဲ့ သုံးပါ။ ဒီအတိုင်း သုံးတာက အကုန်အကျ ပိုများပါတယ်။
◾၂။ Package ဝယ်ဖို့က တစ်လကို ကိုယ် ဒေတာပမာဏ ဘယ်လောက်သုံးလဲ ပေါ်မူတည်ပြီး ဝယ်မယ်ဆို ပိုအဆင်ပြေတယ်။
မသုံးနိုင်ဘဲ ပိုဝယ်ထားမိတာမျိုး မဖြစ်တော့သလို တစ်လ တစ်လ ကိုယ့်ရဲ့ ဖုန်းဘေလ်ကုန်ကျစရိတ်ကိုလည်း ချိန်လို့ ရသွားမယ်။
အရင်က တစ်လ ၂ သောင်း ကုန်တယ်၊ အခု ၃ သောင်းဆို ပိုလာတဲ့ ၁ သောင်းအတွက် ဘယ်နေရာကနေ လျှော့လို့ ရမလဲ ဆိုတာ စဉ်းစားလို့ ရသွားမှာ ဖြစ်တယ်။
(ဥပမာ အစားအသောက် မှာစားတာ) နောက်ပြီး Digital Strike နဲ့သတင်းစီးဆင်းမှုက ရပ်လို့ မဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Entertainment အတွက် သုံးတဲ့ တခြားဟာတွေ
ဥပမာ Netflix, Game တွေ) ကို နည်းနည်းလျှော့လို့ ရသွားပါမယ်။
◾၃။ Bonus အစီအစဉ်တွေကို မပြတ်စောင့်ကြည့်ပါ။ ဒါမှ များများသုံးနိုင်လိမ့်မယ်။
◾၄။ Application Update တွေကို Wifi ရှိတဲ့နေရာမှ လုပ်ပါ။ ဒီအတွက် App တွေကို Auto-update မဖြစ်နေအောင်သေချာဝင်စစ်ကြည့်ပေးပါ။
◾၅။ Fb သုံးတဲ့အခါ ကိုယ့်အတွက် အရေးတကြီး လိုအပ်တာကို ရှာဖတ်တဲ့ အလေ့အကျင့် လုပ်ပါ။ ဒီလိုပဲ scroll down လုပ်ပြီး သုံးတာက Data တွေကို ကုန်မှန်းမသိ ကုန်စေတယ်။
နောက်ပြီး ကိုယ့်ရဲ့ Favourite list (အရင်က See first) ကိုလည်း ပြန်စစ်ပါ။
ဆယ်လီတွေကို ထားထားမိရင် ခဏပြန်ဖြုတ်ပြီး NUG ရဲ့ ပေ့ချ်တွေ၊ C2D လိုပေ့ချ်တွေနဲ့ တခြားသတင်းဌာနတွေကို ဦးစားပေး ထားပေးပါ။ ဒါဆို Fb ဖွင့်မယ်။
ဒီသတင်းတွေ ဖတ်မယ်။ ကိုယ်ဖတ်ချင်တဲ့ တချို့လူတွေရဲ့ စာတွေကို Search box ကနေ ရှာမယ်။ နည်းနည်းဖြစ်ဖြစ်တော့ ပွတ်မယ် (Scroll down လုပ်မယ်)။
ပြီးတာနဲ့ တခြားကလစ်လုပ်တာမျိုးတွေ၊ ကိုယ့်အတွက် လေ့လာသင်ယူစရာတွေကို ဦးစားပေး လုပ်မယ်။ ဒီလိုဆိုပိုအဆင်ပြေပါတယ်။
◾၆။ Video တွေမှာ Auto play ပိတ်ထားပါ။ ဒါဆို ကိုယ် Play ဆိုပြီး နှိပ်မှ ပွင့်မှာ ဖြစ်လို့ Data ကုန်တာ သက်သာပါတယ်။ Video resolution တွေလည်း ချထားပါ။
◾၇။ ထပ်ကာ ထပ်ကာ ပြန်ကြည့်ဖို့ လိုတဲ့ သင်ကြားရေး ဗီဒီယိုတွေများ ဖြစ်နေရင် တစ်ခါတည်း Down ထားပါ။ YouTube, Netflix စတာတွေမှာလည်း အဲ့လို Download လုပ်ပြီးကြည့်တာက ပိုအဆင်ပြေပါတယ်။
(C2D က ဗီဒီယိုတွေကို ပြောခြင်း မဟုတ်ပါ။ ဥပမာ တရားတော်တွေ၊ သီချင်းတွေ၊ Workout video တွေ စသဖြင့် ကိုယ်နေ့တိုင်းကြည့်ဖြစ်နေမဲ့ video တွေကို ဆိုလိုပါတယ်။)
ဒီလောက်ဆို အတိုင်းအတာတစ်ခုထိ ခြွေတာပြီးသား ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ငွေကို စိစစ်ပြီး သုံးနေရသူတွေအတွက် အဓိက ရည်ရွယ်ပါတယ်။
ဆင်းရဲချမ်းသာကွာခြားကြတာမို့ ဘယ်လိုဈေးတက်တက် သိပ်မသိသာဘူး ဆိုတဲ့သူတွေက Digital Strike မှာ များများပါဝင်ပေးပါ။ Wifi နဲ့ သုံးသူတွေ၊ နိုင်ငံခြားက လူတွေရောပဲပေါ့။ ဒီတော်လှန်ရေးကာလတလျှောက်မှာ အကြပ်အတည်း အခက်အခဲပေါင်းများစွာ ကျော်ဖြတ်ခဲ့ကြရပါတယ်။
ငွေသားရှားပါးတဲ့ ပြသနာတွေ ကြုံခဲ့ရပြီးပြီ။ ကိုဗစ်ကြောင့်လည်း အသက်တွေ ဆုံးရှုံးခဲ့ရပြီးပြီ။
ဒါပေမဲ့လည်း ပြည်သူတွေဟာ အင်နဲ့အားနဲ့ မမောနိုင် မပန်းနိုင် တော်လှန်နေကြဆဲ ဖြစ်ပါတယ်။
Mobile data ဈေးတွေ မြှင့်လိုက်ရုံနဲ့သာ တော်လှန်ရေး အားနည်းသွားရမယ်ဆို ဒီလောက်ထိတောင် ခရီးရောက်လာခဲ့မယ် မဟုတ်ပါဘူး။
စစ်ဖိနပ်အောက်က ရုန်းထွက်ချင်တဲ့ ကျနော်တို့ ပြည်သူတွေရဲ့ ဆန္ဒကို ဘယ်အရာကမှ တားဆီးလို့ ရနိုင်တော့မှာ မဟုတ်လို့ ကြုံရသမျှ အခက်အခဲတိုင်းကို ဉာဏ်ပညာနဲ့၊
အချင်းချင်း ဖေးကူမှုတွေနဲ့၊ သူ လွတ်သွားတဲ့နေရာ ကိုယ်ဖြည့်၊ ကိုယ်လွတ်သွားတဲ့နေရာ သူဖြည့်ပေးပြီး စည်းလုံးမှုအပြည့်နဲ့ ကျော်ဖြတ်ကြရအောင်ပါ။
ဒေါက်တာ ဖြိုးသီဟ ၉.၁၂.၂၀၂၁
zawgyi
အခုလို အင္တာနက္ေတြ ေဈးအဆမတန္ႀကီးလာတဲ့ေခတ္ကာလာမွာ အင္တာနက္ဖိုး ကုန္က်မႈသက္သာေအာင္လုပ္နည္း?
အခုလို အင္တာနက္ေတြ ေဈးအဆမတန္ႀကီးလာတဲ့ေခတ္ကာလာမွာ အင္တာနက္ဖိုး သိပ္မကုန္ေအာင္ဘယ္လိုသုံးရမလဲ…
“Mobile data အခက္အခဲကို ဘယ္လိုေက်ာ္လႊားၾကမလဲ”
Mobile data ေတြ ေဈးတိုးျမႇင့္လိုက္တဲ့ သတင္းေတာ့ အားလုံးသိၿပီးၾကၿပီ ထင္ပါတယ္။
ဘာေၾကာင့္ဆိုတာေတာ့ ကာယကံရွင္ ၾကင္စိုးတို႔ပဲ သိမယ္ဆိုေပမဲ့ မေျပးေသာ္ကန္ရာရွိ ဆိုသလို Digital Strike နဲ႔ သတင္းစီးဆင္းမႈေတြကို တားဆီးခ်င္လို႔ လို႔ပဲ မွတ္ယူရမွာ ျဖစ္ပါတယ္။
ၾကည့္ျမင္တိုင္ ပန္းပင္နီလမ္းက ကားနဲ႔ တိုက္သတ္တဲ့ Video ဖိုင္မ်ိဳးဆို အင္မတန္အထိနာခဲ့တယ္ ေျပာရမွာကိုး။
Wifi ကလည္း တစ္ႏိုင္ငံလုံး အတိုင္းအတာအားျဖင့္ေတာ့ မလႊမ္းၿခဳံႏိုင္တာမို႔ Mobile data ကို စီစီစစ္စစ္နဲ႔ သုံးႏိုင္ဖို႔ လိုပါတယ္။
အမ်ားစု အသုံးမ်ားတာက App အေနနဲ႔ဆို Facebook ျဖစ္ၿပီး Data အစားဆုံးက Video Content ေတြ ျဖစ္ပါတယ္။ ဒီအတြက္ ေလ့လာမိသေလာက္ အႀကံျပဳလိုတာက –
◾၁။ အင္တာနက္ကို Package နဲ႔ သုံးပါ။ ဒီအတိုင္း သုံးတာက အကုန္အက် ပိုမ်ားပါတယ္။
◾၂။ Package ဝယ္ဖို႔က တစ္လကို ကိုယ္ ေဒတာပမာဏ ဘယ္ေလာက္သုံးလဲ ေပၚမူတည္ၿပီး ဝယ္မယ္ဆို ပိုအဆင္ေျပတယ္။
မသုံးႏိုင္ဘဲ ပိုဝယ္ထားမိတာမ်ိဳး မျဖစ္ေတာ့သလို တစ္လ တစ္လ ကိုယ့္ရဲ႕ ဖုန္းေဘလ္ကုန္က်စရိတ္ကိုလည္း ခ်ိန္လို႔ ရသြားမယ္။
အရင္က တစ္လ ၂ ေသာင္း ကုန္တယ္၊ အခု ၃ ေသာင္းဆို ပိုလာတဲ့ ၁ ေသာင္းအတြက္ ဘယ္ေနရာကေန ေလွ်ာ့လို႔ ရမလဲ ဆိုတာ စဥ္းစားလို႔ ရသြားမွာ ျဖစ္တယ္။
(ဥပမာ အစားအေသာက္ မွာစားတာ) ေနာက္ၿပီး Digital Strike နဲ႔သတင္းစီးဆင္းမႈက ရပ္လို႔ မျဖစ္တဲ့အတြက္ ကိုယ့္ရဲ႕ Entertainment အတြက္ သုံးတဲ့ တျခားဟာေတြ
ဥပမာ Netflix, Game ေတြ) ကို နည္းနည္းေလွ်ာ့လို႔ ရသြားပါမယ္။
◾၃။ Bonus အစီအစဥ္ေတြကို မျပတ္ေစာင့္ၾကည့္ပါ။ ဒါမွ မ်ားမ်ားသုံးႏိုင္လိမ့္မယ္။
◾၄။ Application Update ေတြကို Wifi ရွိတဲ့ေနရာမွ လုပ္ပါ။ ဒီအတြက္ App ေတြကို Auto-update မျဖစ္ေနေအာင္ေသခ်ာဝင္စစ္ၾကည့္ေပးပါ။
◾၅။ Fb သုံးတဲ့အခါ ကိုယ့္အတြက္ အေရးတႀကီး လိုအပ္တာကို ရွာဖတ္တဲ့ အေလ့အက်င့္ လုပ္ပါ။ ဒီလိုပဲ scroll down လုပ္ၿပီး သုံးတာက Data ေတြကို ကုန္မွန္းမသိ ကုန္ေစတယ္။
ေနာက္ၿပီး ကိုယ့္ရဲ႕ Favourite list (အရင္က See first) ကိုလည္း ျပန္စစ္ပါ။
ဆယ္လီေတြကို ထားထားမိရင္ ခဏျပန္ျဖဳတ္ၿပီး NUG ရဲ႕ ေပ့ခ်္ေတြ၊ C2D လိုေပ့ခ်္ေတြနဲ႔ တျခားသတင္းဌာနေတြကို ဦးစားေပး ထားေပးပါ။ ဒါဆို Fb ဖြင့္မယ္။
ဒီသတင္းေတြ ဖတ္မယ္။ ကိုယ္ဖတ္ခ်င္တဲ့ တခ်ိဳ႕လူေတြရဲ႕ စာေတြကို Search box ကေန ရွာမယ္။ နည္းနည္းျဖစ္ျဖစ္ေတာ့ ပြတ္မယ္ (Scroll down လုပ္မယ္)။
ၿပီးတာနဲ႔ တျခားကလစ္လုပ္တာမ်ိဳးေတြ၊ ကိုယ့္အတြက္ ေလ့လာသင္ယူစရာေတြကို ဦးစားေပး လုပ္မယ္။ ဒီလိုဆိုပိုအဆင္ေျပပါတယ္။
◾၆။ Video ေတြမွာ Auto play ပိတ္ထားပါ။ ဒါဆို ကိုယ္ Play ဆိုၿပီး ႏွိပ္မွ ပြင့္မွာ ျဖစ္လို႔ Data ကုန္တာ သက္သာပါတယ္။ Video resolution ေတြလည္း ခ်ထားပါ။
◾၇။ ထပ္ကာ ထပ္ကာ ျပန္ၾကည့္ဖို႔ လိုတဲ့ သင္ၾကားေရး ဗီဒီယိုေတြမ်ား ျဖစ္ေနရင္ တစ္ခါတည္း Down ထားပါ။ YouTube, Netflix စတာေတြမွာလည္း အဲ့လို Download လုပ္ၿပီးၾကည့္တာက ပိုအဆင္ေျပပါတယ္။
(C2D က ဗီဒီယိုေတြကို ေျပာျခင္း မဟုတ္ပါ။ ဥပမာ တရားေတာ္ေတြ၊ သီခ်င္းေတြ၊ Workout video ေတြ စသျဖင့္ ကိုယ္ေန႔တိုင္းၾကည့္ျဖစ္ေနမဲ့ video ေတြကို ဆိုလိုပါတယ္။)
ဒီေလာက္ဆို အတိုင္းအတာတစ္ခုထိ ေႁခြတာၿပီးသား ျဖစ္လိမ့္မယ္လို႔ ထင္ပါတယ္။ ေငြကို စိစစ္ၿပီး သုံးေနရသူေတြအတြက္ အဓိက ရည္႐ြယ္ပါတယ္။
ဆင္းရဲခ်မ္းသာကြာျခားၾကတာမို႔ ဘယ္လိုေဈးတက္တက္ သိပ္မသိသာဘူး ဆိုတဲ့သူေတြက Digital Strike မွာ မ်ားမ်ားပါဝင္ေပးပါ။ Wifi နဲ႔ သုံးသူေတြ၊ ႏိုင္ငံျခားက လူေတြေရာပဲေပါ့။ ဒီေတာ္လွန္ေရးကာလတေလွ်ာက္မွာ အၾကပ္အတည္း အခက္အခဲေပါင္းမ်ားစြာ ေက်ာ္ျဖတ္ခဲ့ၾကရပါတယ္။
ေငြသားရွားပါးတဲ့ ျပသနာေတြ ႀကဳံခဲ့ရၿပီးၿပီ။ ကိုဗစ္ေၾကာင့္လည္း အသက္ေတြ ဆုံးရႈံးခဲ့ရၿပီးၿပီ။
ဒါေပမဲ့လည္း ျပည္သူေတြဟာ အင္နဲ႔အားနဲ႔ မေမာႏိုင္ မပန္းႏိုင္ ေတာ္လွန္ေနၾကဆဲ ျဖစ္ပါတယ္။
Mobile data ေဈးေတြ ျမႇင့္လိုက္႐ုံနဲ႔သာ ေတာ္လွန္ေရး အားနည္းသြားရမယ္ဆို ဒီေလာက္ထိေတာင္ ခရီးေရာက္လာခဲ့မယ္ မဟုတ္ပါဘူး။
စစ္ဖိနပ္ေအာက္က ႐ုန္းထြက္ခ်င္တဲ့ က်ေနာ္တို႔ ျပည္သူေတြရဲ႕ ဆႏၵကို ဘယ္အရာကမွ တားဆီးလို႔ ရႏိုင္ေတာ့မွာ မဟုတ္လို႔ ႀကဳံရသမွ် အခက္အခဲတိုင္းကို ဉာဏ္ပညာနဲ႔၊
အခ်င္းခ်င္း ေဖးကူမႈေတြနဲ႔၊ သူ လြတ္သြားတဲ့ေနရာ ကိုယ္ျဖည့္၊ ကိုယ္လြတ္သြားတဲ့ေနရာ သူျဖည့္ေပးၿပီး စည္းလုံးမႈအျပည့္နဲ႔ ေက်ာ္ျဖတ္ၾကရေအာင္ပါ။
ေဒါက္တာ ၿဖိဳးသီဟ ၉.၁၂.၂၀၂၁