ခေါက်ဆွဲခြောက်ကို လေယာဉ် (၄) စီးနှင့် လဲခဲ့သူ (သို့) တရုတ်တို့၏ စိတ်ကူးအကောင်းဆုံး လုပ်ငန်းရှင်..
လေယာဉ် (၄) စီးကို ခေါက်ဆွဲခြောက်ဖြင့် လဲလို့ရမည်ဟု သင်ထင်ပါသလား။ တရုတ် ဖီးနစ် တစ်ယောက် ကတော့ လဲပြဖူးပါသည်။ သူ့နာမည်က မော်ကီချောင်း။
၁၉၇၉ တွင် ထောင်မှ လွတ်လာသည်။ အစိုးရထံမှ ငွေချေးကာ နိုးစက်နာရီများ စရောင်းသည်။ ထိုမှတဆင့် အမြတ်ရရှိလာသည်။
ကြီးပွားမည့် အခွင့်အလမ်း ရှာဖွေရာမှ စီချွမ် လေကြောင်းလိုင်း အကြောင်း သိလာသည်။ ၎င်းတို့မှာ လေယာဉ် ဝယ်၍ ပျံသန်း လိုသော်လည်း ဝယ်ရန် ငွေမရှိ။ ၎င်းတို့ လိုချင်သော လေယာဉ်မှာ ဆိုဗီယက်တွင် ရှိသည်။
မည်သို့ အကျိုးဆောင်ရင် ကောင်းမလဲ စဉ်းစားရာမှ ဆိုဗီယက်တို့လည်း လူသုံးကုန် ပစ္စည်းများ အရေးတကြီး လိုအပ်နေသည်ကို သိလာသည်။ တရုတ်မှာလည်း အသေးစား လုပ်ငန်းများ ဖွံ့ဖြိုးနေပြီဖြစ်ရာ ထိုပစ္စည်းများ ကောင်းစွာ ထုတ်နိုင်သည်။
ထိုကြောင့် ဆိုဗီယက် တာဝန်ရှိသူ များကို သွားရောက်၍ အထည်၊ ဖိနပ်နှင့် ခေါက်ဆွဲခြောက်များကို လေယာဉ်နှင့် လဲရန်ညှိသည်။ ဆိုဗီယက်တို့က လေယာဉ်ကို ရောင်းရန်သာ စိတ်ဝင်စားသော်လည်း မော်ကီချောင်း အကြိမ်ကြိမ် ညှိရာမှ သဘောတူပြီး အလဲအလှယ် ဖြစ်သွားသည်။
နောက်ဆုံး တရုတ်လုပ် အထည်၊ ဖိနပ်နှင့် ခေါက်ဆွဲခြောက် ရထား အစီး (၅၀၀) တိုက်ဖြင့် ဆိုဗီယက် လေယာဉ် (၄) စီး လဲယူခဲ့သည်။ ထိုဖြစ်ရပ် ပြီးနောက် မော်ကီချောင်းမှာ နာမည်ကြီး လာပြီး ဆိုဗီယက် အာဏာပိုင်များနှင့် ရင်းနှီးလာကာ ဆိုဗီယက် ဂြိုလ်တု လွှတ်တင်ရေးတွင်ပါ ရင်းနှီး မြုပ်နှံခဲ့သည်။
မဖြစ်နိုင်ဟု ထင်ရသော အရောင်းအဝယ်ကို စိတ်ရှည်စွာ ရအောင် အကြိမ်ကြိမ် ညှိနှိုင်းခဲ့သည့် မော်သည် တရုတ်တို့၏ စိတ်ကူးအကောင်းဆုံး လုပ်ငန်းရှင်များတွင် ပါလာသည်။
မြန်မာတို့၏ ပြန်မရနိုင်သော သဘာဝ သယံဇာတများကို တန်ဖိုး မရှိသည့် တရုတ် ထုတ်ကုန်များနှင့် လဲနေရခြင်းနှင့် နှိုင်းယှဉ် စေချင်ပါသည်။ မော်ကတော့ စီချွမ် လေကြောင်း သမိုင်းတွင် ခေါက်ဆွဲခြောက် နှင့်လေယာဉ် လဲစီးခဲ့သူဟု သမိုင်းဝင်ခဲ့သည်။
လေးစားစွာဖြင့် မူရင်းရေးသားသူ
zawgyi
ေခါက္ဆြဲေျခာက္ကို ေလယာဥ္ (၄) စီးႏွင့္ လဲခဲ့သူ (သို႔) တ႐ုတ္တို႔၏ စိတ္ကူးအေကာင္းဆုံး လုပ္ငန္းရွင္..
ေလယာဥ္ (၄) စီးကို ေခါက္ဆြဲေျခာက္ျဖင့္ လဲလို႔ရမည္ဟု သင္ထင္ပါသလား။ တ႐ုတ္ ဖီးနစ္ တစ္ေယာက္ ကေတာ့ လဲျပဖူးပါသည္။ သူ႔နာမည္က ေမာ္ကီေခ်ာင္း။
၁၉၇၉ တြင္ ေထာင္မွ လြတ္လာသည္။ အစိုးရထံမွ ေငြေခ်းကာ ႏိုးစက္နာရီမ်ား စေရာင္းသည္။ ထိုမွတဆင့္ အျမတ္ရရွိလာသည္။
ႀကီးပြားမည့္ အခြင့္အလမ္း ရွာေဖြရာမွ စီခြၽမ္ ေလေၾကာင္းလိုင္း အေၾကာင္း သိလာသည္။ ၎တို႔မွာ ေလယာဥ္ ဝယ္၍ ပ်ံသန္း လိုေသာ္လည္း ဝယ္ရန္ ေငြမရွိ။ ၎တို႔ လိုခ်င္ေသာ ေလယာဥ္မွာ ဆိုဗီယက္တြင္ ရွိသည္။
မည္သို႔ အက်ိဳးေဆာင္ရင္ ေကာင္းမလဲ စဥ္းစားရာမွ ဆိုဗီယက္တို႔လည္း လူသုံးကုန္ ပစၥည္းမ်ား အေရးတႀကီး လိုအပ္ေနသည္ကို သိလာသည္။ တ႐ုတ္မွာလည္း အေသးစား လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးေနၿပီျဖစ္ရာ ထိုပစၥည္းမ်ား ေကာင္းစြာ ထုတ္ႏိုင္သည္။
ထိုေၾကာင့္ ဆိုဗီယက္ တာဝန္ရွိသူ မ်ားကို သြားေရာက္၍ အထည္၊ ဖိနပ္ႏွင့္ ေခါက္ဆြဲေျခာက္မ်ားကို ေလယာဥ္ႏွင့္ လဲရန္ညႇိသည္။ ဆိုဗီယက္တို႔က ေလယာဥ္ကို ေရာင္းရန္သာ စိတ္ဝင္စားေသာ္လည္း ေမာ္ကီေခ်ာင္း အႀကိမ္ႀကိမ္ ညႇိရာမွ သေဘာတူၿပီး အလဲအလွယ္ ျဖစ္သြားသည္။
ေနာက္ဆုံး တ႐ုတ္လုပ္ အထည္၊ ဖိနပ္ႏွင့္ ေခါက္ဆြဲေျခာက္ ရထား အစီး (၅၀၀) တိုက္ျဖင့္ ဆိုဗီယက္ ေလယာဥ္ (၄) စီး လဲယူခဲ့သည္။ ထိုျဖစ္ရပ္ ၿပီးေနာက္ ေမာ္ကီေခ်ာင္းမွာ နာမည္ႀကီး လာၿပီး ဆိုဗီယက္ အာဏာပိုင္မ်ားႏွင့္ ရင္းႏွီးလာကာ ဆိုဗီယက္ ၿဂိဳလ္တု လႊတ္တင္ေရးတြင္ပါ ရင္းႏွီး ျမဳပ္ႏွံခဲ့သည္။
မျဖစ္ႏိုင္ဟု ထင္ရေသာ အေရာင္းအဝယ္ကို စိတ္ရွည္စြာ ရေအာင္ အႀကိမ္ႀကိမ္ ညႇိႏႈိင္းခဲ့သည့္ ေမာ္သည္ တ႐ုတ္တို႔၏ စိတ္ကူးအေကာင္းဆုံး လုပ္ငန္းရွင္မ်ားတြင္ ပါလာသည္။
ျမန္မာတို႔၏ ျပန္မရႏိုင္ေသာ သဘာဝ သယံဇာတမ်ားကို တန္ဖိုး မရွိသည့္ တ႐ုတ္ ထုတ္ကုန္မ်ားႏွင့္ လဲေနရျခင္းႏွင့္ ႏႈိင္းယွဥ္ ေစခ်င္ပါသည္။ ေမာ္ကေတာ့ စီခြၽမ္ ေလေၾကာင္း သမိုင္းတြင္ ေခါက္ဆြဲေျခာက္ ႏွင့္ေလယာဥ္ လဲစီးခဲ့သူဟု သမိုင္းဝင္ခဲ့သည္။
ေလးစားစြာျဖင့္ မူရင္းေရးသားသူ