ဗဟုသုတ

ယောင်္ကျားနိုင်တဲ့နည်း (၆) ခု

၁ ။ Dating လာလုပ်တိုင်း ခေါင်းမညိတ်ပါနဲ့။

အရမ်းတွေ့ချင် နေတယ် ဆိုတောင်မှ စိတ်ကိုလျှော့ အရုပ်ကိုဘဲ ၂ ဆတိုးပြီး အသဲယားပစ်လိုက် အပြစ်ပုံချ အာဘွားပေးလိုက်။ လူတွေက လွယ်တဲ့အရာဆို တန်ဘိုးထားကြတာမှ မဟုတ်တာ။ ခက်ပေ့ ဆိုတာကိုမှ ကိုးကွယ်ချင်တဲ့ အမျိုးလေ။ အဲ့တော့.. ချိန်းတိုင်း ငြင်းလိုက်ပါ ။ ၁၀ ကွေ့ ၁ ကွေ့လောက်ဘဲ လက်ခံလိုက်ပါ။ တန်ဖိုးကို သူနားလည် သွားလိမ့်မယ် ။

၂ ။ နည်းနည်းချင်းဘဲ ချစ်ပြပါ။

ဟတ်ဟတ်ထိုး ကြွေတဲ့အထာနဲ့ အသေအလဲ ချစ်ပြလိုက်ရင် တစ်ချိန်ချိန်မှာ သင် ချောင်ထိုးခံရ ပါလိမ့်မယ်။ မာန်တက်သွားတာ အကြောပြောင်သွားတာ မြင်ရပါလိမ့်မယ်။ အဲ့ဒီတော့.. ချစ်နေခဲ့ရင်တောင် ကိုယ့်ကိုကိုယ် ထိန်းချုပ်ပြီး မချစ်သလိုနေ နဲနဲချင်းဘဲ ချစ်ပြပါ Anni တွေအထိ တာရှည်ခံ ပါလိမ့်မယ် ။

၃ ။ သူမခေါ်ရင် ကိုယ်လည်း မခေါ်နဲ့။

ကိုယ်က အောက်ကျနောက်ကျခံ ချစ်ပေးကြည့်လိုက် ခေါင်းပါ တက်နင်းသွားမှာ။ ဖုန်း တဂွမ်ဂွမ်ဆက် အသည်းအသန် ဖြစ်မပြလိုက်နဲ့ ၊ ကိုယ့်ကို သံပုရာပင် ထင်သွားရော။ ရည်းစားထားပြီး ချော့တာလောက်မှ မလုပ်နိုင်ဘူးဆို အစကတည်းက လာမပက်သက် နေနဲ့လေ။ ပစ်သာထားလိုက်.. တစ်ကယ် ချစ်တယ် မြတ်နိုးတယ်ဆို သူ့ဘက်က နေနိုင်မှာ မဟုတ်ဘူး ခယလာလိမ့်မယ်။ အနည်းဆုံးတော့ စိတ်ဓါတ်လေး သိရမှာ ။

၄ ။ သူ့ရှေ့မှာ ဘယ်တော့မှ မျက်ရည် ကျမပြနဲ့။

သင်ဝမ်းနည်းတတ်မှန်း သိသွားရင် နောက်ဆို စိတ်ဒုက္ခတွေ လာပေးတော့မှာ သေချာတယ်။ သိပ် ဝမ်းနည်းနေခဲ့ရင်တောင် သူ့ရှေ့မှာ ဟန်ဆောင်ပြုံးပြ ကွယ်ရာကျမှ လူးလှိမ့် ငိုကြွေးလိုက်။ မာနကြီးပြီး စိတ်ဓါတ်မာတဲ့ မိန်းခလေးဆို ဘယ်သူကမှ အထင်မသေးရဲဘူး ပစ်ချဖို့ဆို ပိုလို့တောင် ဝေးသေး။ ဘူဒိုဇာနဲ့ ထိုးချတာတောင် အနားက ထွက်သွားမှာ မဟုတ်ဘူး ။

၅ ။ အလျော့မပေးနဲ့။

စကားရော ဖေါရောနဲ့ အလိုလိုက်ပေးကြည့်.. Ha haa တောင် ဟိုက လုပ်သွားဦးမယ်လေ။ စပ်ဖြီးဖြီး သွားမလုပ်နဲ့ ရင့်ကျက်တဲ့ အထာနဲ့နေ.. ဖိန့်ဖိန့်တုန် လန့်နေလိမ့်မယ်။ တစ်ခါတည်းပါ ဆိုတဲ့ စကားရယ်… ခဏပါ ဆိုတဲ့ စကားရယ်… စိတ်ချပါ ဆိုတဲ့ စကားရယ်… လုံးဝယုံပေးဖို့ မစဉ်းစား လိုက်နဲ့။ ရင်ထဲ အသည်းထဲ ကလီစာထဲက မှတ်ထား ။

၆ ။ Record အမြဲ လုပ်ထားပါ။

ဗြောင်ငြင်းလို့ မရအောင် အချက်အလက်နဲ့တကွ သက်သေပြပါ။ နေ့စွဲတွေ အချိန်တွေ သေချာ မှတ်သားထားပါ။ ကတိတွေ ရပြီးရင် သေချာမှတ်သား အချိုးမပြေရင် သစ္စာမဲ့တဲ့သူ ဆိုပြီး စကားလုံးနဲ့ ကိုင်ပေါက်ပါ။ တစ်ခုခု မဟုတ်တာ လုပ်မယ်ကြံတိုင်း မျက်လုံးနဲ့ တစ်ချက် ရှိုးတာနဲ့ ဒူးပါဆတ်ဆတ် တုန်သွားတဲ့ အထိ နိုင်ကွက်တွေ မှတ်သားထားပါ ။

sm