ၾကားသိရသမွ်

ဇော်ဝင်းထွ​ဋ်သား အဆိုတော်အီတိုးရဲ့ နောက်ဆက်တွဲကြားသိရတဲ့သတင်း

ဇော်ဝင်းထဠ်သား အဆိုတော်အီတိုးရဲ့ နောက်ဆက်တွဲကြားသိရတဲ့သတင်း

နိုင်ငံကျော် အဆိုတော် ဇော်ဝင်းထွဋ်သားဖြစ်သူ အဆိုတော် အီတိုး ကို အကြမ်းဖက်မှုများတွင် ပါဝင်သည်ဟုဆိုကာ စက်တင်ဘာ ၈ ရက်နေ့ညပိုင်းက မိသားစုများ နေထိုင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်းက ၈ မိုင်ရှိ ခြံဝန်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။ ဒီ

နေ့မှာတော့ စက်တင်ဘာ၊ ၂၆အဆိုတော် အီတိုးအပါအဝင် ၆ဦးကို တောင်ဥက္ကလာပမြို့နယ် ၅ရပ်ကွက်မှာ လက်လုပ်ဗုံး များနဲ့အတူ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာ ၅ ရက်နေ့က လုံခြုံရေး ပူးပေါင်းအဖွဲ့ဟာ နယ်မြေလှည့်ကင်း ဆောင်ရွက်စဉ် တောင်ဥက္ကလာပမြို့နယ်၊ (၅)ရပ်ကွက်၊ ဗြဟ္မစိုရ်လမ်းနဲ့ ပင်းယလမ်းထိပ်မှာ ယာဉ်မောင်း ကိုကျော်ကိုလင်း (ခ) AJ မောင်းနှင်ပြီး စိုင်းပိုင်စိုးနောင်(ခ)မာဝီ လိုက်ပါလာတဲ့ CRV (အဖြူရောင်) ယာဉ်ကို စစ်ဆေးခဲ့ရာ ယာဉ်နောက်ခန်းအတွင်းမှ အပြာရောင် PVC ပိုက်၊ Keypad ဖုန်းတို့ဖြင့် ချိတ်ဆက်ပြုလုပ်ထားတဲ့ လက်လုပ် ချိန်ကိုက်မိုင်းလေးလုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ယင်းနောက် ကိုကျော်ကိုလင်းရဲ့ ထွက်ဆိုချက်အရ စက်တင်ဘာလ ၈ ရက်နေ့မှာ မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊ မစိုးရိမ်လမ်း၊ အိမ်အမှတ်(၃၁-အေ)အား ဝင်ရောက်ရှာဖွေခဲ့ရာ ကိုဝင်းကိုအောင်(၂၉)နှစ်၊ ဦးထင်ကျော်(၅၇)နှစ်နဲ့ မအိဖြူ (၃၀)နှစ်တို့ကို ၉ မမကျည် ခုနစ်တောင့်၊ ပွိုင့်-၂၂ ကျည် ခုနစ်တောင့်၊ လက်ပစ်ဗုံးဖြူ(စ်) တစ်ခု၊ အခြား ဆက်စပ်ပစ္စည်းများနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ယင်းနောက် ၎င်းတို့ရဲ့ ထွက်ဆိုချက်များအရ မရမ်းကုန်းမြို့နယ်၊ (၇)ရပ်ကွက်၊ နဝဒေးလမ်းရှိနေအိမ်မှာ ဆက်စပ်ပါတဲ့ ဝင်းထွဋ်သော်တာ (ခ) အီတိုး (၃၁) နှစ်ကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Zawgyi

ေဇာ္ဝင္းထဠ္သား အဆိုေတာ္အီတိုးရဲ႕ ေနာက္ဆက္တြဲၾကားသိရတဲ့သတင္း

ႏိုင္ငံေက်ာ္ အဆိုေတာ္ ေဇာ္ဝင္းထြဋ္သားျဖစ္သူ အဆိုေတာ္ အီတိုး ကို အၾကမ္းဖက္မႈမ်ားတြင္ ပါဝင္သည္ဟုဆိုကာ စက္တင္ဘာ ၈ ရက္ေန႔ညပိုင္းက မိသားစုမ်ား ေနထိုင္သည့္ ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္အတြင္းက ၈ မိုင္႐ွိ ျခံဝန္းတြင္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း နီးစပ္သူမ်ားထံမွ သိရသည္။ ဒီေန႔မွာေ

တာ့ စက္တင္ဘာ၊ ၂၆အဆိုေတာ္ အီတိုးအပါအဝင္ ၆ဦးကို ေတာင္ဥကၠလာပၿမိဳ႕နယ္ ၅ရပ္ကြက္မွာ လက္လုပ္ဗုံး မ်ားနဲ႔အတူ ဖမ္းဆီးရမိေၾကာင္း စစ္ေကာင္စီက သတင္းထုတ္ျပန္လိုက္ပါတယ္။စက္တင္ဘာ ၅ ရက္ေန႔က လုံျခဳံေရး ပူးေပါင္းအဖြဲ႕ဟာ နယ္ေျမလွည့္ကင္း ေဆာင္႐ြက္စဥ္ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ (၅)ရပ္ကြ

က္၊ ျဗဟၼစိုရ္လမ္းနဲ႔ ပင္းယလမ္းထိပ္မွာ ယာဥ္ေမာင္း ကိုေက်ာ္ကိုလင္း (ခ) AJ ေမာင္းႏွင္ၿပီး စိုင္းပိုင္စိုးေနာင္(ခ)မာဝီ လိုက္ပါလာတဲ့ CRV (အျဖဴေရာင္) ယာဥ္ကို စစ္ေဆးခဲ့ရာ ယာဥ္ေနာက္ခန္းအတြင္းမွ အျပာေရာင္ PVC ပိုက္၊ Keypad ဖုန္းတို႔ျဖင့္ ခ်ိတ္ဆက္ျပဳလုပ္ထားတဲ့ လက္လုပ္ ခ်ိန္ကိုက္မိုင္းေလးလုံးကို သိမ္းဆည္း

ရမိခဲ့တယ္လို႔ သိရပါတယ္။ယင္းေနာက္ ကိုေက်ာ္ကိုလင္းရဲ႕ ထြက္ဆိုခ်က္အရ စက္တင္ဘာလ ၈ ရက္ေန႔မွာ မရမ္းကုန္းၿမိဳ႕နယ္၊ (၅)ရပ္ကြက္၊ မစိုးရိမ္လမ္း၊ အိမ္အမွတ္(၃၁-ေအ)အား ဝင္ေရာက္႐ွာေဖြခဲ့ရာ ကိုဝင္းကိုေအာင္(၂၉)ႏွစ္၊ ဦးထင္ေက်ာ္(၅၇)ႏွစ္နဲ႔ မအိျဖဴ (၃၀)ႏွစ္တို႔ကို ၉ မမ က်ည္ ခုနစ္ေတာင့္၊ ပြိဳင့္-၂၂ က်ည္ ခု

နစ္ေတာင့္၊ လက္ပစ္ဗုံးျဖဴ(စ္) တစ္ခု၊ အျခား ဆက္စပ္ပစၥည္းမ်ားနဲ႔အတူ ဖမ္းဆီးရမိခဲ့တယ္လို႔ သိရပါတယ္။ယင္းေနာက္ ၎တို႔ရဲ႕ ထြက္ဆိုခ်က္မ်ားအရ မရမ္းကုန္းၿမိဳ႕နယ္၊ (၇)ရပ္ကြက္၊ နဝေဒးလမ္း႐ွိ ေနအိမ္မွာ

ဆက္စပ္ပါတဲ့ ဝင္းထြဋ္ေသာ္တာ (ခ) အီတိုး (၃၁) ႏွစ္ကို ထပ္မံဖမ္းဆီးခဲ့တယ္လို႔ စစ္ေကာင္စီရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။