တခုခုလုပ်ဖို့ အတွက်ကို သင် ကြောက်လန့်နေသလား ။ လူတွေက သင့်အပေါ် တမျိုးမြင်မှာကို မဝံ့မရဲ ဖြစ်နေတာလား ။ အဲဒါဆိုရင်တော့ သင် ရဲရင့်ဖို့ လိုပါပြီ ။ ဒီအချက်လေးတွေကို လုပ်ဆောင်ပေးခြင်း အားဖြင့် သင်ဟာ ရဲရင့်တဲ့သူ တယောက် ဖြစ်လာနိုင် ပါတယ် ။
၁ ။ အကောင်းမြင်စိတ် ထားပါ
ဒီအချက်က အရေးကြီးပါတယ် ။ ကြောက်တတ်တဲ့သူ တော်တော် များများဟာ မဖြစ်သေးတဲ့ ကိစ္စကို အဆိုး ဘက်က တွေးပြီး ပူပန်နေတတ်ကြ ပါတယ် ။ ဒီ အဆိုးမြင်စိတ်ကို အကောင်းမြင်တဲ့ ဘက်ကို ပြောင်းလိုက် တာဟာ ကြောက်ရွံမှုတွေကို လျော့ပါးစေနိုင် ပါတယ် ။
၂ ။ အရှုံး မပေးပါနဲ့
အမှားအယွင်းတွေကြောင့် သင် ကျရှုံးသွားတဲ့အခါ နောက်တကြိမ် နောက်တကြိမ် ထပ်ပြီး ကြိုးစားသင့် ပါတယ် ။ ရဲရင့်သူတွေဟာ ဝီရိယကြီးမားသူတွေ ဖြစ်ကြပါတယ် ။ ဘ၀ ဆိုတာကလည်း ကိုယ်အရှုံးမပေးသ၍ ဘယ်တော့မှ မရှုံးနိမ့်ပါဘူး ။
၃ ။ အားမနာပါနဲ့
တစုံတခုက သင့်ကို နှောက်ယှက်နေတဲ့ အခါ အားနာလို့ ငြိမ်နေတတ် ပါတယ် ။ တစုံတယောက်ဟာ သင်မအားသေးတဲ့ အချိန် သင့်ကို စကားတွေ လာပြောနေတာပဲ ဖြစ်နိုင်သလို ၊ သင်မတတ်နိုင်တဲ့ ကိစ္စတခုခုကို အကူအညီ တောင်းတာလည်း ဖြစ်နိုင်ပါတယ် ။ ဒီအခါမျိုးမှာ ကိုယ်မတတ်နိုင်ရင် မျက်နှာပူရ ပေမယ့် ပြတ်ပြတ်သားသား ငြင်းလိုက်တာ အကောင်းဆုံး ပါပဲ ။
၄ ။ အမှားကို ဝန်ခံရဲပါစေ
လူတိုင်းလိုလို မှားတတ် ပါတယ် ။ မှားတယ်လို့ ပြောမှာကို မကြောက်ပဲ ရဲရဲ ရင့်ရင့် ဝန်ခံ လိုက်ပါ ။ ဒါဟာ ရဲရင့်သူတွေမှာ ရှိတတ်တဲ့ သတ္တိ တမျိုးပဲ ဖြစ်ပါတယ် ။
၅ ။ကိုယ့်ကိုယ်ကို သိပါ
လူတိုင်းဟာ ကိုယ့်ကိုယ်ကို အသိဆုံးပါ ။ ကိုယ်လုပ်နိုင်တာ မလုပ်နိုင်တာတွေကိုလည်း ကိုယ်ပဲ အသိဆုံးပါ ။
၆ ။ ကိုယ့်ကိုယ်ကို ခွင့်လွှတ်တတ် ပါစေ
perfect ဖြစ်တဲ့သူ ဒီကမ္ဘာမှာ မရှိပါဘူး ။ အဲဒီတော့ သင်လည်း အရာရာ တိုင်းတော့ perfect မဖြစ်နိုင်ပါ ။ သင် အစွမ်းကုန် ကြိုးစားခဲ့ ပါရက်နဲ့ မအောင်မြင် ဖြစ်ခဲ့ရင် ကိုယ့်ကိုယ်ကို မခွင့်လွှတ်နိုင်အောင် ဖြစ်တတ် ပါတယ် ။ အဲဒီအခါမျိုးမှာ ခွင့်လွှတ်ဖို့ ကြိုးစားသင့် ပါတယ် ။
၇ ။ Yes ဆိုတဲ့ စကားကို သင်ယူပါ
ဘယ်တော့မှ လုပ်မကြည့်ရ သေးပဲနဲ့ မလုပ်နိုင်ဘူးဆိုတဲ့ စကားကို မပြောပါနဲ့ ။ ကိစ္စတိုင်းကို သင် မလုပ်နိုင်ပေမယ့် တချို့ ကိစ္စတွေကို တော့ စမ်းလုပ်ကြည့်ပြီးမှ သိနိုင်လို့ ပါပဲ ။
၈ ။ သူများစကားကို နားမယောင်ပါနဲ့
ကိုယ်တိုင် လုပ်လို့ ရနိုင်ပါလျက်နဲ့ သူများစကား နားယောင်မိ တာကြောင့် အခွင့်ကောင်းတွေနဲ့ လွဲခဲ့တာမျိုးတွေ ရှိတတ်ကြ ပါတယ်။ ကိုယ့်စိတ် ၊ ကိုယ့်ဦးနှောက်နဲ့ တွေးပြီး သေချာတယ် ဆိုရင် ချက်ချင်း လုပ်ဆောင်လိုက်ပါ ။
၉ ။ ပြင်သင့်တာတွေ ပြင်ပါ
သာမန်လူတွေဟာ ကိုယ့်ရဲ့ မကောင်းတဲ့ အကျင့်တွေကို ကိုယ်ကိုယ်တိုင် သိပေမယ့် ပြင်ဖို့ မကြိုးစား ကြပါဘူး ။ ရဲရင့်တဲ့ သူတွေကတော့ အမှားကို သိတာနဲ့ ချက်ချင်း ပြင်နိုင်အောင် ကြိုးစားကြ ပါတယ် ။
AyeSay