ကမ္ဘာကျော်လေယာဉ်ပျက်ကျမှုမှာတန်ခိုးပြကာကွယ်ပေးခဲ့သောတောင်ပုလုဆရာတော်ဘုရားကြီး၏ကမ္ဘာကျော်ဖြစ်ရပ်
လေယာဉ် ပျက်ကျတော့မယ့် အချိန်မှာ တန်ခိုးပြ ကာကွယ်ပေးခဲ့သော တောင်ပုလုဆရာတော်ဘုရားကြီး၏ ကမ္ဘာကျော် ဖြစ်ရပ် ..
ဘာသာရေးနှင့်ဆက်နွယ်သော အထွေထွေ ဗဟုသုတလွန်ခဲ့တဲ့ ၃၈ နှစ်လောက်က ထူးခြားဖြစ်စဉ်တခုပါ.မန္တလေးတိုင်းဒေသကြီးမိတ္ထီလာမြို့ အနီးရှိတောင်ပုလု တောရရိပ်သာတွင် သီတင်းသုံးနေထိုင်ခဲ့သော တောင်ပုလု ဆရာတော် ဘုရားကြီးသည် တစ်ချိန်က ရဟန္တာဟု ထင်ပေါ်ကျော်ကြားခဲ့သည်
ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်လာသူ တစ်ယောက်အကြောင်း အပါအဝင် စာအုပ်ပေါင်းများစွာကို ရေးခဲ့သူ စာရေးဆရာ ဒါရိုက်တာဦးဆန်းလွင်သည်တောင်ပုလု ဆရာတော်ဘုရားကြီးကိုအကြောင်းပြု၍ဗုဒ္ဓဘာသာသို့ ကူးပြောင်းကာ အရှင်အာဒိစ္စရံသီ ဘွဲ့အမည်ဖြင့်ရဟန်းဝတ်ပြီး မြန်မာပြည်အနှံတရားများလှည့်လည်ဟောခဲ့ပါသည်
ပျဉ်းမနား မဟာမြိုင် ဆရာတော် ဦးဇောတိကသည်လည်း ဆရာတော်ကြီးကို အကြောင်းပြု၍ ဘာသာကူးပြောင်းကာ ရဟန်းဝတ်ပြီးစာအုပ်ပေါင်းများစွာရေး၍ ကမ္ဘာ့နိုင်ငံ အသီးသီးကို လှည့်လည်တရားဟောခဲ့ပါသည်။1970 ခုနှစ်ကျော်ဝန်းကျင်လောက်က အမေရိကန်ကို ပျံသန်းတဲ့လေယာဉ်တစ်စီးဟာ ကောင်းကင်ယံမှ ပျက်ကျလုဆဲဆဲ ဖြစ်ခဲ့တယ်
အဲ့ဒီအချိန်မှာဘဲ လေယာဉ်မူးနှစ်ဦးဟာ လေယာဉ်ဦးခေါင်းရှေ့တည့်တည့်မှာသင်္ကန်းဝတ်နဲ့ ရဟန်းတော်တစ်ပါး ကိုမြင်လိုက်ရပြီလေယာဉ်ပျံဟာ ရုတ်တရက်ပြန်လည်ကောင်းသွားပြီး အမေရိကန်ကို ချောမောစွာပြန်လည်ရောက်ရှိခဲ့ပါတယ်
အဲ့ဒီသတင်းကို အမေရိကန်သတင်းစာမှာ ဟိုးလေး တစ်ကျော်ဖြစ်ခဲ့ပြီး မြန်မာ ရဟန်းတော်တစ်ပါးက လေယာဉ်ကိုကယ်တင်ခဲ့ကြောင်းအကျယ်တစ်ဝန်းရေးသားဂုဏ်ပြုကြတယ် ။အဲ့ဒီ အဖြစ်အပျက်ကို အဲ့ဒီလေယာဉ်မှာပါတဲ့ခရီးသည်တွေတောင်မသိလိုက်ဘူးတဲ့ အဲ့ဒီလေယာဉ်မှာပါတဲ့မြန်မာနိုင်ငံကသစ်ကုန်သည် ဒေါ်ခင်ဝင်းဆိုသူဟာအံသြပြီး အမေရိကန်ကို အဲ့ဒီနေ့က ထွက်တဲ့ လေယာဉ်ရဲ့ ခရီးစဉ်ကို လှမ်းစုံစမ်းကြည့်တော့ အဲ့ဒီနေ့က ခရီးသည်တွေမှာမြန်မာနိုင်ငံသားနှစ်ဦးပါပြီး တစ်ဦးက ဒေါ်ခင်ဝင်းဖြစ်ကာ တစ်ခြားတစ်ဦးက တောင်ပုလု ဆရာတော်ကြီးပါတဲ့
ဒေါ်ခင်ဝင်းဟာ တောင်ပုလု ဆရာတော်ဘုရားကြီးပုံကို လေယာဉ်မှုးတွေကိုပြတဲ့အခါ လေယာဉ်ဦးခေါင်းပိုင်းမှာ ရပ်ပြီး လေထဲမှာ သင်္ကန်းတလူလူနဲ့လွင့်နေတာအဲ့ဒီ ရဟန်းတော်ပါတဲ့။အဲ့ဒီ လေယာဉ်မှုးတွေရဲ့ကျေးဇူးကြောင့် အမေရိကန်မှာ တောင်ပုလုတရားစခန်းတစ်ခု ဖွင့်လှစ်ပေးပြီး ခုအချိန်ထိသာသနာပြုနေကြပါတယ်
သာသနာပြုနေကြပါတယ်။
Cedit to Original
့