လက္သည္းေတြက တစ္ဆင့္သိနိုင္မယ့္ သင့္ရဲ႕ က်န္းမာေရးအေျခအေန
သင့္ရဲ႕ လက္သည္းေတြက ခႏၶာကိုယ္က်န္းမာေရးနဲ႕လည္း စပ္ဆက္ေနတယ္ဆိုတာ သိပါသလား ။
လက္သည္းေတြကိုျကည့္ျပီး ကိုယ့္ခႏၶာကိုယ္မွာ လိုအပ္ေနတဲ့ အာဟာရဓါတ္ေတြကိုလည္း သိရွိနိုင္သလို ေရာဂါလကၡဏာေတြကိုလည္း ျကိုတင္သတိထားကာကြယ္လို႕ရနိုင္ပါတယ္။ဒါေတြကေတာ့ လက္သည္းေတြက ေဖာ္ျပေနတဲ့ သင့္ရဲ႕ က်န္းမာေရးအေျခအေနေတြပဲျဖစ္ပါတယ္။
(၁) အျဖဴစင္းေလးေတြေပၚေနတာ
ခႏၶာကိုယ္မွာ အာဟာရဓာတ္ေတြ လံုလံုေလာက္ေလာက္ျပည့္၀ေနတဲ့ အခါ လက္သည္းေတြလည္းက်န္းမာပါတယ္။
တစ္ကယ္လို႕ သင့္လက္သည္းမွာ အျဖဴ အေပ်ာက္အေပ်ာက္ေတြ ၊ အျဖဴဆင္းေတြ ေပၚလာရင္ေတာ့
သင့္ခႏၶာကိုယ္မွာ ကယ္ဆီယမ္ ၊ ဗီတာမင္နဲ႕ ဇင့္(ခ္) ဓါတ္ေတြ ခ်ိဳ႕ယြင္းေနလို႕ပါ။
တစ္ခ်ိဳ႕လူေတြထင္ေနျကတဲ့ ေပ်ာက္ေနတဲ့ အရာေတြျပန္ရွာေတြ႕ေတာ့မယ္၊ ကိုယ့္ကိုခ်စ္တဲ့သူမ်ားတယ္ ဆိုတဲ့လကၡဏာဆိုတာ မဟုတ္ပါဘူးေနာ္။
ဒီအျဖဴဆင္းေလးေတြေပ်ာက္ဖို႕ဆိုရင္ေတာ့ ႏြားနို႕ေသာက္ေပးတာ၊ ဟင္းသီးဟင္းရြက္ နဲ႕ အသီးအနွံေတြစားျပီး အာဟာရဓါတ္ျဖည့္တင္းေပးဖို႕လိုပါတယ္။
(၂) လက္သည္းမွာ အထစ္ အထစ္ေတြျဖစ္တာ
လက္သည္းမ်က္နွာျပင္က မညီညာပဲ အထစ္အထစ္ေတြျဖစ္လာျပီဆိုရင္ေတာ့ သတိထားပါ။ ဒါက အဆုတ္ကင္ဆာရဲ႕ေရွ႕ေျပးလကၡဏာျဖစ္ပါတယ္။
ကင္ဆာေျကာင့္ျဖစ္တဲ့ chemicals နဲ႕ ေဟာ္မုန္းေတြေျကာင့္ လက္သည္းကိုေရာက္ရွိရမယ့္ အရည္ဓါတ္ပမာဏမေရာက္တဲ့အတြက္ အထစ္အထစ္ေတြျဖစ္လာတာပါ။
(၃)လက္သည္းခံုးလာတာ
လက္သည္းခံုးလာတာကေတာ့ ခႏၶာကိုယ္မွာ ဆာလဖာဓါတ္ ေလ်ာ့နည္းေနလုိ႕ပါ။ ေရရွည္မွာ အေရျပား ေရာဂါေတြနဲ႕ အျခားေရာဂါေတြျဖစ္ပြားလာနိုင္ပါတယ္။
ဆာလဖာဓါတ္ကိုေတာ့ အသားေတြ ၊ ဥေတြ၊ နို႕ေတြေသာက္ျပီး ရရွိနိုင္ပါတယ္။ ဒီလိုအစားအေသာက္ေတြစားေပးရင္းနဲ႕ တစ္ျဖည္းျဖည္း လက္သည္းခံုးတာေတြပါ ေပ်ာက္လာမွာပါ။
(4) လက္သည္း၀ါလာတာ
လက္သည္း၀ါလာတယ္ဆိုတာ လက္သည္းမွာ မွိဳတက္လာတာပါ။ သိုင္းရြိဳက္ ေရာဂါ၊ ဆီးခ်ိဳေရာဂါနဲ႕ အသက္ရွဴလမ္းေျကာင္းဆိုင္ရာတို႕ရဲ႕ လကၡဏာလည္းျဖစ္ပါတယ္။
ဒါ့အျပင္ လက္သည္း၀ါတာက လက္သည္းဆိုးေဆးေတြေျကာင့္ ၊ ေဆးလိပ္ေသာက္သံုးမွဳမ်ားတာေျကာင့္လည္းျဖစ္နိုင္ပါတယ္။
Kay Khine
Unicode Version
လက်သည်းတွေက တစ်ဆင့်သိနိုင်မယ့် သင့်ရဲ့ ကျန်းမာရေးအခြေအနေ
သင့်ရဲ့ လက်သည်းတွေက ခန္ဓာကိုယ်ကျန်းမာရေးနဲ့လည်း စပ်ဆက်နေတယ်ဆိုတာ သိပါသလား ။
လက်သည်းတွေကိုကြည့်ပြီး ကိုယ့်ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ အာဟာရဓါတ်တွေကိုလည်း သိရှိနိုင်သလို ရောဂါလက္ခဏာတွေကိုလည်း ကြိုတင်သတိထားကာကွယ်လို့ရနိုင်ပါတယ်။ဒါတွေကတော့ လက်သည်းတွေက ဖော်ပြနေတဲ့ သင့်ရဲ့ ကျန်းမာရေးအခြေအနေတွေပဲဖြစ်ပါတယ်။
(၁) အဖြူစင်းလေးတွေပေါ်နေတာ
ခန္ဓာကိုယ်မှာ အာဟာရဓာတ်တွေ လုံလုံလောက်လောက်ပြည့်ဝနေတဲ့ အခါ လက်သည်းတွေလည်းကျန်းမာပါတယ်။
တစ်ကယ်လို့ သင့်လက်သည်းမှာ အဖြူ အပျောက်အပျောက်တွေ ၊ အဖြူဆင်းတွေ ပေါ်လာရင်တော့
သင့်ခန္ဓာကိုယ်မှာ ကယ်ဆီယမ် ၊ ဗီတာမင်နဲ့ ဇင့်(ခ်) ဓါတ်တွေ ချို့ယွင်းနေလို့ပါ။
တစ်ချို့လူတွေထင်နေကြတဲ့ ပျောက်နေတဲ့ အရာတွေပြန်ရှာတွေ့တော့မယ်၊ ကိုယ့်ကိုချစ်တဲ့သူများတယ် ဆိုတဲ့လက္ခဏာဆိုတာ မဟုတ်ပါဘူးနော်။
ဒီအဖြူဆင်းလေးတွေပျောက်ဖို့ဆိုရင်တော့ နွားနို့သောက်ပေးတာ၊ ဟင်းသီးဟင်းရွက် နဲ့ အသီးအနှံတွေစားပြီး အာဟာရဓါတ်ဖြည့်တင်းပေးဖို့လိုပါတယ်။
(၂) လက်သည်းမှာ အထစ် အထစ်တွေဖြစ်တာ
လက်သည်းမျက်နှာပြင်က မညီညာပဲ အထစ်အထစ်တွေဖြစ်လာပြီဆိုရင်တော့ သတိထားပါ။ ဒါက အဆုတ်ကင်ဆာရဲ့ရှေ့ပြေးလက္ခဏာဖြစ်ပါတယ်။
ကင်ဆာကြောင့်ဖြစ်တဲ့ chemicals နဲ့ ဟော်မုန်းတွေကြောင့် လက်သည်းကိုရောက်ရှိရမယ့် အရည်ဓါတ်ပမာဏမရောက်တဲ့အတွက် အထစ်အထစ်တွေဖြစ်လာတာပါ။
(၃)လက်သည်းခုံးလာတာ
လက်သည်းခုံးလာတာကတော့ ခန္ဓာကိုယ်မှာ ဆာလဖာဓါတ် လျော့နည်းနေလို့ပါ။ ရေရှည်မှာ အရေပြား ရောဂါတွေနဲ့ အခြားရောဂါတွေဖြစ်ပွားလာနိုင်ပါတယ်။
ဆာလဖာဓါတ်ကိုတော့ အသားတွေ ၊ ဥတွေ၊ နို့တွေသောက်ပြီး ရရှိနိုင်ပါတယ်။ ဒီလိုအစားအသောက်တွေစားပေးရင်းနဲ့ တစ်ဖြည်းဖြည်း လက်သည်းခုံးတာတွေပါ ပျောက်လာမှာပါ။
(4) လက်သည်းဝါလာတာ
လက်သည်းဝါလာတယ်ဆိုတာ လက်သည်းမှာ မှိုတက်လာတာပါ။ သိုင်းရွိုက် ရောဂါ၊ ဆီးချိုရောဂါနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာတို့ရဲ့ လက္ခဏာလည်းဖြစ်ပါတယ်။
ဒါ့အပြင် လက်သည်းဝါတာက လက်သည်းဆိုးဆေးတွေကြောင့် ၊ ဆေးလိပ်သောက်သုံးမှုများတာကြောင့်လည်းဖြစ်နိုင်ပါတယ်။
Kay Khine