အခ်စ္နွင့္ဘဝ

ေျခရႈပ္တဲ့ေယာက်္ားေတြရဲ့လက္သုံးစကားမ်ား (သို႔) ဂ်င္းႀကီး ၁ဝ ပါး

ေျခရႈပ္တဲ့ေယာက်္ားေတြရဲ႕လက္သုံးစကားမ်ား (သို႔) ဂ်င္းႀကီး ၁ဝ ပါး

ေဗဒင္ေမးစရာ မလိုပါဘူး။ ဒီ ၁၀ ခြန္းကို အၿမဲတမ္းလိုလို ေျပာေနတတ္တယ္ ဆိုရင္ေတာ့ ေသခ်ာေနပါၿပီ။

၁။ အဲ့ေကာင္မေလးက သူငယ္ခ်င္းပါကြာ

ဒီလိုစကားမ်ိဳးဟာ သူေကာင္မေလး တစ္ေယာက္နဲ႔ ပတ္သက္ေနေၾကာင္း သင္ရွာေဖြေတြ႕ ရွိသြားၿပီး ဒါဘယ္သူလဲလို႔ ေမးမွသာ ျပန္ေျဖတဲ့စကားပါ။အမွန္တကယ္ သူငယ္ခ်င္းသာဆိုရင္ အဲ့ဒီေကာင္မေလး အေၾကာင္းကို သင္အေစာႀကီးတည္းက သိေနရမွာေပါ့။အခုမွေပၚလာၿပီး သံသယျဖစ္စရာ အေျပာအဆိုေတြနဲ႔ ပတ္သက္ေနၾကတဲ့ သူတို႔ႏွစ္ေယာက္ဟာ အမွန္တကယ္ သူငယ္ခ်င္းေတြ ျဖစ္တယ္လို႔ သင္ယုံပါသလား။ယုံသင့္တယ္လို႔ ထင္ပါသလား။

၂။ ကိုယ့္လြတ္လပ္ခြင့္ကို အေလးထားပါ၊ ကိုယ့္ဖုန္းကို မကိုင္နဲ႔ မႀကိဳက္ဘူး

သင္မဟုတ္တဲ့ တျခားမိန္းကေလးနဲ႔ ပို႔ထားတဲ့စာေတြ ၊ အဲ့ဒီမိန္းကေလးရဲ႕ ပုံေတြ ရွိေနတာ ေသခ်ာသေလာက္ပါပဲ။အဲ့ဒီ မိန္းကေလးဆိုတာဟာ တစ္ေယာက္တည္းလည္း ျဖစ္ႏိုင္သလို တစ္ေယာက္ထပ္မကတဲ့ ေကာင္မေလးေတြလဲ ျဖစ္ႏိုင္ပါတယ္။

၃။ မင္း ငါ့အေပၚကို သစၥာေဖာက္ေနတယ္မဟုတ္လား

တမင္သက္သက္ စြပ္စြဲေနမွန္း သူေရာ သင္ပါသိၿပီးသားပါ။ ဒါဆိုဘာျဖစ္လို႔ စြပ္စြဲပါသလဲ။အေျဖကေတာ့ သူကိုယ္တိုင္ဟာ သစၥာမဲ့တဲ့အတြက္ သင္လဲ သူ႔လိုပဲ သစၥာမေဖာက္ႏိုင္စရာ အေၾကာင္းမရွိဘူးလို႔ ေတြးလို႔ပါ။ကိုယ့္စိတ္နဲ႔ႏႈိင္းတဲ့ သေဘာပါ။

၄။ ငါကမင္းနဲ႔ မတန္ပါဘူး

ေၾသာ္ ဟုတ္လား ၊ ဒါျဖင့္ ဘယ္သူနဲ႔ တန္တယ္ထင္လဲ လို႔သာေမးလိုက္ပါ။သူ႔ကိုယ္သူ ႏွိမ့္ခ်သလိုသာ ေျပာဆိုေနေပမယ့္ တကယ္တမ္းေတာ့ အသစ္ေတြ႕ေနလို႔ မာယာေတြ မ်ားေနျခင္း ျဖစ္ပါတယ္။

၅။ မင္းဘဝအတြက္ လမ္းခြဲေပးလိုက္တာပါ

ဂ်င္းအႀကီးစားပါပဲ။ ဒါဟာ လမ္းခြဲၿပီးတာေတာင္ ျပတ္ျပတ္သားသား မျဖစ္ေစဘဲ ေတြေဝေအာင္ေျပာတဲ့စကားပါ။သူေနာက္ တစ္ေယာက္နဲ႔ တြဲေနလည္း ဒီစကားေၾကာင့္ သူ႔ကို သင္အျပစ္ မျမင္ေတာ့မွာ မဟုတ္ပါဘူး။ေနာက္တစ္ေယာက္နဲ႔ တြဲၿပီး အဆင္မေျပလို႔ သင့္ဆီျပန္လာခ်င္ရင္ေတာ့ ခ်စ္ရက္နဲ႔ လမ္းခြဲလိုက္ရတာမို႔ သံေယာဇဥ္မျပတ္လို႔ blah blah ေတာ္ကီေတြနဲ႔ ခ်ဳပ္လိုက္ယုံပဲေပါ့။

၆။ မင္းဟာငါ့ရဲ႕ အခ်စ္ဆုံးပါပဲ၊ တစ္သက္လုံး သတိရေနမွာပါ

အေပၚက စကားလိုပါပဲ။ မျပတ္မသားနဲ႔ ေလွနံႏွစ္ဘက္ နင္းဖို႔အတြက္ အကြက္ေတြ ခင္းေနတာပါ။

၇။ အဲ့ေကာင္မေလးကို ငါတကယ္မခ်စ္ပါဘူး

ခ်စ္ျခင္း မခ်စ္ျခင္းသည္ ဒီေနရာမွာ အေရးမပါပါဘူး။အဓိကက လက္ရွိတြဲေနတဲ့သူအေပၚမွာ သစၥာရွိဖို႔ပဲမဟုတ္ဘူးလား။မခ်စ္ပါဘူးလို႔ေျပာၿပီး စုံတြဲလိုျပဳမူေနတာကို ခြင့္လႊတ္ေပးဖို႔ မထိုက္တန္ပါဘူး။

၈။ ေနာက္တစ္ခါမလုပ္ေတာ့ပါဘူး

ဒီလိုေျပာေပမယ့္လည္း ယုံၾကည္မႈဟာပ်က္စီးသြားခဲ့ပါၿပီ။သူသင့္ကိုခ်စ္တယ္ဆိုရင္ေတာင္ သူခ်စ္တဲ့သူအေပၚကို နာက်င္ေစမယ့္ လုပ္ရပ္ေတြကို လုပ္ခဲ့တယ္ဆိုတာ သင္အသိဆုံးပါ။ေနာက္တစ္ႀကိမ္ မလုပ္ဘူးလို႔ ဘယ္သူေျပာႏိုင္မွာလဲ။

၉။ မင္းငါ့ကိုဘာလို႔မယုံၾကည္ရတာလဲ

ယုံၾကည္လိုက္တာနဲ႔ ယုံၾကည္မႈကို အလြဲသုံးစား လုပ္သြားမွာပါ။လုပ္လဲလုပ္ခဲ့ဖူးလို႔သာ သင္သူ႔ကို ဆက္လက္ မယုံၾကည္ႏိုင္ေတာ့တာပါ။ဒါဟာ လူရႈပ္လူေပြေတြရဲ႕လက္သုံးစကားပါ။ သူသစၥာမရွိေၾကာင္း အထင္အရွား သက္ေသရွိေနရင္ေတာင္ သင္က မလိုအပ္ဘဲ သဝန္တိုေနသလို၊ သူ႔ကိုမယုံၾကည္သလို ေျပာဆိုပါလိမ့္မယ္။

၁၀။ ကိုယ္ေျပာင္းလဲသြားပါၿပီ

မျဖစ္ႏိုင္ပါဘူး။ အႀကိမ္ႀကိမ္အခါခါ သင့္ကို နာက်င္ေစၿပီးေတာ့မွ ေျပာင္းလဲသြားပါၿပီဆိုတာ ျဖစ္ႏိုင္တယ္ထင္ရဲ႕လား။သာယာတဲ့ အခ်စ္ေရးကို ပိုင္ဆိုင္ခ်င္ရင္တာ့ ဒီလိုလူမ်ိဳးကို စြန႔္လႊတ္လိုက္ပါ။ အခ်စ္စစ္ အခ်စ္မွန္ဟာ သာယာခ်ိဳၿမိန္မႈ အျပည့္ရွိပါတယ္။ဒီလို တစ္ဖတ္သတ္ဆန္တဲ့ နားလည္မႈေတြ နာက်င္မႈေတြ အနစ္နာခံမႈေတြနဲ႔ တည္ေဆာက္ထားတဲ့ ဆက္ဆံေရးဟာ အခ်စ္မဟုတ္ပါဘူး။စိတ္ပိုင္းဆိုင္ရာ ညႇင္းပန္းႏွိပ္စက္မႈျဖစ္ပါတယ္။

Credit;Original uploader

Unicode Version

ခြေရှုပ်တဲ့ယောကျ်ားတွေရဲ့လက်သုံးစကားများ (သို့) ဂျင်းကြီး ၁ဝ ပါး

ဗေဒင်မေးစရာ မလိုပါဘူး။ ဒီ ၁၀ ခွန်းကို အမြဲတမ်းလိုလို ပြောနေတတ်တယ် ဆိုရင်တော့ သေချာနေပါပြီ။

၁။ အဲ့ကောင်မလေးက သူငယ်ချင်းပါကွာ

ဒီလိုစကားမျိုးဟာ သူကောင်မလေး တစ်ယောက်နဲ့ ပတ်သက်နေကြောင်း သင်ရှာဖွေတွေ့ ရှိသွားပြီး ဒါဘယ်သူလဲလို့ မေးမှသာ ပြန်ဖြေတဲ့စကားပါ။အမှန်တကယ် သူငယ်ချင်းသာဆိုရင် အဲ့ဒီကောင်မလေး အကြောင်းကို သင်အစောကြီးတည်းက သိနေရမှာပေါ့။အခုမှပေါ်လာပြီး သံသယဖြစ်စရာ အပြောအဆိုတွေနဲ့ ပတ်သက်နေကြတဲ့ သူတို့နှစ်ယောက်ဟာ အမှန်တကယ် သူငယ်ချင်းတွေ ဖြစ်တယ်လို့ သင်ယုံပါသလား။ယုံသင့်တယ်လို့ ထင်ပါသလား။

၂။ ကိုယ့်လွတ်လပ်ခွင့်ကို အလေးထားပါ၊ ကိုယ့်ဖုန်းကို မကိုင်နဲ့ မကြိုက်ဘူး

သင်မဟုတ်တဲ့ တခြားမိန်းကလေးနဲ့ ပို့ထားတဲ့စာတွေ ၊ အဲ့ဒီမိန်းကလေးရဲ့ ပုံတွေ ရှိနေတာ သေချာသလောက်ပါပဲ။အဲ့ဒီ မိန်းကလေးဆိုတာဟာ တစ်ယောက်တည်းလည်း ဖြစ်နိုင်သလို တစ်ယောက်ထပ်မကတဲ့ ကောင်မလေးတွေလဲ ဖြစ်နိုင်ပါတယ်။

၃။ မင်း ငါ့အပေါ်ကို သစ္စာဖောက်နေတယ်မဟုတ်လား

တမင်သက်သက် စွပ်စွဲနေမှန်း သူရော သင်ပါသိပြီးသားပါ။ ဒါဆိုဘာဖြစ်လို့ စွပ်စွဲပါသလဲ။အဖြေကတော့ သူကိုယ်တိုင်ဟာ သစ္စာမဲ့တဲ့အတွက် သင်လဲ သူ့လိုပဲ သစ္စာမဖောက်နိုင်စရာ အကြောင်းမရှိဘူးလို့ တွေးလို့ပါ။ကိုယ့်စိတ်နဲ့နှိုင်းတဲ့ သဘောပါ။

၄။ ငါကမင်းနဲ့ မတန်ပါဘူး

သြော် ဟုတ်လား ၊ ဒါဖြင့် ဘယ်သူနဲ့ တန်တယ်ထင်လဲ လို့သာမေးလိုက်ပါ။သူ့ကိုယ်သူ နှိမ့်ချသလိုသာ ပြောဆိုနေပေမယ့် တကယ်တမ်းတော့ အသစ်တွေ့နေလို့ မာယာတွေ များနေခြင်း ဖြစ်ပါတယ်။

၅။ မင်းဘဝအတွက် လမ်းခွဲပေးလိုက်တာပါ

ဂျင်းအကြီးစားပါပဲ။ ဒါဟာ လမ်းခွဲပြီးတာတောင် ပြတ်ပြတ်သားသား မဖြစ်စေဘဲ တွေဝေအောင်ပြောတဲ့စကားပါ။သူနောက် တစ်ယောက်နဲ့ တွဲနေလည်း ဒီစကားကြောင့် သူ့ကို သင်အပြစ် မမြင်တော့မှာ မဟုတ်ပါဘူး။နောက်တစ်ယောက်နဲ့ တွဲပြီး အဆင်မပြေလို့ သင့်ဆီပြန်လာချင်ရင်တော့ ချစ်ရက်နဲ့ လမ်းခွဲလိုက်ရတာမို့ သံယောဇဉ်မပြတ်လို့ blah blah တော်ကီတွေနဲ့ ချုပ်လိုက်ယုံပဲပေါ့။

၆။ မင်းဟာငါ့ရဲ့ အချစ်ဆုံးပါပဲ၊ တစ်သက်လုံး သတိရနေမှာပါ

အပေါ်က စကားလိုပါပဲ။ မပြတ်မသားနဲ့ လှေနံနှစ်ဘက် နင်းဖို့အတွက် အကွက်တွေ ခင်းနေတာပါ။

၇။ အဲ့ကောင်မလေးကို ငါတကယ်မချစ်ပါဘူး

ချစ်ခြင်း မချစ်ခြင်းသည် ဒီနေရာမှာ အရေးမပါပါဘူး။အဓိကက လက်ရှိတွဲနေတဲ့သူအပေါ်မှာ သစ္စာရှိဖို့ပဲမဟုတ်ဘူးလား။မချစ်ပါဘူးလို့ပြောပြီး စုံတွဲလိုပြုမူနေတာကို ခွင့်လွှတ်ပေးဖို့ မထိုက်တန်ပါဘူး။

၈။ နောက်တစ်ခါမလုပ်တော့ပါဘူး

ဒီလိုပြောပေမယ့်လည်း ယုံကြည်မှုဟာပျက်စီးသွားခဲ့ပါပြီ။သူသင့်ကိုချစ်တယ်ဆိုရင်တောင် သူချစ်တဲ့သူအပေါ်ကို နာကျင်စေမယ့် လုပ်ရပ်တွေကို လုပ်ခဲ့တယ်ဆိုတာ သင်အသိဆုံးပါ။နောက်တစ်ကြိမ် မလုပ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။

၉။ မင်းငါ့ကိုဘာလို့မယုံကြည်ရတာလဲ

ယုံကြည်လိုက်တာနဲ့ ယုံကြည်မှုကို အလွဲသုံးစား လုပ်သွားမှာပါ။လုပ်လဲလုပ်ခဲ့ဖူးလို့သာ သင်သူ့ကို ဆက်လက် မယုံကြည်နိုင်တော့တာပါ။ဒါဟာ လူရှုပ်လူပွေတွေရဲ့လက်သုံးစကားပါ။ သူသစ္စာမရှိကြောင်း အထင်အရှား သက်သေရှိနေရင်တောင် သင်က မလိုအပ်ဘဲ သဝန်တိုနေသလို၊ သူ့ကိုမယုံကြည်သလို ပြောဆိုပါလိမ့်မယ်။

၁၀။ ကိုယ်ပြောင်းလဲသွားပါပြီ

မဖြစ်နိုင်ပါဘူး။ အကြိမ်ကြိမ်အခါခါ သင့်ကို နာကျင်စေပြီးတော့မှ ပြောင်းလဲသွားပါပြီဆိုတာ ဖြစ်နိုင်တယ်ထင်ရဲ့လား။သာယာတဲ့ အချစ်ရေးကို ပိုင်ဆိုင်ချင်ရင်တာ့ ဒီလိုလူမျိုးကို စွန့်လွှတ်လိုက်ပါ။ အချစ်စစ် အချစ်မှန်ဟာ သာယာချိုမြိန်မှု အပြည့်ရှိပါတယ်။ဒီလို တစ်ဖတ်သတ်ဆန်တဲ့ နားလည်မှုတွေ နာကျင်မှုတွေ အနစ်နာခံမှုတွေနဲ့ တည်ဆောက်ထားတဲ့ ဆက်ဆံရေးဟာ အချစ်မဟုတ်ပါဘူး။စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုဖြစ်ပါတယ်။

Credit;Original uploader