ခ်စ္သူက ဖူးဖူးမႈတ္ခ်စ္မွန္းသိလို႔ ဆိုးေနတဲ့ေကာင္မေလးေတြမွာ ဒီလိုအခ်က္ (၅) ခ်က္ရွိပါတယ္
မိန္းကေလးေတြဟာ ပင္ကုိယ္သဘာဝကိုက ဆိုးခ်င္ႏြဲ႕ခ်င္၊ ခၽြဲခ်င္တဲ့သူေတြပါ။
ဒါေၾကာင့္မို႔ပဲ ကုိယ့္ကုိဖူးဖူးမႈတ္တဲ့ ခ်စ္သူကို ပို္င္ဆိုင္ထားျပီဆုိရင္ တမင္တကာ ဆိုးတတ္ၾကပါတယ္။
ဒါေပမယ့္ ခ်စ္စရာေကာင္းေအာင္ပဲ ဆိုးတာပါေနာ္။
တစ္ခါတေလ အဆိုးလြန္သြားလုိ႔ ခ်စ္သူကို ဝမး္နည္းေအာင္၊ စိတ္ဆိုးေအာင္ လုပ္မိတဲ့အခါ ကိုယ့္ကိုယ္ကို ၾကိတ္ျပီး အျပစ္တင္ေနတတ္တာလည္း သူတုိ႔ပါပဲ။
ခ်စ္သူက ဖူးဖူးမႈတ္ ခ်စ္မွန္းသိလို႔ ဆိုးေနတဲ့ ေကာင္မေလးေတြဆိုတာ ဒီလိုပါ။
(၁) ထစ္ခနဲ႔ရွိ စိတ္ေကာက္
ခ်စ္သူက ဖူးဖူးမႈတ္ ခ်စ္မွန္းသိလို႔ တမင္ဆိုးေနတဲ့ ေကာင္မေလးေတြဆိုတာ ထစ္ခနဲရွိ စိတ္ေကာက္တတ္တဲ့ သူေလးေတြပါ။
ခ်စ္သူက ကိုယ္ေျပာသလိုမလုပ္၊ မေနပဲ နည္းနည္းေလး ခၽြတ္ေခ်ာ္သြားတာနဲ႔ ခ်က္ခ်င္းစိတ္ေကာက္တတ္တဲ့ သူေလးေတြပါ။
ကိုယ္ေကာင္းဖို႔အတြက္ဆိုရင္ေတာင္္ လက္မခံပဲအတင္းစိတ္ေကာက္ေနတာမ်ိဳးပါ။
ထစ္ခနဲ႔ရွိ စိတ္ေကာက္လုိ႔ ခ်က္ခ်င္းစိတ္ေျပမယ္ေတာ့ မထင္လုိက္ပါနဲ႔၊ ေခ်ာ့ရလည္း အင္မတန္ခက္ပါတယ္။
ေခ်ာ့ရလြန္းလို႔ ေခၽြးေတြျပန္၊ မ်က္ႏွာေလးညွိဳးေနတဲ့ ခ်စ္သူကို ၾကည့္ၾကည့္ျပီး စိတ္ထဲမွာက်ေတာ့ သနားေနတတ္ျပန္တာလည္း သူတုိ႔ပါပဲ။
(၂) စကားနာထိုး
ခ်စ္သူက ဖူးဖူးမႈတ္ခ်စ္မွန္းသိလို႔ တမင္ဆိုးေနတဲ့ေကာင္မေလးေတြဆိုတာ ခ်စ္သူကိုစကားနာထိုးလိုက္ရမွ ေက်နပ္တဲ့သူေလးေတြပါ။
ခ်စ္သူက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကိုယ့္ကို ဂရုမစိုက္ႏိုင္တဲ့အခါေတြမွာလည္း အလုပ္မ်ားေနလို႔ဆိုတာ သိသိၾကီးနဲ႔ ခ်စ္မွမခ်စ္တာ၊ ေနႏိုင္တာကိုး ဆိုတာမ်ိဳးစကားနာေတြထိုးေနတတ္သူေတြပါ။မဟုတ္ဘူးဆိုတာသိလည္း တမင္ကိုစကားနာထိုးေနတာမ်ိဳးပါ။
(၃) သူမ်ားေတြနဲ႔စြပ္စြဲ
ခ်စ္သူက ဖူးဖူးမႈတ္ခ်စ္မွန္းသိလို႔ တမင္ဆိုးေနတဲ့ေကာင္မေလးေတြဆိုတာ ခ်စ္သူကို တျခားမိန္းကေလးေတြနဲ႔ စြပ္စြဲေနတတ္တဲ့သူေတြပါ။
ဒါကလည္း ခ်စ္သူကို သူမ်ားလက္ထဲေရာက္သြားမွာ၊ ကုိယ္မသိပဲတျခားမိန္းကေလးနဲ႔ တိတ္တိတ္ေလးေဖာက္ျပန္ေနမွာကို အရမး္စိုးရိမ္လို႔ပါ။
သူတုိ႔စြပ္စြဲတဲ့မိန္းကေလးေတြနဲ႔ ခပ္ေဝးေဝးေနတာ အေကာင္းဆံုးပါပဲ။
အခ်စ္ၾကီးရင္ အမ်က္ၾကီးတတ္လို႔ ရႈပ္ရႈပ္ယွက္ယွက္လုပ္ရင္ ဟုတ္သည္ျဖစ္ေစ၊ မဟုတ္သည္ျဖစ္ေစ သင့္ကိုခြင့္လႊတ္ေတာ့မွာမဟုတ္ပါဘူး။
(၄) အငိုသန္
ခ်စ္သူက ဖူးဖူးမႈတ္ခ်စ္မွန္းသိလို႔ တမင္ဆိုးေနတဲ့ေကာင္မေလးေတြဆိုတာ တစ္ခုခုဆိုမ်က္ရည္က ဘူးသီးလံုးေလာက္က်တတ္တဲ့သူေတြပါ။
ခ်စ္သူကနည္းနည္း ေလသံေလးမာလိုက္တာနဲ႔၊ နည္းနည္းေလးဂရုစိုက္ဖို႔ မအားလိုက္တာနဲ႔၊ ဖုန္းေလးမဆက္လိုက္တာနဲ႔ အရမး္ခံစားရသူေတြပါ။
ထစ္ခနဲ႔ရွိမ်က္ရည္က်ျပီး တစ္ခါတေလ ရိႈက္ၾကီးတငင္ေတာင္ ငိုေနတတ္သူေတြပါ။
ဒါကလည္း ခ်စ္သူရဲ႕ အခ်စ္ေလ်ာ့သြားမွာ၊ ခ်စ္သူက မခ်စ္ေတာ့မွာကို ေၾကာက္လို႔ပါ။
(၅) တမင္တကာရစ္
ခ်စ္သူက ဖူးဖူးမႈတ္ခ်စ္မွန္းသိလို႔ တမင္ဆိုးေနတဲ့ေကာင္မေလးေတြဆိုတာ ခ်စ္သူကို တမင္တကာ ထိုင္ရစ္ေနတတ္တဲ့သူေတြပါ။
ခ်စ္သူက အျပင္သြားမယ္ဆို အေရးၾကီးမွန္းသိေနရင္ေတာင္ တမင္မသြားခိုင္းတာမ်ိဳး၊ တမင္ရစ္တာမ်ိဳးေတြ လုပ္တတ္တဲ့သူေတြပါ။
သူမကုိ အသိမေပးပဲ တစ္ခုခုလုပ္ရင္ အရမး္စိတ္ဆိုးျပီး တမင္တကာကိုထိုင္ရစ္ေနတတ္သူေတြပါ။
ဒါကလည္း သင့္ကိုဆံုးရံႈးရမွာ၊ သူ႔ထက္အျခားအရာေတြကို ဦးစားေပးမွာစိုးလို႔ပါ။
Em Em
ချစ်သူက ဖူးဖူးမှုတ်ချစ်မှန်းသိလို့ ဆိုးနေတဲ့ကောင်မလေးတွေမှာ ဒီလိုအချက် (၅) ချက်ရှိပါတယ်
မိန်းကလေးတွေဟာ ပင်ကိုယ်သဘာဝကိုက ဆိုးချင်နွဲ့ချင်၊ ချွဲချင်တဲ့သူတွေပါ။
ဒါကြောင့်မို့ပဲ ကိုယ့်ကိုဖူးဖူးမှုတ်တဲ့ ချစ်သူကို ပိုင်ဆိုင်ထားပြီဆိုရင် တမင်တကာ ဆိုးတတ်ကြပါတယ်။
ဒါပေမယ့် ချစ်စရာကောင်းအောင်ပဲ ဆိုးတာပါနော်။
တစ်ခါတလေ အဆိုးလွန်သွားလို့ ချစ်သူကို ဝမ်းနည်းအောင်၊ စိတ်ဆိုးအောင် လုပ်မိတဲ့အခါ ကိုယ့်ကိုယ်ကို ကြိတ်ပြီး အပြစ်တင်နေတတ်တာလည်း သူတို့ပါပဲ။
ချစ်သူက ဖူးဖူးမှုတ် ချစ်မှန်းသိလို့ ဆိုးနေတဲ့ ကောင်မလေးတွေဆိုတာ ဒီလိုပါ။
(၁) ထစ်ခနဲ့ရှိ စိတ်ကောက်
ချစ်သူက ဖူးဖူးမှုတ် ချစ်မှန်းသိလို့ တမင်ဆိုးနေတဲ့ ကောင်မလေးတွေဆိုတာ ထစ်ခနဲရှိ စိတ်ကောက်တတ်တဲ့ သူလေးတွေပါ။
ချစ်သူက ကိုယ်ပြောသလိုမလုပ်၊ မနေပဲ နည်းနည်းလေး ချွတ်ချော်သွားတာနဲ့ ချက်ချင်းစိတ်ကောက်တတ်တဲ့ သူလေးတွေပါ။
ကိုယ်ကောင်းဖို့အတွက်ဆိုရင်တောင် လက်မခံပဲအတင်းစိတ်ကောက်နေတာမျိုးပါ။
ထစ်ခနဲ့ရှိ စိတ်ကောက်လို့ ချက်ချင်းစိတ်ပြေမယ်တော့ မထင်လိုက်ပါနဲ့၊ ချော့ရလည်း အင်မတန်ခက်ပါတယ်။
ချော့ရလွန်းလို့ ချွေးတွေပြန်၊ မျက်နှာလေးညှိုးနေတဲ့ ချစ်သူကို ကြည့်ကြည့်ပြီး စိတ်ထဲမှာကျတော့ သနားနေတတ်ပြန်တာလည်း သူတို့ပါပဲ။
(၂) စကားနာထိုး
ချစ်သူက ဖူးဖူးမှုတ်ချစ်မှန်းသိလို့ တမင်ဆိုးနေတဲ့ကောင်မလေးတွေဆိုတာ ချစ်သူကိုစကားနာထိုးလိုက်ရမှ ကျေနပ်တဲ့သူလေးတွေပါ။
ချစ်သူက အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ကို ဂရုမစိုက်နိုင်တဲ့အခါတွေမှာလည်း အလုပ်များနေလို့ဆိုတာ သိသိကြီးနဲ့ ချစ်မှမချစ်တာ၊ နေနိုင်တာကိုး ဆိုတာမျိုးစကားနာတွေထိုးနေတတ်သူတွေပါ။မဟုတ်ဘူးဆိုတာသိလည်း တမင်ကိုစကားနာထိုးနေတာမျိုးပါ။
(၃) သူများတွေနဲ့စွပ်စွဲ
ချစ်သူက ဖူးဖူးမှုတ်ချစ်မှန်းသိလို့ တမင်ဆိုးနေတဲ့ကောင်မလေးတွေဆိုတာ ချစ်သူကို တခြားမိန်းကလေးတွေနဲ့ စွပ်စွဲနေတတ်တဲ့သူတွေပါ။
ဒါကလည်း ချစ်သူကို သူများလက်ထဲရောက်သွားမှာ၊ ကိုယ်မသိပဲတခြားမိန်းကလေးနဲ့ တိတ်တိတ်လေးဖောက်ပြန်နေမှာကို အရမ်းစိုးရိမ်လို့ပါ။
သူတို့စွပ်စွဲတဲ့မိန်းကလေးတွေနဲ့ ခပ်ဝေးဝေးနေတာ အကောင်းဆုံးပါပဲ။
အချစ်ကြီးရင် အမျက်ကြီးတတ်လို့ ရှုပ်ရှုပ်ယှက်ယှက်လုပ်ရင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သင့်ကိုခွင့်လွှတ်တော့မှာမဟုတ်ပါဘူး။
(၄) အငိုသန်
ချစ်သူက ဖူးဖူးမှုတ်ချစ်မှန်းသိလို့ တမင်ဆိုးနေတဲ့ကောင်မလေးတွေဆိုတာ တစ်ခုခုဆိုမျက်ရည်က ဘူးသီးလုံးလောက်ကျတတ်တဲ့သူတွေပါ။
ချစ်သူကနည်းနည်း လေသံလေးမာလိုက်တာနဲ့၊ နည်းနည်းလေးဂရုစိုက်ဖို့ မအားလိုက်တာနဲ့၊ ဖုန်းလေးမဆက်လိုက်တာနဲ့ အရမ်းခံစားရသူတွေပါ။
ထစ်ခနဲ့ရှိမျက်ရည်ကျပြီး တစ်ခါတလေ ရှိုက်ကြီးတငင်တောင် ငိုနေတတ်သူတွေပါ။
ဒါကလည်း ချစ်သူရဲ့ အချစ်လျော့သွားမှာ၊ ချစ်သူက မချစ်တော့မှာကို ကြောက်လို့ပါ။
(၅) တမင်တကာရစ်
ချစ်သူက ဖူးဖူးမှုတ်ချစ်မှန်းသိလို့ တမင်ဆိုးနေတဲ့ကောင်မလေးတွေဆိုတာ ချစ်သူကို တမင်တကာ ထိုင်ရစ်နေတတ်တဲ့သူတွေပါ။
ချစ်သူက အပြင်သွားမယ်ဆို အရေးကြီးမှန်းသိနေရင်တောင် တမင်မသွားခိုင်းတာမျိုး၊ တမင်ရစ်တာမျိုးတွေ လုပ်တတ်တဲ့သူတွေပါ။
သူမကို အသိမပေးပဲ တစ်ခုခုလုပ်ရင် အရမ်းစိတ်ဆိုးပြီး တမင်တကာကိုထိုင်ရစ်နေတတ်သူတွေပါ။
ဒါကလည်း သင့်ကိုဆုံးရှုံးရမှာ၊ သူ့ထက်အခြားအရာတွေကို ဦးစားပေးမှာစိုးလို့ပါ။
Em Em