ျမန္မာ့လက္ဆန္းေဗဒင္ပညာျဖင့္ အခ်စ္ေရးႏွင့္ အိမ္ေထာင္ေရးရာ ကံဇာတာ အားနည္းတတ္ေသာ အသက္ပိုင္းမ်ားကို ကိုယ္တိုင္တြက္စစ္သတိျပဳႏိုင္သည္။
မန္မာ့လက္ဆန္းေဗဒင္ပညာရပ္မ်ားထဲမွ ေသသဝိဇၨာပညာရပ္သည္ အသက္ပိုင္းလိုက္ အလြယ္တကူ တြက္စစ္သတိျပဳႏိုင္ေသာ ပညာရပ္ႀကီး တစ္ခုလည္းျဖစ္သည္။ ေသသဝိဇၨာ ပညာရပ္ျဖင့္ ေန႔သားအလိုက္ အခ်စ္ေရး၊ အိမ္ေထာင္ေရး ကံေခ ကံညံ့တတ္ေသာ အသက္ပိုင္းမ်ားကို ေအာက္ပါအတိုင္း တြက္စစ္ၾကည္ႏိုင္သည္။
တနဂၤေႏြေန႔ဖြားမ်ားအေနျဖင့္ အသက္ကိုတည္ (၇) ျဖင့္စား၍ (၄) ႂကြင္းေသာ အသက္ပိုင္းမ်ား ျဖစ္သည့္ ၁၈ႏွစ္၊ ၂၅ႏွစ္၊ ၃၂ႏွစ္၊ ၃၉ ႏွစ္ ….စေသာအသက္ပိုင္းမ်ားတြင္ ေမတၱာေရး အိမ္ေထာင္ေရး အားနည္းလွေသာ အသက္ပိုင္းမ်ားျဖစ္သည္။
အထူးသျဖင့္ နာမည္တြင္ ေစေနနံ (တ၊ ထ၊ ဒ၊ ဓ၊ န) ျဖင့္ အဆုံးသတ္ မွည့္ေခၚထားသူမ်ားအေနျဖင့္ ပိုမိုသတိျပဳရမည့္ အသက္ပိုင္းမ်ားျဖစ္သည္။ အခ်စ္ေရး အိမ္ေထာင္ေရး ပ်က္ျပားလြယ္တတ္ျခင္း၊ ေမွ်ာ္လင့္သလို ျဖစ္မလာတတ္ျခင္းမ်ားႏွင့္ သာယာေပ်ာ္႐ႊင္ ခ်မ္းေျမ့မႈ အားနည္းတတ္ေသာ အသက္ပိုင္းမ်ားျဖစ္သည္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)
တနလၤာေန႔ဖြားမ်ားအေနျဖင့္ အသက္ကို တည္ (၇) ျဖင့္ စား၍ (၂) ႂကြင္းေသာ အသက္ပိုင္းမ်ား ျဖစ္သည့္ ၁၆ႏွစ္၊ ၂၃ႏွစ္ ၊ ၃၀ႏွစ္ ၊ ၃၇ႏွစ္… စေသာအသက္ပိုင္းမ်ားတြင္ အခ်စ္ေရး အိမ္ေထာင္ေရး ကေမာက္ကမ ျဖစ္တတ္သည္။ နားလည္မႈ လြဲတတ္ျခင္းႏွင့္ အဆင္မေျပမႈအခ်ိဳ႕ ႀကဳံရတတ္ၿပီး နာမည္တြင္ ( ပ၊ဖ၊ဘ၊မ) ျဖင့္ အဆုံးသတ္ထားသူမ်ား အေနျဖင့္ ပိုမိုသတိျပဳအပ္ေပသည္။
အဂၤါေန႔ဖြားမ်ားသည္ အသက္ကိုတည္ (၇) ျဖင့္ စား၍ (၃) ႂကြင္းေသာ အသက္ပိုင္းမ်ား ျဖစ္သည့္ ၁၇ ႏွစ္၊ ၂၄ႏွစ္၊ ၃၁ႏွစ္၊ ၃၈ႏွစ္…စေသာအသက္ပိုင္းမ်ားသည္ အခ်စ္ေရး အိမ္ေထာင္ေရး ညံ့တတ္ေသာ အသက္ပိုင္းမ်ားျဖစ္ေပသည္။
အစစအရာရာ သတိျပဳအပ္ၿပီး မလိုလားအပ္ေသာ အေႏွာင့္အယွက္ မ်ားတတ္ေသာ အသက္ပိုင္းမ်ားျဖစ္သည္။ အထူးသျဖင့္ အမည္ ( သ၊ ဟ) ျဖင့္ အဆုံးသတ္သူမ်ား ပိုမို သတိျပဳအပ္ၿပီး နားလည္မႈ အထူးတည္ေဆာက္ထားရမည့္ ကာလမ်ားပင္တည္း။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)
ဗုဒၶဟူးေန႔ဖြားမ်ားအေနျဖင့္ အသက္ကိုတည္ (၇) ျဖင့္ စား၍ (၅) ႂကြင္းေသာ အသက္ပိုင္းမ်ား ျဖစ္သည့္ ၁၉ ႏွစ္၊ ၂၆ ႏွစ္၊ ၃၃ႏွစ္၊ ၄၀ ႏွစ္…စေသာ အသက္ပိုင္းမ်ားသည္ ေမတၱာေရး အိမ္ေထာင္ေရးကံ အားနည္းေသာ အသက္ပိုင္းမ်ားျဖစ္သည္။
အခ်စ္ေရး အိမ္ေထာင္ေရးမ်ားတြင္ ကြဲကြာခြဲခြာရတတ္ျခင္း၊ သာယာေပ်ာ္႐ႊင္မႈ အားနည္းျခင္း၊ ထင္သလို ျဖစ္မလာတတ္ျခင္းမ်ား ႀကဳံရတတ္သည္။ အထူးသျဖင့္ နာမည္တြင္ (အ၊ ဥ) ႏွင့္အဆုံးသတ္သူမ်ား ပိုမို ကံအားနည္းေစတတ္ေပရာ အထူး သတိျပဳအပ္သည္။
-ဗုဒၶဟူးေန႔ မြန္းလြဲပိုင္းေမြးဖြားသည့္ ရာဟုဖြားမ်ားအေနျဖင့္ အသက္ကိုတည္ (၇) ျဖင့္ စား၍ (ဝ) ႂကြင္းေသာ အသက္ပိုင္းမ်ားျဖစ္သည့္ ၂၁ႏွစ္၊ ၂၈ႏွစ္၊ ၃၅ႏွစ္၊ ၄၂ ႏွစ္ စေသာ အသက္ပိုင္းမ်ားတြင္ ေမတၱာေရး အိမ္ေထာင္ေရးကံ အားနည္းေစတတ္သည္။
အထူးသျဖင့္ အထင္အျမင္ လြဲမွားခံရျခင္း၊ ရည္မွန္းခ်က္မ်ား ပ်က္ျပားလြယ္ျခင္းတို႔ ျဖစ္တတ္ၿပီး ရန္သေဘာေဆာင္၍ ပဋိပကၡမ်ားတတ္ေသာ အသက္ပိုင္းမ်ား ျဖစ္သည္။ နာမည္တြင္ ( စ၊ ဆ၊ ဇ၊ ည) ျဖင့္ အဆုံးသတ္ထားသူမ်ားအေနျဖင့္ ပိုမို သတိျပဳရေပမည္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)
ၾကာသပေတးေန႔ဖြားမ်ားအေနျဖင့္ အသက္ကိုတည္ (၇) ျဖင့္စား၍ (၁) ႂကြင္းေသာ အသက္ပိုင္းမ်ား ျဖစ္သည့္ ၂၂ ႏွစ္၊ ၂၉ ႏွစ္၊ ၃၆ ႏွစ္၊ ၄၃ ႏွစ္…စေသာ အသက္ပိုင္းမ်ားတြင္ အခ်စ္ေရး ေမတၱာေရး ကံဇာတာ အားနည္းေစတတ္ေသာ အသက္ပိုင္းမ်ား ျဖစ္သည္။
လိမ္ညာခံရျခင္း၊ လွည့္စားခံရျခင္းႏွင့္ ေ႐ြးခ်ယ္ရခက္ေစေသာ စိတ္ညစ္ရမႈ မ်ားတတ္ေသာ ကာလျဖစ္သည္။ အထူးသျဖင့္ အမည္တြင္ (ယ၊ရ၊လ၊ဝ) ျဖင့္ အဆုံးသတ္သူမ်ားအေနျဖင့္ ပိုမိုသတိျပဳအပ္ေသာ အသက္ပိုင္းမ်ားပင္ျဖစ္သည္။
ေသာၾကာေန႔ဖြားမ်ားအေနျဖင့္ အသက္ကိုတည္ (၇) ျဖင့္ စား၍ (၆) ႂကြင္းေသာ အသက္ပိုင္းမ်ား ျဖစ္သည့္ ၂၀ ႏွစ္၊ ၂၇ ႏွစ္၊ ၃၄ ႏွစ္၊ ၄၁ ႏွစ္… စေသာအသက္ပိုင္းမ်ားတြင္ အခ်စ္ေရး အိမ္ေထာင္ေရး အထူး အားနည္းတတ္ေသာ အသက္ပိုင္းမ်ားျဖစ္သည္။
တစ္ဖက္သတ္ စိတ္ဆင္းရဲမႈမ်ားတတ္ျခင္း၊ မ်က္ႏွာပ်က္စရာမ်ား ႀကဳံရတတ္ျခင္းႏွင့္ ေသာကဗ်ာပါဒ မ်ားရတတ္သည္။ အထူးသျဖင့္ နာမည္ကို (က၊ခ၊ဂ၊င) ျဖင့္ အဆုံးသတ္သူမ်ားအေနျဖင့္ ပိုမို သတိျပဳအပ္ေသာ အသက္ပိုင္းမ်ားျဖစ္သည္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)
စေနေန႔ဖြားမ်ားသည္ အသက္ကိုတည္ (၇) ျဖင့္စား၍ (၂) ႂကြင္းေသာ အသက္ပိုင္းမ်ား ျဖစ္သည့္ ၁၆ႏွစ္၊ ၂၃ႏွစ္၊ ၃၀ႏွစ္၊ ၃၇ႏွစ္….စေသာအသက္ပိုင္းမ်ားတြင္ အခ်စ္ေရး အိမ္ေထာင္ေရးကံ အားနည္းေစသည္။ တစ္ဖက္လူအတြက္ ပူပန္ေၾကာင့္က် မ်ားရတတ္ျခင္းႏွင့္ အဆင္မေျပမႈ မ်ားျပားတတ္ေသာကာလ ျဖစ္သည္။
ေပ်ာ္႐ႊင္မႈ အားနည္းေနတတ္ၿပီး အထူးသျဖင့္ နာမည္တြင္ (ပ၊ ဖ၊ ဘ၊ ဗ၊ မ) ျဖင့္ အဆုံးသတ္ မွည့္ထားသူမ်ားအေနျဖင့္ အထူးသတိျပဳသင့္ေပသည္။
unicode
မြန်မာ့လက်ဆန်းဗေဒင်ပညာဖြင့် အချစ်ရေးနှင့် အိမ်ထောင်ရေးရာ ကံဇာတာ အားနည်းတတ်သော အသက်ပိုင်းများကို ကိုယ်တိုင်တွက်စစ်သတိပြုနိုင်သည်။
မန်မာ့လက်ဆန်းဗေဒင်ပညာရပ်များထဲမှ သေသဝိဇ္ဇာပညာရပ်သည် အသက်ပိုင်းလိုက် အလွယ်တကူ တွက်စစ်သတိပြုနိုင်သော ပညာရပ်ကြီး တစ်ခုလည်းဖြစ်သည်။ သေသဝိဇ္ဇာ ပညာရပ်ဖြင့် နေ့သားအလိုက် အချစ်ရေး၊ အိမ်ထောင်ရေး ကံခေ ကံညံ့တတ်သော အသက်ပိုင်းများကို အောက်ပါအတိုင်း တွက်စစ်ကြည်နိုင်သည်။
တနင်္ဂနွေနေ့ဖွားများအနေဖြင့် အသက်ကိုတည် (၇) ဖြင့်စား၍ (၄) ကြွင်းသော အသက်ပိုင်းများ ဖြစ်သည့် ၁၈နှစ်၊ ၂၅နှစ်၊ ၃၂နှစ်၊ ၃၉ နှစ် ….စသောအသက်ပိုင်းများတွင် မေတ္တာရေး အိမ်ထောင်ရေး အားနည်းလှသော အသက်ပိုင်းများဖြစ်သည်။
အထူးသဖြင့် နာမည်တွင် စေနေနံ (တ၊ ထ၊ ဒ၊ ဓ၊ န) ဖြင့် အဆုံးသတ် မှည့်ခေါ်ထားသူများအနေဖြင့် ပိုမိုသတိပြုရမည့် အသက်ပိုင်းများဖြစ်သည်။ အချစ်ရေး အိမ်ထောင်ရေး ပျက်ပြားလွယ်တတ်ခြင်း၊ မျှော်လင့်သလို ဖြစ်မလာတတ်ခြင်းများနှင့် သာယာပျော်ရွှင် ချမ်းမြေ့မှု အားနည်းတတ်သော အသက်ပိုင်းများဖြစ်သည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
တနင်္လာနေ့ဖွားများအနေဖြင့် အသက်ကို တည် (၇) ဖြင့် စား၍ (၂) ကြွင်းသော အသက်ပိုင်းများ ဖြစ်သည့် ၁၆နှစ်၊ ၂၃နှစ် ၊ ၃ဝနှစ် ၊ ၃ရနှစ်… စသောအသက်ပိုင်းများတွင် အချစ်ရေး အိမ်ထောင်ရေး ကမောက်ကမ ဖြစ်တတ်သည်။ နားလည်မှု လွဲတတ်ခြင်းနှင့် အဆင်မပြေမှုအချို့ ကြုံရတတ်ပြီး နာမည်တွင် ( ပ၊ဖ၊ဘ၊မ) ဖြင့် အဆုံးသတ်ထားသူများ အနေဖြင့် ပိုမိုသတိပြုအပ်ပေသည်။
အင်္ဂါနေ့ဖွားများသည် အသက်ကိုတည် (၇) ဖြင့် စား၍ (၃) ကြွင်းသော အသက်ပိုင်းများ ဖြစ်သည့် ၁၇ နှစ်၊ ၂၄နှစ်၊ ၃၁နှစ်၊ ၃၈နှစ်…စသောအသက်ပိုင်းများသည် အချစ်ရေး အိမ်ထောင်ရေး ညံ့တတ်သော အသက်ပိုင်းများဖြစ်ပေသည်။
အစစအရာရာ သတိပြုအပ်ပြီး မလိုလားအပ်သော အနှောင့်အယှက် များတတ်သော အသက်ပိုင်းများဖြစ်သည်။ အထူးသဖြင့် အမည် ( သ၊ ဟ) ဖြင့် အဆုံးသတ်သူများ ပိုမို သတိပြုအပ်ပြီး နားလည်မှု အထူးတည်ဆောက်ထားရမည့် ကာလများပင်တည်း။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ဗုဒ္ဓဟူးနေ့ဖွားများအနေဖြင့် အသက်ကိုတည် (၇) ဖြင့် စား၍ (၅) ကြွင်းသော အသက်ပိုင်းများ ဖြစ်သည့် ၁၉ နှစ်၊ ၂၆ နှစ်၊ ၃၃နှစ်၊ ၄၀ နှစ်…စသော အသက်ပိုင်းများသည် မေတ္တာရေး အိမ်ထောင်ရေးကံ အားနည်းသော အသက်ပိုင်းများဖြစ်သည်။
အချစ်ရေး အိမ်ထောင်ရေးများတွင် ကွဲကွာခွဲခွာရတတ်ခြင်း၊ သာယာပျော်ရွှင်မှု အားနည်းခြင်း၊ ထင်သလို ဖြစ်မလာတတ်ခြင်းများ ကြုံရတတ်သည်။ အထူးသဖြင့် နာမည်တွင် (အ၊ ဥ) နှင့်အဆုံးသတ်သူများ ပိုမို ကံအားနည်းစေတတ်ပေရာ အထူး သတိပြုအပ်သည်။
-ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမွေးဖွားသည့် ရာဟုဖွားများအနေဖြင့် အသက်ကိုတည် (၇) ဖြင့် စား၍ (ဝ) ကြွင်းသော အသက်ပိုင်းများဖြစ်သည့် ၂၁နှစ်၊ ၂၈နှစ်၊ ၃၅နှစ်၊ ၄၂ နှစ် စသော အသက်ပိုင်းများတွင် မေတ္တာရေး အိမ်ထောင်ရေးကံ အားနည်းစေတတ်သည်။
အထူးသဖြင့် အထင်အမြင် လွဲမှားခံရခြင်း၊ ရည်မှန်းချက်များ ပျက်ပြားလွယ်ခြင်းတို့ ဖြစ်တတ်ပြီး ရန်သဘောဆောင်၍ ပဋိပက္ခများတတ်သော အသက်ပိုင်းများ ဖြစ်သည်။ နာမည်တွင် ( စ၊ ဆ၊ ဇ၊ ည) ဖြင့် အဆုံးသတ်ထားသူများအနေဖြင့် ပိုမို သတိပြုရပေမည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ကြာသပတေးနေ့ဖွားများအနေဖြင့် အသက်ကိုတည် (၇) ဖြင့်စား၍ (၁) ကြွင်းသော အသက်ပိုင်းများ ဖြစ်သည့် ၂၂ နှစ်၊ ၂၉ နှစ်၊ ၃၆ နှစ်၊ ၄၃ နှစ်…စသော အသက်ပိုင်းများတွင် အချစ်ရေး မေတ္တာရေး ကံဇာတာ အားနည်းစေတတ်သော အသက်ပိုင်းများ ဖြစ်သည်။
လိမ်ညာခံရခြင်း၊ လှည့်စားခံရခြင်းနှင့် ရွေးချယ်ရခက်စေသော စိတ်ညစ်ရမှု များတတ်သော ကာလဖြစ်သည်။ အထူးသဖြင့် အမည်တွင် (ယ၊ရ၊လ၊ဝ) ဖြင့် အဆုံးသတ်သူများအနေဖြင့် ပိုမိုသတိပြုအပ်သော အသက်ပိုင်းများပင်ဖြစ်သည်။
သောကြာနေ့ဖွားများအနေဖြင့် အသက်ကိုတည် (၇) ဖြင့် စား၍ (၆) ကြွင်းသော အသက်ပိုင်းများ ဖြစ်သည့် ၂၀ နှစ်၊ ၂၇ နှစ်၊ ၃၄ နှစ်၊ ၄၁ နှစ်… စသောအသက်ပိုင်းများတွင် အချစ်ရေး အိမ်ထောင်ရေး အထူး အားနည်းတတ်သော အသက်ပိုင်းများဖြစ်သည်။
တစ်ဖက်သတ် စိတ်ဆင်းရဲမှုများတတ်ခြင်း၊ မျက်နှာပျက်စရာများ ကြုံရတတ်ခြင်းနှင့် သောကဗျာပါဒ များရတတ်သည်။ အထူးသဖြင့် နာမည်ကို (က၊ခ၊ဂ၊င) ဖြင့် အဆုံးသတ်သူများအနေဖြင့် ပိုမို သတိပြုအပ်သော အသက်ပိုင်းများဖြစ်သည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
စနေနေ့ဖွားများသည် အသက်ကိုတည် (၇) ဖြင့်စား၍ (၂) ကြွင်းသော အသက်ပိုင်းများ ဖြစ်သည့် ၁၆နှစ်၊ ၂၃နှစ်၊ ၃ဝနှစ်၊ ၃ရနှစ်….စသောအသက်ပိုင်းများတွင် အချစ်ရေး အိမ်ထောင်ရေးကံ အားနည်းစေသည်။ တစ်ဖက်လူအတွက် ပူပန်ကြောင့်ကျ များရတတ်ခြင်းနှင့် အဆင်မပြေမှု များပြားတတ်သောကာလ ဖြစ်သည်။
ပျော်ရွှင်မှု အားနည်းနေတတ်ပြီး အထူးသဖြင့် နာမည်တွင် (ပ၊ ဖ၊ ဘ၊ ဗ၊ မ) ဖြင့် အဆုံးသတ် မှည့်ထားသူများအနေဖြင့် အထူးသတိပြုသင့်ပေသည်။