


Unicode,
အရူးအမူး ချစ်မိသွားစေဖို့ ဆွဲဆောင်တတ်လွန်းတဲ့ ကောင်လေးတွေရဲ့ လျို့ဝှက်ချက်
ဘယ်လောက်ပဲ လွယ်လွယ်မချစ်တတ်တဲ့ မိန်းကလေးဖြစ်နေပါစေ ယောကျာ်းလေးတစ်ယောက်ရဲ့ ဒီအချက်လေးတွေမှာ ကျရှုံးသွားစေပါတယ်နော်
ယောကျာ်းလေးတစ်ယောက်ရဲ့ ဒီအချက်လေးတွေက မိန်းကလေးတစ်ယောက်ကို မချစ်ပဲမနေနိုင်လောက်အောင် ဆွဲဆောင်အားပြင်းလွန်းပါတယ်နော်။
ကဲ ဘယ်လိုအချက်တွေက မိန်းကလေးတစ်ယောက်ကို မြန်မြန်ဆန်ဆန် အချစ်မှာ ပြိုလဲသွားစေလဲဆိုတာ ကြည့်လိုက်ရအောင်။
ဘဝထဲကို ပျော်ရွှင်ခြင်းတွေ ယူလာပေးတဲ့သူမိန်းကလေးတွေက သူတို့ရဲ့ ဘဝထဲကို ပျော်ရွှင်စရာတွေ ယူဆောင်လာပေးတတ်တဲ့ သူမျိုးကို ပိုသတိထားမိတတ်ကြပါတယ်။

သူနဲ့ အတူရှိနေရင် ပျော်ရွှင်မှုကို ခံစားရတဲ့ ကောင်လေးမျိုး၊သူတို့စိတ်ညစ်နေတဲ့အချိန်မှာ ပြုံးရယ်လာအောင် ပြုလုပ်ပေးတဲ့ ယောကျာ်းလေးမျိုးကို ပိုတွယ်ငြိမိတတ်ကြသူတွေပါ။
ဒါကြောင့်ပဲ မိန်းကလေးတွေက ပျော်ပျော်နေတတ်တဲ့ ယောကျာ်းလေးတွေကို ပိုရွေးချယ်တတ်ကြတာ ဖြစ်ပါတယ်။
ကြင်နာတတ်တဲ့ သူမိန်းကလေးအများစုက သူတို့အပေါ် ကြင်နာပေးတတ်တဲ့ သူမျိုးကို ပိုသဘောကျတတ်ကြပါတယ်။
လူတိုင်းကတော့ ကြင်နာခြင်းကို တောင့်တကြပေမယ့် အဲဒီ့ထဲမှာ မိန်းကလေးတွေက ကြင်နာတတ်မှုကို ပိုလိုချင်ကြတယ်ဆို မမှားပါဘူး။
ဒီတော့ သူတို့အပေါ် ဂရုစိုက်တတ်တဲ့ သူ၊ ကြင်နာဖေးမတတ်တဲ့ ယောကျာ်းလေးမျိုးဆီမှာ လွယ်လွယ်ကျရှုံးတတ်ကြတာ ဖြစ်ပါတယ်နော်။

ကိုယ့်ရဲ့ တန်ဖိုးကို ပိုသိအောင် လုပ်ပေးတတ်တဲ့ သူမိန်းကလေးတွေ လွယ်လွယ် ရုန်းမထွက်နိုင်တဲ့
ယောကျာ်းလေးပုံစံက သူတို့ရဲ့ တန်ဖိုးကို သိလာအောင် လုပ်ပေးတတ်တဲ့ သူမျိုးပါ။
ဆိုလိုတာက သူ သင့်အပေါ် တန်ဖိုးထားတတ်တယ် …..
လေးစားမှုထားတယ် ဘယ်တော့မှ သင့်အပေါ် အထင်အမြင်မသေးတတ်ဘူး
ဒါက ကိုယ့်ကိုယ်ကို တန်ဖိုးမြှင့်သွားစေတယ်လို့ ထင်မြင်လာတတ်ပြီး ကိုယ့်ရဲ့ တန်ဖိုးကို ပိုသိလာစေပါတယ်။
ဒီလို ကိုယ့်ကိုယ်ကို ချစ်တတ်ပြီး တန်ဖိုးထားတတ်လာအောင် လုပ်ပေးတဲ့ ယောကျာ်းလေးမျိုးကို မိန်းကလေးတွေက ဘယ်လိုမှ မချစ်ပဲ မနေနိုင်ကြပါဘူး။

အကောင်းမြင်စိတ်များတဲ့ သူသူ့ဘေးနားရှိနေရင် ကိုယ့်ဆီမှာတောင် အကောင်းမြင်စိတ်လေးတွေ ဖုံးလွှမ်းသွားသလို ခံစားရတတ်တဲ့
ယောကျာ်းလေးမျိုး၊ ဘယ်အရာကိုမဆို အကောင်းမြင်စိတ်နဲ့ ကြည့်တတ်ပြီး …
အမြဲတမ်း တက်ကြွနေတတ်တဲ့ ကောင်လေးမျိုးကို မိန်းကလေးတွေ ပိုနှစ်သက်တတ်ကြပါတယ်။
ဒီလို ယောကျာ်းလေးမျိုးက မိန်းကလေးတစ်ယောက်ကို လွယ်လွယ်ကူကူပဲ ချစ်မိသွားစေတတ်ပါတယ်နော်။



