အခ်စ္နွင့္ဘဝ
(၂)အမဓါတ်နဲ့အဖိုဓါတ်
credit
unicode
အတူရှိတဲ့ အချိန်တွေများလွန်းရင် Relationship အတွက် ပြဿနာရှိလာနိုင်
ချစ်သူ(သို့)အိမ်ထောင်သည်ဘဝမှာ တစ်ဦးနဲ့တစ်ဦးမခွဲအတူရှိနေတာ ဟာ ပျော် စရာကောင်းတယ်ဆိုပေမယ့်လည်း အမြဲတမ်း အချိန်ပြည့်အတူရှိနေလွန်းပြန်ရင် လည်း မကောင်းပါဘူး။
အိမ်ထောင်သည်ဘဝဆိုရင်တော့ မနက်မိုးလင်းတည်းက ဒီမျက်နှာ ၊မနက်စာစားလည်းအတူ၊ရေချိုးလည်းအတူ၊ထမင်းစားလည်းအတူ အဲ့ဒီ လိုအချိန်ပြည့်တစ်တွဲတွဲဖြစ်နေတာဟာလည်း အဲ့ဒီ Relationship အတွက် အန္တရာယ်ရှိလာနိုင်ပါတယ်။
တစ်အိမ်တည်းအတူနေတဲ့ လင်မယားတွေဆိုရင် လည်း အလုပ်ကနေ အိမ်၊အိမ်ကနေ အလုပ်ဖြစ်နေပြီး၊အားလပ်ရက်မှာလည်း သူငယ်ချင်းတွေနဲ့မတွေ့ဖြစ်ပဲ နှစ်ယောက်တည်းပဲ အတူနေတာကြာလာရင် တခြားအရာတွေမဆိုထားနဲ့ ကိုယ့်ကမ္ဘာဟာ နှစ်ယောက်တည်းရှိတာလားလို့ ညည်းငွေ့စိတ်ပါလာတဲ့ အတွေးမျိုးတွေးမိလာတတ်ပါတယ်။
သမီးရည်းစားစုံတွဲတွေမှာလည်း အဲ့လိုပါပဲ။ဒီလူနဲ့ပဲအမြဲတမ်းအချိန်ကုန် ဒီလူနဲ့ပဲ အမြဲတွေ့နေရင် စိတ်ထဲမှာ အဲ့ဒီလိုအတွေးမျိုးတွေးမိလာတတ်ပါတယ်။
ဒီလိုေ တွးမိလိုက်လို့ “ငါတစ်ခုခုမှားနေလားလို့’တော့ မထင်ပါနဲ့။ဒါဟာ Normal Case ဖြစ်တတ်တဲ့ပုံမှန်သဘာဝတစ်ခုပါ။
လူဆိုတာ အမြဲတမ်းတစ်ယောက် တည်းနေလို့မရသလို တစ်ခါတစ်လေမှာလည်း တစ်ယောက်တည်းနေသင့်တဲ့ သီးသန့်အချိန်၊ကိုယ့်တစ်ယောက်တည်း ကိုယ့်ဟာကိုယ်လုပ်သင့်တဲ့ အရာဆို တာရှိပါတယ်။
နှစ်ယောက်အတူရှိတာများလွန်းရင် Relationship တစ်ခုမှာ ဘာကြောင့် ဒီလိုတွေဖြစ်လာရသလဲ၊ဘာကြောင့် ကိုယ်ပိုင်သီးသန့်အချိန်ဆိုတာ လိုအပ်သလဲ ဆိုတာအတွက် အကြောင်းပြချက်တွေကတော့..
(၁)ဒီလူနဲ့မတွေ့ခင်မှာ သင်ဟာ သင်ပါ
ဒီလူနဲ့သင်နဲ့မတွေ့ခင်က သင်ဟာသင်ပါ။သင်ရဲ့ဝါသနာ၊ သင်ကြိုက်တဲ့အစား အစာ၊TV Shows တွေနဲ့သင့်အိမ်မက်တွေကြား သင့်စိတ်ကြိုက်ဘဝမှာ နေလာ ခဲ့တဲ့သူပါ။
ဒါကြောင့် Single ဘဝကနေ Relationship ဘဝကိုပြောင်းမယ် ဆိုရင် တော့ အပေးအယူမျှအောင် သင့်တစ်ယောက်တည်းရဲ့ အကြိုက်ထက် နှစ်ဦးအကြိုက်ကို ညှိပြီး လိုက်လျောနေကြရပါတယ်။
အဲ့ဒီလို ဘယ်လောက် ကြာကြာနေနိုင်မှာလဲ.?သင်ဟာ သင့်ရဲ့ချစ်သူ၊ခင်ပွန်း(သို့)ဇနီးမဟုတ်ပါဘူး။ သင်ဟာ သင်ပါ။
ကိုယ်ပိုင်ဘဝ၊ကိုယ်ပိုင်အောင်မြင်မှုတွေကြား ပျော်ခဲ့ရတဲ့ အ တိတ်ကိုပြန်တွေးကြည့်ပါ။
နောက်ဆုံးသင့်ရဲ့ Partner က သင့်ကို ဘာကြောင့် ချစ်ခဲ့လဲ.?သင်ဟာ သင်ဖြစ်နေလို့ပါ။ဒါကြောင့် ဒီအချက်ကို မမေ့ပါနဲ့။
(၂)အမဓါတ်နဲ့အဖိုဓါတ်
နှစ်ယောက်အတူရှိနေတာ အရမ်းများလာပြီဆိုတာနဲ့ အရာအားလုံးကို သင့်ရဲ့ချစ် သူ၊ခင်ပွန်း၊ဇနီးက အားလုံးချယ် လှယ်နေတယ်လို့ ထင်လာနိုင်ပါတယ်။
သင့်ရဲ့ Partner ကိုလည်း တစ်ရာရာခိုင်နှုန်းနှစ်သက်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါ ဘူး။
အတူရှိချိန်တွေ သိပ်များလာရင် တစ်ဦးနဲ့တစ်ဦးကြားအသေးအဖွဲလေးက စမြင်လာပြီး အဲ့ဒီလို အသေးအဖွဲလေးတွေကစ အလိုမကျတာတွေ စိတ်ဆိုးစ ရာတွေ တဖြည်းဖြည်းစုပုံလာရင် နောက်ဆုံး ဒီ့ထက်ပိုကြီးတဲ့ ပြဿနာတွေဖြစ် လာနိုင်ပါတယ်။
(၃)လူတိုင်းမှာ ကိုယ်ပိုင်အချိန် လိုပါတယ်
လူတိုင်းလူတိုင်းမှာ သီးသန့်ကိုယ်ပိုင်အချိန်နဲ့နေရာလိုတယ်ဆိုတဲ့ စကားဟာ လုံး ဝမှန်ပါတယ်။ဝန်ခံချင်ခံ မခံချင်နေပါ။
သင်ရော သင့် Partner မှာပါ သီးသန့် ကိုယ်ပိုင်အချိန်လိုပါတယ်။လူတိုင်းမှာ ကိုယ်ကလွဲပြီးတခြားသူကို မသိစေချင်တဲ့ အတွေးတွေရှိတတ်ပါတယ်။
ကိုယ်ပိုင်အတွေးအခေါ်၊ကိုယ်ပိုင်စိတ်ကူးနဲ့ လွတ် လွတ်လပ်မနေရတာများလာရင် နောက်ဆက်တွဲအနေနဲ့ ဆိုးကျိုးတွေရှိ လာ တတ်ပါတယ်။
(၄)ကိုယ်ပိုင်အသက်မွေးမှု လမ်းကြောင်း
သင့်နဲ့သင့် Partner တို့ဟာ သီးခြား Career Life မှာ တိုးတက်နေဖို့ လိုပါတ ယ်။
တကယ်လို့ Career Life လမ်းကြောင်းခြင်းတူနေတယ်ဆိုရင်တောင်မှ အ လုပ်လုပ်တဲ့အဖွဲ့အစည်းနဲ့ကိုယ့်ကိုယ်ကိုယ် စနစ်တကျပုံစံချရမှာတော့ လမ်းေ ကြာင်းသီးသန့်ဖြစ်နေဖို့လိုပါတယ်။
တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ Partner နဲ့အမြဲ တမ်းကြီး အချိန်ပြည့် ရှိနေမယ့်အစား အလုပ်အတွက် အချိန်ပေးလိုက်ပါ။
အဲ့ဒီ အခါမှာတော့ အတွဲလိုက်ပျော်ရတာထက် တစ်ခါတစ်ခါမှာ တစ်ယောက် တည်း ပျော်ရတဲ့ အရသာက ပိုကောင်းတာကို သိလာမှာပါ။
(၅) သင့်ရဲ့ Partner တစ်ယောက်တည်းနဲ့ပဲ ဆက်ဆံပေါင်းသင်းလို့ မရ
သင့်မှာ ပြောဆိုဆက်ဆံစရာက သူတစ်ယောက်တည်းရှိတာမဟုတ်ပါဘူး။
သူ တစ်ယောက်တည်းနဲ့လည်း သင့်ဘဝကို တည်ဆောက်လို့ မရပါဘူး။လူတိုင်းလူ တိုင်းမှာ သူတို့ရဲ့ပတ်ဝန်းကျင်အသိုင်းအဝန်းဆိုတာ ရှိပါသေးတယ်။
ဒါကြောင့် သင့်မှာလည်း သူငယ်ချင်းမိတ်ဆွေအသိုင်းအဝိုင်းဆိုတာ လိုပါတယ်။ဒါကြောင့် ပတ်ဝန်းကျင်နဲ့အဆက်အသွယ်ဖြတ်ပြီး သီးခြားမနေပါနဲ့။
(၆)ခဏဝေးပြီးမှ ပြန်တွေ့ရတာ ပိုကောင်း
ဝေးနေရတာ၊ လွမ်းနေရတာဟာ ကောင်းတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အချိုတွေကို စားလွန်းရင် ရိုးအီသွားတတ်သလိုမျိုးပါပဲ။
တစ်ခါတစ်ေ လ ဝေးနေရတာကပိုကောင်းပါတယ်။နီးတစ်ကျက်ကျက်ဝေးတစ်သက်သက် ဆိုသလိုပါပဲ ခဏခွဲပြီး၊ဝေးပြီးမှ ပြန်တွေ့ရတဲ့ အရသာဟာ ပိုကောင်းပါ တယ်။ Relationship မှာလည်း Break Time တော့ မရှိမဖြစ်လိုအပ်ပါတယ်။
credit