ဗဟုသုတ

ညအိပ်မပျော်တဲ့ရက်များလာရင် သင့်ခန္ဒာကိုယ်ထဲမှာဖြစ်လာမယ့် ဆိုးကျိုး (၇) ခု

ညအိပ်မပျော်တဲ့ရက်များလာရင် သင့်ခန္ဒာကိုယ်ထဲမှာဖြစ်လာမယ့် ကြောက်မက်ဖွယ်ရာ ဆိုးကျိုးတွေ

လူတိုင်းလိုလိုဟာ ဘဝမှာ တစ်ခါတော့ ညအိပ်မပျော်ခြင်းကို ခံစားရတတ်ပါတယ်။ ညအိပ်မပျော်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများစွာ ရှိပါတယ် …။

ကမ္ဘာ့လူပေါင်း သန်း၆၀လောက်ဟာ နာတာရှည် ညအိပ်မပျေ်ာခြင်းကို ခံစားနေရတယ်လို့လည်း သိရပါတယ် …။ ညအိပ်မပျော်ခြင်းဟာ ရက်အနည်းငယ်ကနေ နှစ်ရှည်လများအထိ ကြာမြင့်တတ်ပါတယ်။

ရေရှည်ညအိပ်မပျော်တဲ့အခါ ဘာတွေခံစားရမလဲဆိုတော့…

(1) အက်ဆီးဒန့်များကို ဖြစ်စေခြင်း

အိပ်ရေးမဝသောကြောင့် စွမ်းအင်နည်းပါးပြီး နုံးခွေလာတတ်ပါတယ်။ ထိုအခါ ကားတိုက်မှုများဖြစ်ပေါ်စေတာ သိကြမယ် ထင်ပါတယ် …။

အမေရိကန်ပြည်ထောင်စုတွင် အိပ်ငိုက်ခြင်းကြောင့် ဖြစိသော ကားတိုက်မှုပေါင်း ၁ သိန်းကျော်နဲ့ သေဆုံးမှုပေါင်း ၇ ထောင်ကျော် ထိ ရှိပါတယ် …။

(2) ဉာဏစွမ်းရည်လျော့ကျခြင်း

တွေးခေါ်ခြင်း၊ သင်ယူခြင်းနဲ့ ဆောင်ရွက်ခြင်းတို့အတွက် အိပ်ရေးဝဖို့ လိုပါတယ် …။ အိပ်ရေးပျက်ပေါင်းများပါက အာရုံမစိုက်နိုင်ခြင်း၊ တက်ကြွမှုမရှိခြင်း၊နဲ့ လုပ်ငန်းခွင်ပြဿနာများ ကြုံတွေ့ရ တတ်ပါတယ် …။

(3) ရောဂါဆိုးများ ဖြစ်ပေါ်စေခြင်း

လေ့လာချက်များအရ ညအိပ်မပျော်သူ ၉၀ ရာနှုန်းဟာ အောက်ပါ ရောဂါများကို ခံစားရတယ်လို့ သိရပါတယ် …။

– ဆီးချိူရောဂါ

– နှလုံးတုန်ခြင်း

– သွေးတိုးခြင်း

– နှလုံးအားနည်းသောရောဂါ

– လေဖြတ်ခြင်း

(4) အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း

နေ့စဉ်အိပ်ရေးပျက်ခြင်းကြောင့် မျက်တွင်းကျခြင်း၊အသားအရေလျော့တွဲခြင်းတို့ဖြစ်ပေါ်စေပါတယ်။ ကြာရှည် အိပ်ရေးပျက်ပါက အရေးအကြောင်းများကို ဖြစ်ပေါ်စေပါတယ် …။

အိပ်ရေးမဝပါက ကော်တီဇော်ဟိုမုန်းထုတ်လွတ်မှု များစေပြီး အသားအရေတင်းစေသော ကော်လဂျင်များကို ပျက်စီးစေနိုင်ပါတယ် …။

(5) မှတ်ဉာဏ်ယိုယွင်းခြင်း

အိပ်ရေးမဝသောအခါ ကျွန်ပ်တို့ ဦးနှောက်က မှတ်ဉာဏ်များကို ယာယီသာသိမ်းဆည်းပေးနိုင်ပြီး အလွယ်တကူမေ့လျော့စေပါတယ်။အိပ်ရေးဝသောအခါမှသာ ရေတိုမှတ်ဉာဏ်နဲ့ရေရှည်မှတ်ဉာဏ်ကို ဆက်စပ်ပေးသော ကွန်ယက်များကိူ အားကောင်းစေတာ ဖြစ်ပါတယ် …။

(6) ကိုယ်အလေးချိန်တိုးခြင်း

အိပ်ရေးမဝခြင်းရဲ့ ဆိုးကျိုးတစ်ခုကတော့ မကြာခဏ ဗိုက်ဆာခြင်းဖြစ်ပါတယ်။ အိပ်ချိန် ၇ နာရီထက်နည်းသူများဟာ အခြားလူများထက် ၂ဆ ဆာလောင်တယ်လို့ တွေ့ရှိပါတယ်။ ဗိုက်ဆာစေသော ဟော်မုန်းများကို ပိုမိုထွက်စေလို့ပဲ ဖြစ်ပါတယ် …။

(7) စိတ်ပိုင်းဆိုင်ရာရောဂါများ

အိပိရေးပျက်ခြင်းကြောင့် စိတ်ကျရောဂါရရှိစေပါတယ်။ တစ်ရက်ကို အိပ်ချိန် ၆ နာရီထက် နည်းပါးပါက စိတ်ကျရောဂါကို ရနိုင်ချေ များပါတယ်။ စိတ်ကျရောဂါကြောင့်လည်း ညအိပ်မပျော်ခြင်းကို ဖြစ်စေတတ်ပါတယ် …။ ။

Zawgyi

ညအိပ္မေပ်ာ္တဲ့ရက္မ်ားလာရင္ သင့္ခႏၵာကိုယ္ထဲမွာျဖစ္လာမယ့္ ေၾကာက္မက္ဖြယ္ရာ ဆိုးက်ိဳးေတြ

လူတိုင္းလိုလိုဟာ ဘဝမွာ တစ္ခါေတာ့ ညအိပ္မေပ်ာ္ျခင္းကို ခံစားရတတ္ပါတယ္။ ညအိပ္မေပ်ာ္ျခင္းကို ျဖစ္ေစေသာ အေၾကာင္းရင္းမ်ားစြာ ရွိပါတယ္ …။

ကမာၻ႔လူေပါင္း သန္း၆၀ေလာက္ဟာ နာတာရွည္ ညအိပ္မေပ်္ာျခင္းကို ခံစားေနရတယ္လို႔လည္း သိရပါတယ္ …။ ညအိပ္မေပ်ာ္ျခင္းဟာ ရက္အနည္းငယ္ကေန ႏွစ္ရွည္လမ်ားအထိ ၾကာျမင့္တတ္ပါတယ္။

ေရရွည္ညအိပ္မေပ်ာ္တဲ့အခါ ဘာေတြခံစားရမလဲဆိုေတာ့…

(1) အက္ဆီးဒန႔္မ်ားကို ျဖစ္ေစျခင္း

အိပ္ေရးမဝေသာေၾကာင့္ စြမ္းအင္နည္းပါးၿပီး ႏုံးေခြလာတတ္ပါတယ္။ ထိုအခါ ကားတိုက္မႈမ်ားျဖစ္ေပၚေစတာ သိၾကမယ္ ထင္ပါတယ္ …။

အေမရိကန္ျပည္ေထာင္စုတြင္ အိပ္ငိုက္ျခင္းေၾကာင့္ ျဖစိေသာ ကားတိုက္မႈေပါင္း ၁ သိန္းေက်ာ္နဲ႔ ေသဆုံးမႈေပါင္း ၇ ေထာင္ေက်ာ္ ထိ ရွိပါတယ္ …။

(2) ဉာဏစြမ္းရည္ေလ်ာ့က်ျခင္း

ေတြးေခၚျခင္း၊ သင္ယူျခင္းနဲ႔ ေဆာင္႐ြက္ျခင္းတို႔အတြက္ အိပ္ေရးဝဖို႔ လိုပါတယ္ …။ အိပ္ေရးပ်က္ေပါင္းမ်ားပါက အာ႐ုံမစိုက္ႏိုင္ျခင္း၊ တက္ႂကြမႈမရွိျခင္း၊နဲ႔ လုပ္ငန္းခြင္ျပႆနာမ်ား ႀကဳံေတြ႕ရ တတ္ပါတယ္ …။

(3) ေရာဂါဆိုးမ်ား ျဖစ္ေပၚေစျခင္း

ေလ့လာခ်က္မ်ားအရ ညအိပ္မေပ်ာ္သူ ၉၀ ရာႏႈန္းဟာ ေအာက္ပါ ေရာဂါမ်ားကို ခံစားရတယ္လို႔ သိရပါတယ္ …။

– ဆီးခ်ိဴေရာဂါ

– ႏွလုံးတုန္ျခင္း

– ေသြးတိုးျခင္း

– ႏွလုံးအားနည္းေသာေရာဂါ

– ေလျဖတ္ျခင္း

(4) အ႐ြယ္မတိုင္မီ အိုမင္းရင့္ေရာ္ျခင္း

ေန႔စဥ္အိပ္ေရးပ်က္ျခင္းေၾကာင့္ မ်က္တြင္းက်ျခင္း၊အသားအေရေလ်ာ့တြဲျခင္းတို႔ျဖစ္ေပၚေစပါတယ္။ ၾကာရွည္ အိပ္ေရးပ်က္ပါက အေရးအေၾကာင္းမ်ားကို ျဖစ္ေပၚေစပါတယ္ …။

အိပ္ေရးမဝပါက ေကာ္တီေဇာ္ဟိုမုန္းထုတ္လြတ္မႈ မ်ားေစၿပီး အသားအေရတင္းေစေသာ ေကာ္လဂ်င္မ်ားကို ပ်က္စီးေစႏိုင္ပါတယ္ …။

(5) မွတ္ဉာဏ္ယိုယြင္းျခင္း

အိပ္ေရးမဝေသာအခါ ကြၽန္ပ္တို႔ ဦးေႏွာက္က မွတ္ဉာဏ္မ်ားကို ယာယီသာသိမ္းဆည္းေပးႏိုင္ၿပီး အလြယ္တကူေမ့ေလ်ာ့ေစပါတယ္။အိပ္ေရးဝေသာအခါမွသာ ေရတိုမွတ္ဉာဏ္နဲ႔ေရရွည္မွတ္ဉာဏ္ကို ဆက္စပ္ေပးေသာ ကြန္ယက္မ်ားကိူ အားေကာင္းေစတာ ျဖစ္ပါတယ္ …။

(6) ကိုယ္အေလးခ်ိန္တိုးျခင္း

အိပ္ေရးမဝျခင္းရဲ႕ ဆိုးက်ိဳးတစ္ခုကေတာ့ မၾကာခဏ ဗိုက္ဆာျခင္းျဖစ္ပါတယ္။ အိပ္ခ်ိန္ ၇ နာရီထက္နည္းသူမ်ားဟာ အျခားလူမ်ားထက္ ၂ဆ ဆာေလာင္တယ္လို႔ ေတြ႕ရွိပါတယ္။ ဗိုက္ဆာေစေသာ ေဟာ္မုန္းမ်ားကို ပိုမိုထြက္ေစလို႔ပဲ ျဖစ္ပါတယ္ …။

(7) စိတ္ပိုင္းဆိုင္ရာေရာဂါမ်ား

အိပိေရးပ်က္ျခင္းေၾကာင့္ စိတ္က်ေရာဂါရရွိေစပါတယ္။ တစ္ရက္ကို အိပ္ခ်ိန္ ၆ နာရီထက္ နည္းပါးပါက စိတ္က်ေရာဂါကို ရႏိုင္ေခ် မ်ားပါတယ္။ စိတ္က်ေရာဂါေၾကာင့္လည္း ညအိပ္မေပ်ာ္ျခင္းကို ျဖစ္ေစတတ္ပါတယ္ …။ ။crd