တော်သလင်းလမွေးဖွားသူများအတွက် တစ်သက်တာ ဟောစာတမ်း
တော်သလင်းလတွင်မွေးဖွားသူများ ပင်ကိုယ်သဘာဝအားဖြင့်အတွေးအခေါ်ဉာဏ်ပညာထက်မြက်သော်လည်းစိတ်မငြိမ်စိတ်မြန်လွန်းတတ်တယ်စိတ်ခံစားချက် ပြင်းထန်သူများဖြစ်သည်။အစစအရာရာစဉ်းစားပြီးပြုမူ၊ နေထိုင်လုပ်ကိုင်တတ်ကြသည်။ဘဝတွင်လူချစ်လူခင်များသည် အနုပညာဝါသနာကြီးသည်။မိတ်ဆွေအပေါင်းအသင်းတို့ကို ခင်မင်တွယ်တာတတ်သည်။
လွတ်လပ်မှုကို အလွန်ကြိုက်သည်။ စည်းကမ်းဘောင်တွေကိုအလွန်မုန်းသည်။ ဘယ်တော့မှ မလိမ်တတ်၊ မညာတတ်သူများဖြစ်သည်။
စိတ်ထိခိုက်လွယ်သည်။ တဇွတ်ထိုးလုပ်ချင်တတ်သည်။ဘယ်အခက်အခဲကိုမှ နောက်မဆုတ်၊ နောက်မတွန့်တတ်။ မြင့်မြတ်သောနှလုံးသားပိုင်ရှင်များဖြစ်သည်။သို့သော်နှလုံးသားခံစားချက်ကိုဦးစားပေးလွန်းသည်။ ငွေကြေးမှအစအခွင့်အလမ်းကိုမကြည့်စိတ်ခံစားချက်ကိုသာ အဓိကထား၍ ဆုံးဖြတ်ဆောင်ရွက်တတ်သည်။
ကိုယ်ယုံကြည်ရာကို ရဲရဲဆုံးဖြတ်လုပ်ကိုင်တတ်သည်။သည်းခံနိုင်စွမ်းရှိသည်။ သို့သော် စိတ်ဆန္ဒစောသည်။ကြာရှည်စောင့်ဆိုင်းလုပ်ကိုင်နေခြင်းမျိုးကိုစိတ်မရှည်ကြသူများဖြစ်သည်။တော်သလင်းလမွေးဖွားသူတို့သည် ဉာဏ်ပညာအမြင့်မားဆုံး၊ အထူးချွန်ဆုံးသူများဖြစ်သည်။ (၁၂)ရာသီဖွားတို့တွင် ဉာဏ်ပညာတွင်ထိပ်ဆုံးကဖြစ်သည်။ ဖြတ်ထိုးဉာဏ်အလွန်ကောင်းသည် အပြင်ပန်းဘာသိဘာသာနေတတ်ကြပြီး အလွန်အကွက်မြင်သည်။ထိုးထွင်းဉာဏ်ကောင်းသည်။ ဘာသာစကားနှင့်စာပေအသိပညာတို့တွင်အတိတ်ဘဝ ပါရမီထူးသူများဖြစ်သည်။
ထက်မြက်သော ဉာဏ်ပညာကိုစနစ်တကျကြိုးစားအသုံးချသွားပါက ဘဝတွင်ထိပ်ဆုံးသို့ရောက်နိုင်စွမ်းအောင် တော်ကြ၊ ထက်ကြသူများဖြစ်သည်။ကိုယ့်အစွမ်းအစကိုသိဖို့၊ ကြိုးစားဖို့တော့လိုတယ်။ရိုးရိုးနှင့်တည်တည်ကြည်ကြည်ပြောဆိုလုပ်ကိုင်တတ်ကြသည်။ထိုအသွင်သဏ္ဍာန်ကပင်ထူးခြားနေတတ်သည်ငွေရှာတတ်သည်၊ ငွေရှာကောင်းသည်။ထို့အပြင်ငွေအသုံးအစွဲစည်းကမ်းကောင်းသည်။ လောင်းကစားကိုဝါသနာသိပ်မပါတတ်ကြပါ။သို့သော်စွန့်စားဝံ့စွန့်စားရဲတတ်ကြသည်ဆုံးဖြတ်ပြီးကပုံအောပြီးလုပ်ဝံ့ကြသည်။
ငွေကိုအထူးချွေတာသုံးစွဲတတ်ကြသည်အလုပ်တွင်လည်းစည်းစနစ်ကောင်းကြသည်။သူတစ်ပါးစိတ်မဝင်စားသောအလုပ်တို့ကို စိတ်ဝင်စားတတ်ကြသည်။ ရိုးသားသူများကိုကူညီတတ်ကြပြီးသဒ္ဓါတရားကောင်းတယ်။စိတ်ဆိုးမပါိကခွင့်မလွှတ်တတ်ကြ။ ဟန်ဆောင်ခြင်းကိုအလွန်မုန်းသည်။ဉာဏ်ပညာထက်မြက်ပြီး သိလွယ်တတ်လွယ်တတ်ကြသည်။ စာဖတ်၊ စာကျက်ရာတွင်မြန်သည်။သဘောပေါက်လွယ်သည်။ မှတ်ဉာဏ်ကောင်းမည်။
စိတ်ဝင်စားရာကိုစွတ်လုပ်တတ်ကြသည်။ ဘဝတွင် စနစ်တကျကြိုးစားသွားကထိပ်ဆုံးသို့ရောက်တတ်သည်။အချို့ကိစ္စများတွင် စိတ်ထက်စိတ်ကြီးပြီးမဟုတ်မခံမာနရှိသည်။အပြောအဆိုချိုသာသည်။ဘာမဆိုကိုယ်တိုင်လုပ်ရမှ ကျေနပ်ကြသည် စိတ်ကြီးသဖြင့်ခက်ထန်သလိုထင်ရသည်။
စည်းစနစ်ကြီးသဖြင့်အပေါင်းရခက်သလိုဖြစ်တတ်သည်။ တပည့်ကောင်းမရတတ်။ကိုယ်သင်ပြမြှင့်တင်ပေး၍ ထိပ်ရောက်သွားသူများရှိပြီးကိုယ်ကိုပြန်မကြည့်တတ်ပါ။ စေတနာများများထားကစေတနာစော်ကားခံရတတ်သည်။စိတ်ငြိမ်စွာထားပြီး ကြိုးစားကာကိုယ်တိုင်ထိပ်ဆုံးနေရာကို ရယူသင့်ပေသည် အချစ်ကြီးသူများဖြစ်ကြတယ်။
နှလုံးသားသိမ်မွေ့ပြီးအချစ်ကြီးပြီး အချစ်ကိုဦးစားပေးတတ်ကြသည်။တစ်ဦးတစ်ယောက်ကို လွယ်လွယ်နှင့်မိတ်မဖွဲ့တတ်သလိုသံယောဇဉ်တွယ်မိရင်လဲစွဲနေတတ်တယ်။တော်သလင်းလမွေးဖွားသူတို့သည် အလွန်စန်းပွင့်တတ်ကြတယ်။အိမ်ထောင်ရေးတွင်လည်း အများအားဖြင့်ကံကောင်းတတ်ကြတယ်။ ချစ်မေတ္တာကိုပွင့်လင်းစွာမပြတတ်ပါ။
အချစ်ကြီးသလောက် သိုသိပ်နေတတ်၏။ ထို့ကြောင့် အိမ်ထောင်ရေး၌ပြဿ နာလေးတွေကြုံရတတ်ကြရမယ်။အရှက်အကြောက်ကြီးခြင်း၊သိက္ခာထိန်းခြင်းတို့ကြောင့် ကိုယ့်အိမ်ထောင်ဖက်ကကိုယ့်မေတ္တာသံယောဇဉ်ကို သံသယဝင်ခြင်းခံရတတ်မယ်။
ကိုယ့်အိမ်ထောင်ဖက်အပေါ် စည်းကမ်းဘောင်များဖြင့်စနစ်တကျချုပ်ကိုင်လိုကြမယ် ကိုယ့်အိမ်ထောင်ဖက်အပေါ်စိတ်တိုင်းမကျဖြစ်နေတတ်တယ်။ကိုယ့်အသိုင်းအဝိုင်းကလည်းကိုယ့်အပေါ်သဘောမကျကြောင်း၊ စိတ်တိုင်းမကျကြောင်းတို့ကိုမကြာခဏအပြစ်ဖွဲ့ပြောခြင်းခံနေရတတ်၏။သို့သော်အိမ်ထောင်ဖက်ကပါးစပ်ဖြင့်မည်မျှပြောစေကာမူ စိတ်ထဲကကျိတ်ပြီးကိုယ့်ကိုသဘောကျနေတတ်တယ်။ကိုယ့်အိမ်ထောင်ဖက်ကကိုယ့်အပေါ်အနိုင်ယူသြဇာပေးနေသည်ဟုလည်း ထင်နေတတ်တယ်။
အထူးသတိပြုရန်မှာကိုယ့်အိမ်ထောင်ဖက်အပေါ်သည်းခံလိုက်လျောဖို့ မေ့နေတတ်ပြီးအမြဲလိုလိုအရွဲ့တိုက်နေမိတတ်၏။စိတ်လိုက်မာန်ပါ ပြုမူမိတတ်တယ် သားသမီးကံကောင်းတတ်ကြမည်။သားသမီးတို့အပေါ်အထူးအလိုလိုက်တတ်တယ်အိမ်ထောင်ပြုရာတွင် တပိုတွဲလဖွားတို့ကိုအထူးရှောင်ပါ။အိမ်ထောင်ရေးအဆင်ပြေချောမွေ့ပါလိမ့်မည်။
ကျန်းမာရေးညံ့လျှင်ခဏသာဖြစ်၏။ အပင်ပန်းခံမှုကြောင့်ကျန်းမာရေးညံ့တတ်၏။ ဗိုက်နာ၊ လေနာ၊ ရင်နာ၊ နှလုံးတုန်ရင်ခုန်၊ဆီးရောဂါ၊ ခေါင်းကိုက်၊ ဇက်ကြောထိုးရောဂါတို့အသေးအဖွဲမျှဖြစ်တတ်တယ်အမျိုးသမီးများမီးယပ်သတိပြုဆင်ခြင်ပါ မကြာခဏအနားယူပြီးနှစ်ခြိုက်စွာအိပ်ပါ။ ကျန်းမာရေးအထူးကောင်းပါမယ်။ကျန်အချိန်တို့တွင် စိုးရိမ်ရန်မရှိပါ။ရေလမ်းခရီးသွားလာရာတွင် ဆင်ခြင်သတိရှိင့်ပေသည်။တော်သလင်းလမွေးဖွားသူတို့သည် ငွေရှာကောင်းမယ်။ ဖြတ်ထိုးဉာဏ်ကောင်းပြီး စွန့်စားရဲတယ် အကြံကြီးမယ်။
ထို့ကြောင့်ဆင်းရဲက အောက်ဆုံး၊ ချမ်းသာက ထိပ်ဆုံးဖြစ်တတ်တယ်။သို့သော်ငွေကိုမကြည့်ဘဲ ဝါသနာယုံကြည်ချက်တို့ကိုသာကြည့်တတ်တဲ့သူတွေပါဆန္ဒစောပြီး ခေါင်းမာမယ် စွတ်လုပ်တတ်တယ်။လက်အောက်ငယ်သားကောင်းကျိုးမပေး။ ကိုယ်ကလည်းအငြိုးအတေးထားအရွဲ့တိုက်လိုတယ်။ မထင်က မည်သူ့ကိုမျှမခေါ်၊မာနကြီးမယ်။ထို့ကြောင့် အလုပ်အကိုင်နှင့် စီးပွားရေးတွင် နစ်နာတတ်ရပ်ဝေးတွင်စီးပွားရှာရင်း အခြေချရတတ်တယ်။
အမွေရသလို၊ထီပေါက်သလို ပွပေါက်တိုးပြီး ကြီးပွားတတ်တယ်ငွေရှာကောင်းသလောက်ငွေသုံးစည်းကမ်းကောင်းတယ်။ ငွေကိုအထူးချွေတာစုဆောင်းတတ်မယ်အလုပ်လုပ်ရာတွင်စည်းကမ်းကောင်းသလောက် မနားမနေ တွန်းလုပ်တတ်တယ်။အောင်မြင်မှုများစွာ ရတတ်၏။ အလုပ်အကိုင်ကြီများသာလုပ်ချင်တတ်မယ်ပန်းချီ၊ ပန်းပု၊ ဒီဇိုင်းပညာ၊ စတိုးဆိုင်၊ ရတနာလုပ်ငန်း၊စာရင်းအင်းလုပ်ငန်းတို့ဖြင့် ကောင်းကျိုးပေးတတ်၏။ ရွှေမရှား၊ ငွေမရှား နေရတတ်သည်။
သဘင်အနုပညာဖြင့်အကျိုးပေးတယ် ကိုယ်ပိုင်လုပ်ငန်းဖြင့်ကြီးပွားမည်။သင်တို့သည် အပြောင်းအလဲများစွာကြုံတတ်ကြ၏။ မာနကြီး၍အခွင့်အရေးများလက်လွတ်တတ်မယ်။မိဘဆွေမျိုးတို့အကူအညီမရတတ်။ဒုတိယအရွယ်နှင့် တတိယအရွယ်တွင် ကောင်းစားပြီးကြီးပွားတတ်ပါသည်။အိုဇာတာအလွန်ကောင်းမယ်။ အိုးပိုင်၊ အိမ်ပိုင်၊တိုက်ပိုင်နှင့် နေရတတ်ပါတယ်။ ဘဝတွင် ငွေကြေးပြည့်စုံကြွယ်ဝမယ်။
တော်သလင်းလမွေးဖွားသူတို့သည် ဘဝတွင်လောကအမြင်ကိုဒဿ နဆန်ဆန်ရှုမြင်တတ်ကြတယ် တရားကျတတ်ပြီးသူတစ်ပါးကိုလည်းဆုံးမတတ်တယ်။သို့သော် အငြိုးအတေးကြီးခြင်း၊စိတ်ကြီးခြင်း၊တဇွတ်ထိုးစိတ်ရှိခြင်းစာအုပ်ကြီးသမားဆန်ခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်းအပြောချိုသလောက်စိတ်ခက်ထန်ခြင်းတို့ကိုသတိဖြင့်ထိန်းပါ ဟန်ပန်တင့်တယ်ကြ၏။ ဥပဓိခန့်၏။အလွန်ရှင်းလင်းသော အလှပိုင်ရှင်များဖြစ်ပါတယ်။
အထူးသဖြင့်ချပ်ချပ်ရပ်ရပ်နှင့် ရိုးရှင်းစွာဝတ်ဆင်ပါပွယောင်းယောင်း၊ဘိုသီဘတ်သီမနေသင့်။ မျက်နှာကိုတည်တည်ကြီးမထားပါနဲ့ကျော့ကျော့မော့မော့နေပါ။အနက်ရောင်အထူးရှောင်ပါ။ ဆင်စွယ်ရောင်၊ အဝါရောင်၊ နံ့သာရောင်ဝတ်ဆင်ပါအထူးသဖြင့် ကျောက်စိမ်းကို ဆောင်ထားပါ။
(၅)ဂဏန်းကို အဓိကသုံးစွဲသင့်သည်။ထီကိုမပြတ်ကံစမ်းသင့်ပေသည်။
ေတာ္သလင္းလေမြးဖြားသူမ်ားအတြက္ တစ္သက္တာ ေဟာစာတမ္း
ေတာ္သလင္းလတြင္ေမြးဖြားသူမ်ား ပင္ကိုယ္သဘာဝအားျဖင့္အေတြးအေခၚဉာဏ္ပညာထက္ျမက္ေသာ္လည္းစိတ္မၿငိမ္စိတ္ျမန္လြန္းတတ္တယ္စိတ္ခံစားခ်က္ ျပင္းထန္သူမ်ားျဖစ္သည္။အစစအရာရာစဥ္းစားၿပီးျပဳမူ၊ ေနထိုင္လုပ္ကိုင္တတ္ၾကသည္။ဘဝတြင္လူခ်စ္လူခင္မ်ားသည္ အႏုပညာဝါသနာႀကီးသည္။မိတ္ေဆြအေပါင္းအသင္းတို႔ကို ခင္မင္တြယ္တာတတ္သည္။
လြတ္လပ္မႈကို အလြန္ႀကိဳက္သည္။ စည္းကမ္းေဘာင္ေတြကိုအလြန္မုန္းသည္။ ဘယ္ေတာ့မွ မလိမ္တတ္၊ မညာတတ္သူမ်ားျဖစ္သည္။
စိတ္ထိခိုက္လြယ္သည္။ တဇြတ္ထိုးလုပ္ခ်င္တတ္သည္။ဘယ္အခက္အခဲကိုမွ ေနာက္မဆုတ္၊ ေနာက္မတြန႔္တတ္။ ျမင့္ျမတ္ေသာႏွလုံးသားပိုင္ရွင္မ်ားျဖစ္သည္။သို႔ေသာ္ႏွလုံးသားခံစားခ်က္ကိုဦးစားေပးလြန္းသည္။ ေငြေၾကးမွအစအခြင့္အလမ္းကိုမၾကည့္စိတ္ခံစားခ်က္ကိုသာ အဓိကထား၍ ဆုံးျဖတ္ေဆာင္ရြက္တတ္သည္။
ကိုယ္ယုံၾကည္ရာကို ရဲရဲဆုံးျဖတ္လုပ္ကိုင္တတ္သည္။သည္းခံနိုင္စြမ္းရွိသည္။ သို႔ေသာ္ စိတ္ဆႏၵေစာသည္။ၾကာရွည္ေစာင့္ဆိုင္းလုပ္ကိုင္ေနျခင္းမ်ိဳးကိုစိတ္မရွည္ၾကသူမ်ားျဖစ္သည္။ေတာ္သလင္းလေမြးဖြားသူတို႔သည္ ဉာဏ္ပညာအျမင့္မားဆုံး၊ အထူးခၽြန္ဆုံးသူမ်ားျဖစ္သည္။ (၁၂)ရာသီဖြားတို႔တြင္ ဉာဏ္ပညာတြင္ထိပ္ဆုံးကျဖစ္သည္။ ျဖတ္ထိုးဉာဏ္အလြန္ေကာင္းသည္ အျပင္ပန္းဘာသိဘာသာေနတတ္ၾကၿပီး အလြန္အကြက္ျမင္သည္။ထိုးထြင္းဉာဏ္ေကာင္းသည္။ ဘာသာစကားႏွင့္စာေပအသိပညာတို႔တြင္အတိတ္ဘ၀ ပါရမီထူးသူမ်ားျဖစ္သည္။
ထက္ျမက္ေသာ ဉာဏ္ပညာကိုစနစ္တက်ႀကိဳးစားအသုံးခ်သြားပါက ဘဝတြင္ထိပ္ဆုံးသို႔ေရာက္နိုင္စြမ္းေအာင္ ေတာ္ၾက၊ ထက္ၾကသူမ်ားျဖစ္သည္။ကိုယ့္အစြမ္းအစကိုသိဖို႔၊ ႀကိဳးစားဖို႔ေတာ့လိုတယ္။ရိုးရိုးႏွင့္တည္တည္ၾကည္ၾကည္ေျပာဆိုလုပ္ကိုင္တတ္ၾကသည္။ထိုအသြင္သ႑ာန္ကပင္ထူးျခားေနတတ္သည္ေငြရွာတတ္သည္၊ ေငြရွာေကာင္းသည္။ထို႔အျပင္ေငြအသုံးအစြဲစည္းကမ္းေကာင္းသည္။ ေလာင္းကစားကိုဝါသနာသိပ္မပါတတ္ၾကပါ။သို႔ေသာ္စြန႔္စားဝံ့စြန႔္စားရဲတတ္ၾကသည္ဆုံးျဖတ္ၿပီးကပုံေအာၿပီးလုပ္ဝံ့ၾကသည္။
ေငြကိုအထူးေခၽြတာသုံးစြဲတတ္ၾကသည္အလုပ္တြင္လည္းစည္းစနစ္ေကာင္းၾကသည္။သူတစ္ပါးစိတ္မဝင္စားေသာအလုပ္တို႔ကို စိတ္ဝင္စားတတ္ၾကသည္။ ရိုးသားသူမ်ားကိုကူညီတတ္ၾကၿပီးသဒၶါတရားေကာင္းတယ္။စိတ္ဆိုးမပါိကခြင့္မလႊတ္တတ္ၾက။ ဟန္ေဆာင္ျခင္းကိုအလြန္မုန္းသည္။ဉာဏ္ပညာထက္ျမက္ၿပီး သိလြယ္တတ္လြယ္တတ္ၾကသည္။ စာဖတ္၊ စာက်က္ရာတြင္ျမန္သည္။သေဘာေပါက္လြယ္သည္။ မွတ္ဉာဏ္ေကာင္းမည္။
စိတ္ဝင္စားရာကိုစြတ္လုပ္တတ္ၾကသည္။ ဘဝတြင္ စနစ္တက်ႀကိဳးစားသြားကထိပ္ဆုံးသို႔ေရာက္တတ္သည္။အခ်ိဳ႕ကိစၥမ်ားတြင္ စိတ္ထက္စိတ္ႀကီးၿပီးမဟုတ္မခံမာနရွိသည္။အေျပာအဆိုခ်ိဳသာသည္။ဘာမဆိုကိုယ္တိုင္လုပ္ရမွ ေက်နပ္ၾကသည္ စိတ္ႀကီးသျဖင့္ခက္ထန္သလိုထင္ရသည္။
စည္းစနစ္ႀကီးသျဖင့္အေပါင္းရခက္သလိုျဖစ္တတ္သည္။ တပည့္ေကာင္းမရတတ္။ကိုယ္သင္ျပျမႇင့္တင္ေပး၍ ထိပ္ေရာက္သြားသူမ်ားရွိၿပီးကိုယ္ကိုျပန္မၾကည့္တတ္ပါ။ ေစတနာမ်ားမ်ားထားကေစတနာေစာ္ကားခံရတတ္သည္။စိတ္ၿငိမ္စြာထားၿပီး ႀကိဳးစားကာကိုယ္တိုင္ထိပ္ဆုံးေနရာကို ရယူသင့္ေပသည္ အခ်စ္ႀကီးသူမ်ားျဖစ္ၾကတယ္။
ႏွလုံးသားသိမ္ေမြ႕ၿပီးအခ်စ္ႀကီးၿပီး အခ်စ္ကိုဦးစားေပးတတ္ၾကသည္။တစ္ဦးတစ္ေယာက္ကို လြယ္လြယ္ႏွင့္မိတ္မဖြဲ႕တတ္သလိုသံေယာဇဥ္တြယ္မိရင္လဲစြဲေနတတ္တယ္။ေတာ္သလင္းလေမြးဖြားသူတို႔သည္ အလြန္စန္းပြင့္တတ္ၾကတယ္။အိမ္ေထာင္ေရးတြင္လည္း အမ်ားအားျဖင့္ကံေကာင္းတတ္ၾကတယ္။ ခ်စ္ေမတၱာကိုပြင့္လင္းစြာမျပတတ္ပါ။
အခ်စ္ႀကီးသေလာက္ သိုသိပ္ေနတတ္၏။ ထို႔ေၾကာင့္ အိမ္ေထာင္ေရး၌ျပႆ နာေလးေတြၾကဳံရတတ္ၾကရမယ္။အရွက္အေၾကာက္ႀကီးျခင္း၊သိကၡာထိန္းျခင္းတို႔ေၾကာင့္ ကိုယ့္အိမ္ေထာင္ဖက္ကကိုယ့္ေမတၱာသံေယာဇဥ္ကို သံသယဝင္ျခင္းခံရတတ္မယ္။
ကိုယ့္အိမ္ေထာင္ဖက္အေပၚ စည္းကမ္းေဘာင္မ်ားျဖင့္စနစ္တက်ခ်ဳပ္ကိုင္လိုၾကမယ္ ကိုယ့္အိမ္ေထာင္ဖက္အေပၚစိတ္တိုင္းမက်ျဖစ္ေနတတ္တယ္။ကိုယ့္အသိုင္းအဝိုင္းကလည္းကိုယ့္အေပၚသေဘာမက်ေၾကာင္း၊ စိတ္တိုင္းမက်ေၾကာင္းတို႔ကိုမၾကာခဏအျပစ္ဖြဲ႕ေျပာျခင္းခံေနရတတ္၏။သို႔ေသာ္အိမ္ေထာင္ဖက္ကပါးစပ္ျဖင့္မည္မၽွေျပာေစကာမူ စိတ္ထဲကက်ိတ္ၿပီးကိုယ့္ကိုသေဘာက်ေနတတ္တယ္။ကိုယ့္အိမ္ေထာင္ဖက္ကကိုယ့္အေပၚအနိုင္ယူၾသဇာေပးေနသည္ဟုလည္း ထင္ေနတတ္တယ္။
အထူးသတိျပဳရန္မွာကိုယ့္အိမ္ေထာင္ဖက္အေပၚသည္းခံလိုက္ေလ်ာဖို႔ ေမ့ေနတတ္ၿပီးအျမဲလိုလိုအရြဲ႕တိုက္ေနမိတတ္၏။စိတ္လိုက္မာန္ပါ ျပဳမူမိတတ္တယ္ သားသမီးကံေကာင္းတတ္ၾကမည္။သားသမီးတို႔အေပၚအထူးအလိုလိုက္တတ္တယ္အိမ္ေထာင္ျပဳရာတြင္ တပိုတြဲလဖြားတို႔ကိုအထူးေရွာင္ပါ။အိမ္ေထာင္ေရးအဆင္ေျပေခ်ာေမြ႕ပါလိမ့္မည္။
က်န္းမာေရးညံ့လၽွင္ခဏသာျဖစ္၏။ အပင္ပန္းခံမႈေၾကာင့္က်န္းမာေရးညံ့တတ္၏။ ဗိုက္နာ၊ ေလနာ၊ ရင္နာ၊ ႏွလုံးတုန္ရင္ခုန္၊ဆီးေရာဂါ၊ ေခါင္းကိုက္၊ ဇက္ေၾကာထိုးေရာဂါတို႔အေသးအဖြဲမၽွျဖစ္တတ္တယ္အမ်ိဳးသမီးမ်ားမီးယပ္သတိျပဳဆင္ျခင္ပါ မၾကာခဏအနားယူၿပီးႏွစ္ၿခိဳက္စြာအိပ္ပါ။ က်န္းမာေရးအထူးေကာင္းပါမယ္။က်န္အခ်ိန္တို႔တြင္ စိုးရိမ္ရန္မရွိပါ။ေရလမ္းခရီးသြားလာရာတြင္ ဆင္ျခင္သတိရွိင့္ေပသည္။ေတာ္သလင္းလေမြးဖြားသူတို႔သည္ ေငြရွာေကာင္းမယ္။ ျဖတ္ထိုးဉာဏ္ေကာင္းၿပီး စြန႔္စားရဲတယ္ အႀကံႀကီးမယ္။
ထို႔ေၾကာင့္ဆင္းရဲက ေအာက္ဆုံး၊ ခ်မ္းသာက ထိပ္ဆုံးျဖစ္တတ္တယ္။သို႔ေသာ္ေငြကိုမၾကည့္ဘဲ ဝါသနာယုံၾကည္ခ်က္တို႔ကိုသာၾကည့္တတ္တဲ့သူေတြပါဆႏၵေစာၿပီး ေခါင္းမာမယ္ စြတ္လုပ္တတ္တယ္။လက္ေအာက္ငယ္သားေကာင္းက်ိဳးမေပး။ ကိုယ္ကလည္းအၿငိဳးအေတးထားအရြဲ႕တိုက္လိုတယ္။ မထင္က မည္သူ႔ကိုမၽွမေခၚ၊မာနႀကီးမယ္။ထို႔ေၾကာင့္ အလုပ္အကိုင္ႏွင့္ စီးပြားေရးတြင္ နစ္နာတတ္ရပ္ေဝးတြင္စီးပြားရွာရင္း အေျခခ်ရတတ္တယ္။
အေမြရသလို၊ထီေပါက္သလို ပြေပါက္တိုးၿပီး ႀကီးပြားတတ္တယ္ေငြရွာေကာင္းသေလာက္ေငြသုံးစည္းကမ္းေကာင္းတယ္။ ေငြကိုအထူးေခၽြတာစုေဆာင္းတတ္မယ္အလုပ္လုပ္ရာတြင္စည္းကမ္းေကာင္းသေလာက္ မနားမေန တြန္းလုပ္တတ္တယ္။ေအာင္ျမင္မႈမ်ားစြာ ရတတ္၏။ အလုပ္အကိုင္ႀကီမ်ားသာလုပ္ခ်င္တတ္မယ္ပန္းခ်ီ၊ ပန္းပု၊ ဒီဇိုင္းပညာ၊ စတိုးဆိုင္၊ ရတနာလုပ္ငန္း၊စာရင္းအင္းလုပ္ငန္းတို႔ျဖင့္ ေကာင္းက်ိဳးေပးတတ္၏။ ေရႊမရွား၊ ေငြမရွား ေနရတတ္သည္။
သဘင္အႏုပညာျဖင့္အက်ိဳးေပးတယ္ ကိုယ္ပိုင္လုပ္ငန္းျဖင့္ႀကီးပြားမည္။သင္တို႔သည္ အေျပာင္းအလဲမ်ားစြာၾကဳံတတ္ၾက၏။ မာနႀကီး၍အခြင့္အေရးမ်ားလက္လြတ္တတ္မယ္။မိဘေဆြမ်ိဳးတို႔အကူအညီမရတတ္။ဒုတိယအရြယ္ႏွင့္ တတိယအရြယ္တြင္ ေကာင္းစားၿပီးႀကီးပြားတတ္ပါသည္။အိုဇာတာအလြန္ေကာင္းမယ္။ အိုးပိုင္၊ အိမ္ပိုင္၊တိုက္ပိုင္ႏွင့္ ေနရတတ္ပါတယ္။ ဘဝတြင္ ေငြေၾကးျပည့္စုံႂကြယ္ဝမယ္။
ေတာ္သလင္းလေမြးဖြားသူတို႔သည္ ဘဝတြင္ေလာကအျမင္ကိုဒႆ နဆန္ဆန္ရႈျမင္တတ္ၾကတယ္ တရားက်တတ္ၿပီးသူတစ္ပါးကိုလည္းဆုံးမတတ္တယ္။သို႔ေသာ္ အၿငိဳးအေတးႀကီးျခင္း၊စိတ္ႀကီးျခင္း၊တဇြတ္ထိုးစိတ္ရွိျခင္းစာအုပ္ႀကီးသမားဆန္ျခင္း၊ စိတ္လႈပ္ရွားလြယ္ျခင္းအေျပာခ်ိဳသေလာက္စိတ္ခက္ထန္ျခင္းတို႔ကိုသတိျဖင့္ထိန္းပါ ဟန္ပန္တင့္တယ္ၾက၏။ ဥပဓိခန႔္၏။အလြန္ရွင္းလင္းေသာ အလွပိုင္ရွင္မ်ားျဖစ္ပါတယ္။
အထူးသျဖင့္ခ်ပ္ခ်ပ္ရပ္ရပ္ႏွင့္ ရိုးရွင္းစြာဝတ္ဆင္ပါပြေယာင္းေယာင္း၊ဘိုသီဘတ္သီမေနသင့္။ မ်က္ႏွာကိုတည္တည္ႀကီးမထားပါနဲ႔ေက်ာ့ေက်ာ့ေမာ့ေမာ့ေနပါ။အနက္ေရာင္အထူးေရွာင္ပါ။ ဆင္စြယ္ေရာင္၊ အဝါေရာင္၊ နံ့သာေရာင္ဝတ္ဆင္ပါအထူးသျဖင့္ ေက်ာက္စိမ္းကို ေဆာင္ထားပါ။
(၅)ဂဏန္းကို အဓိကသုံးစြဲသင့္သည္။ထီကိုမျပတ္ကံစမ္းသင့္ေပသည္။