ဗဟုသုတ

သင်က ဘယ်လိုမျိုး ချစ်သူလဲ….သိချင်တယ်ဆိုရင် သဘောအကျဆုံး အသဲတစ်လုံးကို နှိပ်ပြီး ဖတ်ကြည့်လိုက်တော့

သင်က ဘယ်လိုမျိုး ချစ်သူလဲ….သိချင်တယ်ဆိုရင် သဘောအကျဆုံး အသဲတစ်လုံးကို နှိပ်ပြီး ဖတ်ကြည့်လိုက်တော့

သင် အနှစ်သက်ဆုံး အသည်းတစ်လုံးကို ရွေးချယ်ပြီး သင်ဟာ ဘယ်လိုချစ်သူမျိုးလဲ ရှာဖွေကြည့်လိုက်ပါ။

1 သင်က တိတ်ဆိတ်တဲ့ ချစ်သူဖြစ်တယ်။ တည်ငြိမ်မှုရှိတယ်.. ယုံကြည်မှု၊ သစ္စာရှိမှုတွေက ပါတနာအရေးမှာ သင့်အတွက် အရေးကြီးတဲ့ အရာတွေဖြစ်တယ်၊ လူသစ်တွေနဲ့ဆို နွေးနွေးထွေးထွေးရှိအောင် အချိန်ယူတတ်တယ်။ တစ်ခါချစ်မိရင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် သစ္စာရှိတယ်။

2 သင်က နက်နဲတဲ့ ချစ်သူဖြစ်တယ်။ ရမ္မက်ပြင်းထန်းတယ်၊ ပြီးတော့ ဆွဲဆောင်မှုရှိတယ်။ ပင်ကို သရုပ်မှန်ကို ထုတ်ဖော်ပြတာ ခပ်ရှားရှားပဲ။ သင်က စွဲလမ်း ယစ်မူးစေတတ်သလို လျှိုဝှက်ဆန်းကြယ်တယ်။ ဘယ်တော့မှ အများကြီး မပေးလိုက်ဘူး။ ဒီလိုနည်းနဲ့ နာကျင်ရမယ့် အဖြစ်တွေကနေ ကိုယ့်ကိုကိုယ် ရှောင်ခွာတယ်။ သင့်ရဲ့ နှစ်လိုဖွယ်ကောင်းမှုမှာ လူတွေ ရူးရူးသွပ်သွပ်ဖြစ်ကြရတယ်။

3 သင်က အကြွင်းမဲ့ ချစ်တဲ့တတ်သူဖြစ်တယ်။ ရိုမန်းတစ် ရုပ်ရှင်ဇာတ်လမ်းတွေထဲက အချစ်ရေးတွေလိုမျိုး နီးနီးလောက် ပိုင်ဆိုင်ချင်တဲ့ ဆန္ဒရှိတယ်။ ပန်းတွေဝေပြီး ဖယောင်းတိုင်းအလင်းတွေနဲ့ ညတစ်ညမှာ တစ်ယောက်နဲ့ တစ်ယောက် မျက်ဝန်းတွေထဲ အဖြေရှာနေတာမျိုးလောက်က သင့်အတွက် သာမန်ပဲ၊ ရင်ခုန်စရာကောင်းမနေဘူး။ သင့်က ကိုယ့်ပေးသလောက် အတိုင်းအတာ ပြန်ရမှ ကျေနပ်တဲ့သူဖြစ်တယ်။ အမြဲလိုလိုလည်း ရက်ရက်ရောရော ပြန်ရတတ်တယ်။

4 သင်က စိတ်ဆန္ဒ၊ တပ်မက်မှု ပြင်းထန်တဲ့ ချစ်သူမျိုးဖြစ်တယ်။ သင်ဟာ ရုပ်ပိုင်းဆိုင်ရာအရရော၊ ကာမဂုဏ်အာရုံပိုင်းဆိုင်ရာအရရော ပြည့်စုံတဲ့ ဘဝကို ပိုင်ဆိုင်ထားတယ်။ နှစ်ကိုယ်တည်း ကမ္ဘာကို လောင်မြိုက်သွားစေနိုင်တယ်။ ကိုယ် လက်တွဲဖော်ကို ရင်ဖိုလှိုက်မောဖွယ် အခိုက်အတန့်တွေကို ပေးစွမ်းနိုင်တယ်။ လက်တွဲဖော်ကလည်း သင့်ရဲ့ အမြဲ ကွန်ထရိုးလ်ရှိပြီး ပြင်းထန်တဲ့ အင်အားတွေရှိတဲ့ အချက်ကို ချစ်မြတ်နိုးနေတာ အသေအချာပဲ။

credit to shwemom

Zawgyi







credit to shwemom