ၾကားသိရသမွ်

သေခြင်းတရားဟာ သူ့အတွက် နားလည်ရခက်တာကြောင့် မိဘတွေကိုလွမ်းတိုင်း သင်္ချိုင်းသို့ အမြဲသွားကစားခဲ့တဲ့ ၂နှစ်ကလေး

မလေးရှားက ကောင်လေးတစ်ယောက်ဟာ မိဘနှစ်ပါရဲ့ အုတ်ဂူနားမှာ ထိုင်ပြီး သဲများကစားကာ အိမ်ပြန်ဖို့ ငြင်းဆန်နေပါတယ် ။ ကောင်လေးရဲ့ဦးလေး Azuan Shamsuddin ရဲ့ အဆိုအရ အသက် ၂ နှစ်အရွယ် Arfan အမည်ရှိ ဒီကလေးဟာ သူ့မိဘနှစ်ပါးစလုံးကို ကားမတော်တဆမှုနဲ့ ဆုံးရှုံးခဲ့ရပါတယ် ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်လေးက သူ့မိဘတွေကို အရမ်းလွမ်းဆွတ်ပြီး အိမ်ပြန်မလာတာ ဘာကြောင့်လဲဆိုတာ နားမလည်နိုင်ပါဘူး ။ ကောင်လေးက ကွယ်လွန်ခြင်းရဲ့ သဘောတရားဟာ သူ့အတွက် နားလည်ရခက်တဲ့ အရာတစ်ခုဖြစ်ပေမယ့် အထူးသဖြင့် သူ့အမေကို အရမ်းလွမ်းနေပါတယ် ။

တစ်နေ့မှာတော့ ဦးလေး Shamsuddin က Arfan ကို သူ့မိဘတွေရဲ့ သင်္ချိုင်းဆီ ခေါ်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ကောင်လေးက သူတို့ကို ထာဝရ ဆုံးရှုံးသွားတာကို နားလည်ဖို့ ငယ်လွန်းပေမယ့် သူ့မိဘတွေက အဲဒီနေရာမှာ ‘နေမယ်’ လို့ ပြောပြတဲ့အခါ ကလေးက အိမ်မှာပဲ နေလို့မရဘူးလား ဆိုပြီး ထိုင်က သူ့မိဘတွေကို အရမ်းလွမ်းတာကြောင့် အိမ်ပြန်ဖို့ ငြင်းဆန်ခဲ့ပါတယ် ။

Shamsuddin က သူ့လက်ကို လှမ်းဆွဲလိုက်ပေမဲ့ ကောင်လေးက သူ့မိဘတွေနဲ့ အချိန်ဖြုန်းချင်သေးတာကြောင့် နောက်ပြန်ဆွဲသွားခဲ့ပါတယ် ။ မကြာခင် ပြန်လာမယ်လို့ ကတိပေးတဲ့အခါ သနားစရာကလေးလေးက ဦးလေးနဲ့ အိမ်ပြန်ဖို့ သဘောတူလိုက်ပါတယ် ။ ယခု Arfan က အဖိုးအဖွားများနဲ့ အတူနေထိုင်ပြီး သူ့မိဘများရဲ့ သင်္ချိုင်းသို့ ပုံမှန်ပို့ဆောင်ပေးခဲ့ကြောင်း Shamsuddin မှ ပြောကြားခဲ့ပါတယ် ။

JRose (KB Chimmy one)

Reference : rachfeed

Zawgyi

မေလးရွားက ေကာင္ေလးတစ္ေယာက္ဟာ မိဘႏွစ္ပါရဲ႕ အုတ္ဂူနားမွာ ထိုင္ၿပီး သဲမ်ားကစားကာ အိမ္ျပန္ဖို႔ ျငင္းဆန္ေနပါတယ္ ။ ေကာင္ေလးရဲ႕ဦးေလး Azuan Shamsuddin ရဲ႕ အဆိုအရ အသက္ ၂ ႏွစ္အ႐ြယ္ Arfan အမည္ရွိ ဒီကေလးဟာ သူ႔မိဘႏွစ္ပါးစလုံးကို ကားမေတာ္တဆမႈနဲ႔ ဆုံးရႈံးခဲ့ရပါတယ္ ။ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေကာင္ေလးက သူ႔မိဘေတြကို အရမ္းလြမ္းဆြတ္ၿပီး အိမ္ျပန္မလာတာ ဘာေၾကာင့္လဲဆိုတာ နားမလည္ႏိုင္ပါဘူး ။ ေကာင္ေလးက ကြယ္လြန္ျခင္းရဲ႕ သေဘာတရားဟာ သူ႔အတြက္ နားလည္ရခက္တဲ့ အရာတစ္ခုျဖစ္ေပမယ့္ အထူးသျဖင့္ သူ႔အေမကို အရမ္းလြမ္းေနပါတယ္ ။

တစ္ေန႔မွာေတာ့ ဦးေလး Shamsuddin က Arfan ကို သူ႔မိဘေတြရဲ႕ သခ်ႋဳင္းဆီ ေခၚသြားဖို႔ ဆုံးျဖတ္ခဲ့ပါတယ္ ။ ေကာင္ေလးက သူတို႔ကို ထာဝရ ဆုံးရႈံးသြားတာကို နားလည္ဖို႔ ငယ္လြန္းေပမယ့္ သူ႔မိဘေတြက အဲဒီေနရာမွာ ‘ေနမယ္’ လို႔ ေျပာျပတဲ့အခါ ကေလးက အိမ္မွာပဲ ေနလို႔မရဘူးလား ဆိုၿပီး ထိုင္က သူ႔မိဘေတြကို အရမ္းလြမ္းတာေၾကာင့္ အိမ္ျပန္ဖို႔ ျငင္းဆန္ခဲ့ပါတယ္ ။

Shamsuddin က သူ႔လက္ကို လွမ္းဆြဲလိုက္ေပမဲ့ ေကာင္ေလးက သူ႔မိဘေတြနဲ႔ အခ်ိန္ျဖဳန္းခ်င္ေသးတာေၾကာင့္ ေနာက္ျပန္ဆြဲသြားခဲ့ပါတယ္ ။ မၾကာခင္ ျပန္လာမယ္လို႔ ကတိေပးတဲ့အခါ သနားစရာကေလးေလးက ဦးေလးနဲ႔ အိမ္ျပန္ဖို႔ သေဘာတူလိုက္ပါတယ္ ။ ယခု Arfan က အဖိုးအဖြားမ်ားနဲ႔ အတူေနထိုင္ၿပီး သူ႔မိဘမ်ားရဲ႕ သခ်ႋဳင္းသို႔ ပုံမွန္ပို႔ေဆာင္ေပးခဲ့ေၾကာင္း Shamsuddin မွ ေျပာၾကားခဲ့ပါတယ္ ။

JRose (KB Chimmy one)