ၾကားသိရသမွ်

မီတာခပေးစရာမလိုတဲ့ ပလက်စတစ်ဘူးအဲကွန်း

သုံးစွဲပြီးသားပလပ်စတစ်ဘူးခွံတွေကို ဘာတွေလုပ်လို့ရလဲ❓ ပန်းအိုး❓ ရေသန့်ဘူး❓လေအေးပေးစက်❓

​ကမ္ဘာ့ရာသီဥတုကလည်း ပိုမိုပူနွေးလာတာနဲ့အမျှ လူသားတွေက လျှပ်စစ်စွမ်းအင်ကိုအသုံးပြုပြီး ပန်ကာတွေ၊ လေအေးပေးစက်တွေကို သုံးစွဲလာလာကြပါတယ်။ ဒါပေမဲ့ ဓာတ်အားမလိုပဲအဲကွန်းဖွင့်နိုင်မယ်ဆိုရင်ရော❓

📌ဘင်္ဂလားဒေ့ရှ်နိုင်ငံသား Ashis Paul က Eco-Cooler လို့ခေါ်တဲ့ ပလက်စတစ်ဘူးခွံမှာနဲ့ လေအေးပေးစက်ကို တီထွင်ခဲ့ပါတယ်။ သူဟာ ဒီအကြံကို Physics ဆရာက သူ့သမီးကို ဓာတ်ငွေ့များလာတာနဲ့ အေးတဲ့အကြောင်းကိုရှင်းပြနေတဲ့အချိန်မှာ ကြားပြီးရရှိခဲ့တာဖြစ်ပါတယ်။

Eco-Cooler ကိုဘယ်လိုလုပ်ရတာလဲ❓

💡 ပလက်စတစ်ဘူးခွံတစ်ဝက်ကိုဖြတ်ပြီး အပေါက်ဖောက်ထားတဲ့ ဘုတ်ပြားပေါ် မှာစွပ်ပြီးကပ်ထားရပါမယ်။

💡ပြီးတော့ ဘုတ်ပြားကို ပြတင်းပေါက်မှာတပ်ထားရပါမယ်။ အပေါက်သေးတဲ့ ဘူးအဖုံး ဘက်ခြမ်းကိုတော့ အိမ်ထဲမှာထားရပါမယ်။

ကျယ်တဲ့ဘက်ခြမ်းကို အပြင်မှာထားရပါမယ်။

တကယ်ရော အေးရဲ့လား❓ဘယ်လိုအလုပ်လုပ်တာလဲ❓

-ကျယ်တဲ့ဘက်ကလာတဲ့လေက အပေါက်သေးတဲ့ဘက်ကလေထွက်လာတဲ့အခါ ဖိအားပြောင်းလဲခြင်းကြောင့် အေးတဲ့လေကိုပြန်ထွက်ပါတယ်။

❗️ဥပမာ – လက်ကို ပါးစပ်ဟပြီး လေမှုတ်ထုတ်လိုက်ရင် လေကနွေးနေပါတယ်။ ဒါပေမဲ့ နှုတ်ခမ်းကိုအပေါက်သေးသေးလေးလုပ်ပြီး လေမှုတ်ထုတ်လိုက်တဲ့အခါမှတော့ အေးတဲ့လေကိုရပါတယ်။ အဲ့ဒီသဘောမျိုးပါပဲ။

📌Eco-Cooler က 5 degree Celsius လောက်ကိုလျော့ချပေးနိုင်ပါတယ်။

ဒီလိုမျိုး မီတာခလည်းပေးစရာမလို၊ အလွယ်တကူလည်း ရနိုင်တဲ့ သုံးပြီးသားပလက်စတစ်ဘူးခွံတွေကို DIY Eco-Cooler လေးပြုလုပ်ပြီး ပတ်ဝန်းကျင်ကိုကာကွယ်နိုင်ကြောင်း Ecoromance Team မှ အကြံပေးလိုက်ပါတယ်။💯

———————————

သုံးစြဲၿပီးသားပလပ္စတစ္ဘူးခြံေတြကို ဘာေတြလုပ္လို႔ရလဲ❓ ပန္းအိုး❓ ေရသန႔္ဘူး❓ေလေအးေပးစက္❓

​ကမာၻ႔ရာသီဥတုကလည္း ပိုမိုပူေႏြးလာတာနဲ႔အမွ် လူသားေတြက လွ်ပ္စစ္စြမ္းအင္ကိုအသုံးျပဳၿပီး ပန္ကာေတြ၊ ေလေအးေပးစက္ေတြကို သုံးစြဲလာလာၾကပါတယ္။ ဒါေပမဲ့ ဓာတ္အားမလိုပဲအဲကြန္းဖြင့္ႏိုင္မယ္ဆိုရင္ေရာ❓

📌ဘဂၤလားေဒ့ရွ္ႏိုင္ငံသား Ashis Paul က Eco-Cooler လို႔ေခၚတဲ့ ပလက္စတစ္ဘူးခြံမွာနဲ႔ ေလေအးေပးစက္ကို တီထြင္ခဲ့ပါတယ္။ သူဟာ ဒီအႀကံကို Physics ဆရာက သူ႔သမီးကို ဓာတ္ေငြ႕မ်ားလာတာနဲ႔ ေအးတဲ့အေၾကာင္းကိုရွင္းျပေနတဲ့အခ်ိန္မွာ ၾကားၿပီးရရွိခဲ့တာျဖစ္ပါတယ္။

Eco-Cooler ကိုဘယ္လိုလုပ္ရတာလဲ❓

💡 ပလက္စတစ္ဘူးခြံတစ္ဝက္ကိုျဖတ္ၿပီး အေပါက္ေဖာက္ထားတဲ့ ဘုတ္ျပားေပၚ မွာစြပ္ၿပီးကပ္ထားရပါမယ္။

💡ၿပီးေတာ့ ဘုတ္ျပားကို ျပတင္းေပါက္မွာတပ္ထားရပါမယ္။ အေပါက္ေသးတဲ့ ဘူးအဖုံး ဘက္ျခမ္းကိုေတာ့ အိမ္ထဲမွာထားရပါမယ္။

က်ယ္တဲ့ဘက္ျခမ္းကို အျပင္မွာထားရပါမယ္။

တကယ္ေရာ ေအးရဲ႕လား❓ဘယ္လိုအလုပ္လုပ္တာလဲ❓

-က်ယ္တဲ့ဘက္ကလာတဲ့ေလက အေပါက္ေသးတဲ့ဘက္ကေလထြက္လာတဲ့အခါ ဖိအားေျပာင္းလဲျခင္းေၾကာင့္ ေအးတဲ့ေလကိုျပန္ထြက္ပါတယ္။

❗️ဥပမာ – လက္ကို ပါးစပ္ဟၿပီး ေလမႈတ္ထုတ္လိုက္ရင္ ေလကေႏြးေနပါတယ္။ ဒါေပမဲ့ ႏႈတ္ခမ္းကိုအေပါက္ေသးေသးေလးလုပ္ၿပီး ေလမႈတ္ထုတ္လိုက္တဲ့အခါမွေတာ့ ေအးတဲ့ေလကိုရပါတယ္။ အဲ့ဒီသေဘာမ်ိဳးပါပဲ။

📌Eco-Cooler က 5 degree Celsius ေလာက္ကိုေလ်ာ့ခ်ေပးႏိုင္ပါတယ္။

ဒီလိုမ်ိဳး မီတာခလည္းေပးစရာမလို၊ အလြယ္တကူလည္း ရႏိုင္တဲ့ သုံးၿပီးသားပလက္စတစ္ဘူးခြံေတြကို DIY Eco-Cooler ေလးျပဳလုပ္ၿပီး ပတ္ဝန္းက်င္ကိုကာကြယ္ႏိုင္ေၾကာင္း Ecoromance Team မွ အႀကံေပးလိုက္ပါတယ္။💯