ဘောလိဝုဒ်စတား ရှာရွတ်ခန်းရဲ့ မွေးနေ့လေးကို ဒူဘိုင်းစော်ဘွားများက ကမ္ဘာ့အမြင့်ဆုံး Burj Khalifa မိုးမျှော်အဆောက်အဦးမှာ ဂုဏ်ပြုဖော်ပြပေးခဲ့တဲ့ ရုပ်သံဖိုင်
ကမ္ဘာအကျော်ကြားဆုံး ဘောလိဝုဒ်စတားတစ်ယောက်ဖြစ်တဲ့ မင်းသား ရှာရွတ်ခန်းကတော့ နိုဝင်ဘာ (၂) ရက်နေ့က အသက် (၅၅) နှစ်ပြည့်ခဲ့ပြီး ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့လေးကို ရောက်ရှိခဲ့ပါတယ်။
ရှာရွတ်ခန်းဟာ သာယာပျော်ရွှင်တဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေအပြင် သူနေထိုင်ရာ ဒေလီမြို့မှာ ပရဟိတ ဖောင်ဒေးရှင်းကိုလည်း ဖွင့်လှစ်ထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။
ယမန်နေ့က ကျရောက်ခဲ့တဲ့ ရှာရွတ်ခန်းရဲ့ မွေးနေ့လေးမှာတော့ ချစ်တဲ့ပရိသတ်တွေက ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ကြတာ တွေ့ရပါတယ်။ ဒါ့အပြင် UAE နိုင်ငံက ဒူဘိုင်းရှိ ကမ္ဘာ့အမြင့်ဆုံး Burj Khalifa မိုးမျှော်အဆောက်အဉီးမှာ ဒူဘိုင်းအာဏာပိုင်နဲ့ စော်ဘွားများက ရှာရွတ်ခန်းရဲ့ မွေးနေ့လေးကို ဓာတ်ပုံ၊ နာမည်များဖြင့် ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။
အလားတူ ၂၀၁၉ ခုနှစ် နှင့် ၂၀၂၀ ခုနှစ်တွေကလည်း Burj Khalifa မိုးမျှော်အဆောက်အဉီးမှာ ရှာရွတ်ခန်းရဲ့ မွေးနေ့ကို ဂုဏ်ပြုပေးခဲ့ပြီး ယခုနှစ်ဆိုရင် (၃)ကြိမ်ရှိပြီလို့လည်း သိရပါတယ်။
ရှာရွတ်ခန်းဟာ Burj Khalifa က မွေးနေ့ဆုတောင်းပေးပြီး ဂုဏ်ပြုခံရတာဟာ ကမ္ဘာပေါ်က ပထမဆုံး အနုပညာရှင် တစ်ဦးဖြစ်လာခဲ့ပါတယ်။ မြန်မာပရိသတ်တွေကလည်း အသက် (၅၅) နှစ် ပြည့်သွားပြီဖြစ်တဲ့ ရှာရွတ်ခန်းကို မွေးနေ့ဆုတောင်းစကားတွေ ပြောပေးခဲ့ပါဦး။
Credit
zawgyi
ေဘာလိဝုဒ္စတား ႐ွာ႐ြတ္ခန္းရဲ႕ ေမြးေန႔ေလးကို ဒူဘိုင္းေစာ္ဘြားမ်ားက ကမ႓ာ့အျမင့္ဆုံး Burj Khalifa မိုးေမွ်ာ္အေဆာက္အဦးမွာ ဂုဏ္ျပဳေဖာ္ျပေပးခဲ့တဲ့ ႐ုပ္သံဖိုင္
ကမ႓ာအေက်ာ္ၾကားဆုံး ေဘာလိဝုဒ္စတားတစ္ေယာက္ျဖစ္တဲ့ မင္းသား ႐ွာ႐ြတ္ခန္းကေတာ့ ႏိုဝင္ဘာ (၂) ရက္ေန႔က အသက္ (၅၅) ႏွစ္ျပည့္ခဲ့ၿပီး ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ေမြးေန႔ေလးကို ေရာက္႐ွိခဲ့ပါတယ္။
႐ွာ႐ြတ္ခန္းဟာ သာယာေပ်ာ္႐ႊင္တဲ့ မိသားစုေလးကို ပိုင္ဆိုင္ထားၿပီး အႏုပညာအလုပ္ေတြအျပင္ သူေနထိုင္ရာ ေဒလီၿမိဳ႕မွာ ပရဟိတ ေဖာင္ေဒး႐ွင္းကိုလည္း ဖြင့္လွစ္ထားတဲ့ အႏုပညာ႐ွင္တစ္ေယာက္ပါ။
ယမန္ေန႔က က်ေရာက္ခဲ့တဲ့ ႐ွာ႐ြတ္ခန္းရဲ႕ ေမြးေန႔ေလးမွာေတာ့ ခ်စ္တဲ့ပရိသတ္ေတြက ဆုမြန္ေကာင္းေတြ ေတာင္းေပးခဲ့ၾကတာ ေတြ႕ရပါတယ္။ ဒါ့အျပင္ UAE ႏိုင္ငံက ဒူဘိုင္း႐ွိ ကမ႓ာ့အျမင့္ဆုံး Burj Khalifa မိုးေမွ်ာ္အေဆာက္အဉီးမွာ ဒူဘိုင္းအာဏာပိုင္နဲ႔ ေစာ္ဘြားမ်ားက ႐ွာ႐ြတ္ခန္းရဲ႕ ေမြးေန႔ေလးကို ဓာတ္ပုံ၊ နာမည္မ်ားျဖင့္ ဂုဏ္ျပဳခဲ့တာ ျဖစ္ပါတယ္။
အလားတူ ၂၀၁၉ ခုႏွစ္ ႏွင့္ ၂၀၂၀ ခုႏွစ္ေတြကလည္း Burj Khalifa မိုးေမွ်ာ္အေဆာက္အဉီးမွာ ႐ွာ႐ြတ္ခန္းရဲ႕ ေမြးေန႔ကို ဂုဏ္ျပဳေပးခဲ့ၿပီး ယခုႏွစ္ဆိုရင္ (၃)ႀကိမ္႐ွိၿပီလို႔လည္း သိရပါတယ္။
႐ွာ႐ြတ္ခန္းဟာ Burj Khalifa က ေမြးေန႔ဆုေတာင္းေပးၿပီး ဂုဏ္ျပဳခံရတာဟာ ကမ႓ာေပၚက ပထမဆုံး အႏုပညာ႐ွင္ တစ္ဦးျဖစ္လာခဲ့ပါတယ္။ ျမန္မာပရိသတ္ေတြကလည္း အသက္ (၅၅) ႏွစ္ ျပည့္သြားၿပီျဖစ္တဲ့ ႐ွာ႐ြတ္ခန္းကို ေမြးေန႔ဆုေတာင္းစကားေတြ ေျပာေပးခဲ့ပါဦး။
Credit