ဗဟုသုတ

တွေးခေါ်ပညာရှင် ကွန်ဖြူးရှပ်၏ မှတ်သားဖွယ်ရာ စကားကြီး (၁၀) ခွန်း

ကွန်ဖြူးရှပ်ကို ကမ္ဘာ့အရှေ့ဘက်ခြမ်းရဲ့ အတော်ဆုံးတွေးခေါ်ပညာရှင်အဖြစ်လူတွေက အသိအမှတ်ပြုထားကြပါတယ်။ တွေးခေါ်ပညာရှင် ကွန်ဖြူးရှပ်က လူတွေကိုလူမှုဆက်ဆံရေး၊ တရားမျှတမှုနဲ့ ရိုးသားမှုစည်းမျဉ်းတွေကိုသင်ကြားပေးခဲ့တယ်။

ဒီနေ့ ဖော်ပြပေးမယ့်အကြောင်းအရာကတော့ ကွန်ဖြူးရှပ်ရဲ့ မှတ်သားဖွယ်ရာ စကားကြီး (၁၀) ခွန်းပါပဲ။

၁. သင် ဘယ်လောက်ပဲနှေးနှေးသွားနေပါစေ ကိစ္စမရှိဘူး။ ရပ်တန့်မသွားဖို့က အရေးကြီးပါတယ်။

 

Source: Goodnet.org

၂. အောင်မြင်မှုဆိုတာ ဘယ်တော့မှမကျဆုံးခြင်းကို ဆိုလိုတာမဟုတ်ဘူး။ ကျဆုံးတိုင်း ပြန်ထနိုင်တာကို ဆိုလိုတာပါ။

၃. ဒေါသထွက်လာတဲ့အချိန်မှာ အကျိုးဆက်ကိုစဉ်းစားပါ။

၄. မင်းကလူတွေကို မုန်းနေတယ်ဆိုရင် အဲ့လူတွေကမင်းကိုအနိူင်ယူသွားပါလိမ့်မယ်။

Source: SBS

၅. တော်တဲ့သူတွေက သူတို့ကိုယ်သူတို့ ရှာဖွေကြတယ်။ ညံ့တဲ့သူတွေက တခြားလူတွေကို ရှာဖွေတတ်ကြတယ်။

၆. ဘာပဲလုပ်လုပ် စိတ်နှလုံးကို နှစ်ပြီးလုပ်ပါ။

၇. သူတို့ကမင်းရဲ့နောက်ကွယ်မှာမင်းကိုတံတွေးထွေးတယ်ဆိုရင် မင်းကသူတို့ထက်သာနေတယ်ဆိုတာကို ပြနေတာပဲ။

၈. ငါကြားတယ် ငါမေ့သွားတယ်။ ငါမြင်တယ် ငါမှတ်မိတယ်။ ငါလုပ်တယ် ငါနားလည်တယ်။

Source: Addicted 2 Success

၉. ဘဝကြီးက အင်မတန်ရိုးရှင်းပါတယ်။ လူတွေကသာ ရှုပ်ထွေးအောင်လုပ်နေတာပါ။

၁၀. အရာရာတိုင်းမှာ အလှကိုယ်စီရှိကြတယ်။ ဒါပေမယ့်လူတိုင်းက ဒါကိုမမြင်နိူင်ကြဘူး။